Lifestyle: ဘယ်လောက်ပဲလမ်းကြမ်းကြမ်း အခက်အခဲမရှိ ဖြတ်သန်းနိုင်မယ့် BMW ရဲ့ xDrive မောင်းနှင်စနစ်

အခြေအနေနဲ့လိုက်လျောညီထွေချိန်ညှိနိုင်တဲ့ BMW xDrive လေးဘီးမောင်းစနစ်ဟာ အကြမ်းတမ်း၊ အခက်အခဲဆုံး လမ်းတွေမှာတောင် လမ်းမျက်နှာပြင်အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိပေးနိုင်တာကြောင့် အချိန်တိုင်းဘီးကုပ်အား အကောင်းဆုံး အနေအထားနဲ့ ဖြတ်သန်းမောင်းနှင်နိုင်ပါတယ်။

play

xDrive နဲ့ Dynamic Stability Control (DSC) တို့ရဲ့စွမ်းအားကြောင့် ကားဟာ လမ်းပေါ်မှာ ဦးတည်ချက်မှန်မှန်နဲ့ မောင်းနှင်နိုင်မှာပါ။ xDrive စနစ်ဟာ အမြင့်ဆုံးကုပ်အားရရှိဖို့အတွက် မောင်းနှင်အားကို ဝင်ရိုးနှစ်ခုဆီကို အခြေအနေနဲ့လိုက်လျောညီထွေဖြစ်အောင် ဖြန့်ဝေပေးနိုင်တာကြောင့် လေးဘီးမောင်းစနစ်ရဲ့ အကျိုးကျေးဇူးတွေ ကိုရရှိနိုင်သလို တစ်ချိန်တည်းမှာ ကားရဲ့ဦးတည်ချက်တည်ငြိမ်မှု၊ ဘီးကုပ်အား ကောင်းကောင်းနဲ့  လုံခြုံဘေးကင်းမှုတို့ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

play

ကြမ်းတမ်းတဲ့လမ်းတွေကို ဖြတ်သန်းမောင်းနှင်တဲ့အချိန်မှာ ယာဉ်မောင်းနှင်သူဟာ လမ်းကြောင်းမောင်းနှင်မှုနဲ့ဆိုင်တဲ့ အချက်အလက်တွေကို Instrument Panel နဲ့ Control Display တို့ကနေတစ်ဆင့် ရရှိနေဦးမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကားရဲ့ ဦးတည်ရာကို သိရှိနေနိုင်မယ့် သံလိုက်အိမ်မြှောင်၊ လောင်ဂျီကျု၊ ဖြတ်သန်းရမယ့် ချိုင့်ခွက်တွေ၊ ဆင်ခြေလျှောတွေရဲ့ အနေအထားကိုလည်း ကိန်းဂဏန်းတွေနဲ့တင်မကဘဲ 3D ပုံရိပ်တွေနဲ့ပါပြသပေးသွားမှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream

ကြည့်ရှုသူ အများဆုံး