AD
AD
AD
play

 

အမျိုးသမီးဝတ် အတွင်းခံဘောင်းဘီဒီဇိုင်းတွေထဲမှာ ရှီဘူးလောက် ပေါ့ပါးတဲ့အတွင်းခံ ရှိမယ်မထင်ပါဘူး။ ရှီဘူး (Shibue)ဟာ နောက်ဆုံးပေါ် ဒီဇိုင်းလည်း ဖြစ်ပါတယ်။

play

 

G-string နဲ့ C-string တို့လို ကြိုးတစ်ချောင်း ဒီဇိုင်းတွေကို မေ့လိုက်ပြီး ပေါ့ပါးလွတ်လပ်လွန်းတဲ့ ရှီဘူးအတွင်းခံကို အမျိုးသမီးတစ်ဦးက ဖန်တီးလိုက်တာပါ။ SHIBUE Couture ကုမ္ပဏီတည်ထောင်သူ ဂျန်နီ ဘတ္တနာက သူမရဲ့ မျိုးရိုးနာမည် Shipley နဲ့ အိမ်ထောင်ကျပြီးနောက် ခင်ပွန်းရဲ့အမည် Buttner တို့ကို ပေါင်းစပ်ကာ ရှီဘူး (Shibue) လို့ အမည်ပေးခဲ့တယ်လို့ ဆိုပါတယ်။

play

 

ရှီဘူး အတွင်းခံဘောင်းဘီဟာ အမျိုးသမီးတစ်ဦးရဲ့ အဓိကကျဆုံး အစိတ်အပိုင်းလေးကိုသာ ဖုံးကွယ်ပေးထားပြီး တင်ပါးနောက်မှာ အသည်းပုံလေးနဲ့ အလှဆင်ထားတာပါ။ ကြိုးတွေလည်းမပါ၊ မာကျောတဲ့အစိတ်အပိုင်းတွေလည်း မပါတဲ့ ရှီဘူးအတွင်းခံဘောင်းဘီဟာ တကယ့်ကို ပျော့ပျောင်းလွန်းပါတယ်။

play

 

လူတွေကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ C - string အတွင်းခံတုန်းကတော့ မာကျောတဲ့ ပလတ်စတစ်ကို ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။

play

play

 

ရှီဘူး အတွင်းခံကို ဝတ်ဆင်ဖို့အတွက် ရှီဘူးရဲ့အရှေ့ဘက် (အမျိုးသမီးအင်္ဂါဇာတ်)အပေါ် နေရာလေးမှာ ကပ်ခွာကော်တစ်မျိုးကို ထည့်ပေးထားမှာပါ။ ယင်းကော်ပါတဲ့ အပိုင်းနဲ့ အရှေ့ဘက်ကိုကပ်ပြီး ရှီဘူးအတွင်းခံကို ဝတ်ဆင်နိုင်ပါတယ်။

Source : Daily Mail

ရှီဘူးအကြောင်း ရှင်းပြထားသော ဗီဒီယို

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD