Lifestyle: ငွေဖြည့်ကုဒ်ဖြည့်စရာမလိုဘဲအချိန်မရွေး၊နေရာမရွေး ဖုန်းဘေလ်အလွယ်တကူ ဖြည့်နိုင်မယ့် CB Direct Top-Up အကြောင်း

, updated

CB Direct Top-Up ဆိုတာကတော့ ဖုန်းဘေလ်ဖြည့်ဖို့အတွက် ငွေဖြည့်ကုဒ်နံပါတ်မလိုဘဲ MPT ၊ Telenor ၊ Ooredoo ဘယ်ဖုန်းကိုမဆို ရွေးချယ်စရာဖုန်းဘေလ်ပမာဏ ၄ မျိုးထဲကစိတ်ကြိုက်ရွေးချယ်ပြီး အချိန်မရွေး၊နေရာမရွေးငွေဖြည့်နိုင်တဲ့ CB Bank ရဲ့ Mobile Banking ဝန်ဆောင်မှုတစ်မျိုးပဲ ဖြစ်ပါတယ်။

 

play

 

CB Direct Top-Up ဆိုတာကတော့ ဖုန်းဘေလ်ဖြည့်ဖို့အတွက် ငွေဖြည့်ကုဒ်နံပါတ်မလိုဘဲ MPT ၊ Telenor ၊ Ooredoo ဘယ်ဖုန်းကို မဆို ရွေးချယ်စရာဖုန်းဘေလ်ပမာဏ ၄ မျိုးထဲကစိတ်ကြိုက်ရွေးချယ်ပြီး အချိန်မရွေး၊နေရာမရွေးငွေဖြည့်နိုင်တဲ့ CB Bank ရဲ့ Mobile Banking ဝန်ဆောင်မှုတစ်မျိုးပဲ ဖြစ်ပါတယ်။

တစ်နေ့ကို ၂၄ နာရီ၊ တစ်ပတ်ကို ၇ ရက်လုံးအသုံးပြုနိုင်တဲ့ CB Direct Top-Up ဝန်ဆောင်မှုကို ရယူလိုတယ်ဆိုရင် CB Bank ဘဏ်စာရင်းရှိပြီးသားလူတွေအနေနဲ့ နီးစပ်ရာ CB bank ဘဏ်ခွဲအားလုံးမှာ Mobile Banking ဝန်ဆောင်မှုကို အခမဲ့လျှောက်ထား ရယူနိုင်ပါတယ်။ CB Bank ဘဏ်စာရင်းမရှိသေးတဲ့သူဆိုရင် မှတ်ပုံတင် နဲ့ ကနဦးစာရင်းဖွင့်ငွေ ၁၀၀၀ ကျပ်ရှိရုံနဲ့ eSavings Account + MPU Card + Mobile Banking တို့ပါဝင်တဲ့ ဘဏ်စာရင်း Package ကို CB Bank ရုံးချုပ်နဲ့ နီးစပ်ရာ ဘဏ်ခွဲတွေမှာ အလွယ်တကူ အခမဲ့ဖွင့်လှစ်ပြီး အဲဒီနောက်မှာ Mobile Banking ဝန်ဆောင်မှုကို အခမဲ့ဆက်လက် လျှောက်ထားနိုင်မှာပဲ ဖြစ်ပါတယ်။

Mobile Banking ဝန်ဆောင်မှုကိုလျှောက်ထားတဲ့အခါမှာ ချက်ချင်း ရရှိမှာဖြစ်ပြီး အချိန်စောင့်ဆိုင်းစရာလည်း မလိုပါဘူး။ CB Bank Mobile Banking ဝန်ဆောင်မှုရဲ့ Direct Top-Up ကိုအသုံးပြုခြင်းဖြင့် -

- ငွေဖြည့်လိုတဲ့ပမာဏကိုရွေးချယ်ပြီး ငွေဖြည့်လိုတဲ့ဖုန်းနံပါတ်ကိုသာရိုက်ထည့်ရတဲ့အတွက် ငွေဖြည့်ကုဒ်နံပါတ်ကို ဖြည့်စရာမလိုတာကြောင့် အချိန်ကုန်သက်သာပြီး Error ဖြစ်နိုင်ချေနည်းပါးခြင်း

- ငွေဖြည့်တဲ့ပမာဏကိုလည်း ၁၀၀၀ ကျပ်၊ ၃၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်ဆိုပြီး ကိုယ်လိုအပ်တဲ့ပမာဏကို စိတ်ကြိုက်ရွေးချယ်ဖြည့်သွင်းနိုင်ခြင်း

- MPT ၊ Mec-Tel နဲ့ Telenor ဖုန်းနံပါတ်တွေကိုဘေလ်ဖြည့်ရင် ကိုယ်ဖြည့်တဲ့ပမာဏအပေါ်ကနေ ၂ ရာခိုင်နှုန်း Discount ရရှိနိုင်ခြင်း - Android နဲ့ iOS နှစ်မျိုးစလုံးမှာ အဆင်ပြေပြေအသုံးပြုနိုင်ခြင်း

- Handset အသစ်ပြောင်းကိုင်တဲ့အခါမှာလည်း လူကိုယ်တိုင် CB ဘဏ်ခွဲတစ်ခုခုကို သွားရောက်ပြီးတော့ activate လုပ်နိုင်သလို၊ လူကိုယ်တိုင်မသွားနိုင်ရင်လည်း ဖုန်းဆက်ပြီးတော့ ကိုယ့်ရဲ့မှတ်ပုံတင်နံပါတ်၊ အကောင့်နံပါတ်၊ ဒါမှမဟုတ် ကတ်နံပါတ် ၊ ဖုန်းနံပါတ် နဲ့ ငွေလက်ကျန်ပမာဏတို့ကိုပြောပြပြီး activation code တောင်းယူကာကိုယ်တိုင် activate လုပ်နိုင်ခြင်း ဆိုတဲ့အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

CB Bank ရဲ့ Mobile Banking ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေထပ်မံသိရှိလိုပါက CB Bank ရဲ့ website - http://www.cbbank.com.mm/ နဲ့ Official Facebook page - https://www.facebook.com/CBBankmyanmar/?fref=ts တို့မှာ ၀င်ရောက်ကြည်ရှုနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ