Lifestyle: ကနဦးပေးငွေ အနည်းငယ်ပေးသွင်းခြင်းဖြင့် မိမိတို့ ဝယ်ယူလိုသော ပစ္စည်းများကို CB BANK ၏ (Hire Purchase) ဖြင့်ဝယ်ယူနိုင်မည့်အကြောင်း

ဒီနေ့ခေတ်မှာဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ပြန်လည်တိုးတက်လာခြင်းနှင့်အတူ ပုံမှန်ဝင်ငွေရှိသူတွေအနေနဲ့ တန်ဖိုးကြီးမားတဲ့ပစ္စည်းတွေကို ငွေတစ်လုံးတစ်ခဲတည်းသုံးစရာမလိုဘဲ လစဉ်အရစ်ကျပေးချေမှုစနစ်နဲ့ ဝယ်ယူဖို့ အခွင့်အလမ်းတွေရှိနေပြီဖြစ်ပါတယ်။

play

 

ဒီနေ့ခေတ်မှာဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ပြန်လည်တိုးတက်လာခြင်းနှင့်အတူ ပုံမှန်ဝင်ငွေရှိသူတွေအနေနဲ့ တန်ဖိုးကြီးမားတဲ့ပစ္စည်းတွေကို ငွေတစ်လုံးတစ်ခဲတည်းသုံးစရာမလိုဘဲ လစဉ်အရစ်ကျပေးချေမှုစနစ်နဲ့ ဝယ်ယူဖို့ အခွင့်အလမ်းတွေရှိနေပြီဖြစ်ပါတယ်။

အငှားဝယ်စနစ်(Hire Purchase) ဆိုတာက ၀ယ်ယူလိုတဲ့ကုန်ပစ္စည်း( ဥပမာ - မော်တော်ယာဉ်၊ လက်ကိုင်ဖုန်း၊ Electronics ပစ္စည်းများ၊လယ်ယာသုံးပစ္စည်းများ၊စက်ပစ္စည်းများ)ရဲ့ တန်ဖိုးအပေါ်တွင်ကနဦးပေးသွင်းရမယ့်ငွေပမာဏကို customer ကငွေကြိုတင်ပေးသွင်းရပြီး ကျန်ငွေအားဘဏ်က စိုက်ထုတ်ပေးချေဆောင်ရွက်ပေးထားတဲ့ ချေးငွေပုံစံဖြစ်ပါတယ်။ အဲဒီလို ဘဏ်ကစိုက်ထုတ်ပေးထားတဲ့ငွေကို သတ်မှတ်ကာလအတွင်းမှာ customer ကလစဉ်အရစ်ကျဖြင့်အတိုးနှင့်ဘဏ်ချေးငွေအားပြန်လည်ပေးဆပ်ရမှာပါ ။ အဲဒီလို ဘဏ်ကစိုက်ထုတ်ပေးထားပြီးနောက်မှာလစဉ် အရစ်ကျပြန်ပေးသွင်းရတဲ့ စနစ်ကြောင့် ဝယ်ယူသူအနေနဲ့ ကိုယ့်ရဲ့ငွေကို တစ်လုံးတစ်ခဲတည်းအသုံးပြုဖို့မလိုတော့ဘဲ သတ်မှတ်ထားသောပမာဏ အတိုင်းအရစ်ကျသာပေး ချေရတော့မှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ဝင်ငွေထွက်ငွေကို စနစ်တကျစီမံခန့်ခွဲနိုင်မယ့် အခွင့်အရေးကောင်းတွေရရှိနိုင် မှာဖြစ်ပါတယ်။

လစဉ်အငှားဝယ်အရစ်ကျစနစ်နဲ့ ဝယ်ယူမယ့် customer အနေနဲ့ ဘဏ်မှ လက်ခံယုံကြည်ရတဲ့ လူပုဂ္ဂိုလ်က အာမခံစာချုပ်တွေမှာလက်မှတ်ရေးထိုး အာမခံပေးဖို့တော့ လိုအပ်မှာဖြစ်ပြီး(လိုအပ်ပါက)၀ယ်ယူတဲ့ ပစ္စည်းတန်ဖိုးအတွက် လုံလောက်တဲ့အာမခံ/ ပိုင်ဆိုင်မှုကို ဘဏ်မှာပေးအပ်ထားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင်အရစ်ကျပေးသွင်းရမယ့်ငွေကိုသတ်မှတ်တဲ့နေ့မှာပေးသွင်းဖို့ပျက်ကွက်ခဲ့ရင် နောက်ကျကြေးပေးဆောင်ရမှာကို လည်းသတိပြုရမှာ ဖြစ်ပါတယ်။ အဌားဝယ်စနစ်နဲ့ customer တွေကို ကုန်ပစ္စည်းရောင်းချလိုတဲ့လုပ်ငန်းရှင်တွေ အနေနဲ့တော့ဘဏ်နဲ့နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုပြီး လုပ်ငန်းလုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာအငှားဝယ်စနစ် (hire purchase) ဝန်ဆောင်မှုပေးနေတဲ့ ဘဏ်တွေထဲမှာ CB ဘဏ်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ပုံမှန်ဝင်ငွေရှိသူတိုင်း ဘဝနေထိုင်မှုလိုအပ်ချက်တွေ ရရှိပိုင်ဆိုင်နိုင်စေရေးအထောက်အပံ့ဖြစ် စေရန် ရည်ရွယ်ပြီးဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

CB Bank ရဲ့ အငှားဝယ်စနစ်ကိုရယူပြီး Customer တွေအနေနဲ့( ဥပမာ- မော်တော်ယာဉ်၊လက်ကိုင်ဖုန်း၊ Electronics ပစ္စည်းများစက်ပစ္စည်းများ၊လယ်ယာသုံးပစ္စည်းများ၊စက်ပစ္စည်းများ) စတာတွေကို ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ CB Bank ရဲ့အငှားဝယ်စနစ်(Hire Purchase)နဲ့  ဝယ်ယူတဲ့ Customer တွေအနေနဲ့ ကိုယ်ဝယ်ယူတဲ့ပစ္စည်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို ကနဦးပေးငွေအနေနဲ့ ဘဏ်ကိုပေးသွင်းရမှာဖြစ်ပြီး ကျန် (၇၀ ရာခိုင်နှုန်း)ကို ဘဏ်သို့  လစဉ်အရစ်ကျစနစ်နဲ့ ပေးသွင်းရမှာပါ။ အဲဒီလို အရစ်ကျ ပေးသွင်းစဉ်ကာလအတွင်း ငှားရမ်းခအဖြစ် ဘဏ်မှစိုက်ထုတ်ပေးရမယ့်ချေး ငွေအပေါ်တွင် (၉ ရာခိုင်နှုန်း) Flat ဖြင့်အတိုးအားတွက်ချက်မှာဖြစ်ပြီးဝန်ဆောင်ခ အဖြစ် ပစ္စည်းတန်ဖိုးအပေါ်မှာ တစ်နှစ်လျှင်(၁ ရာခိုင်နှုန်း)ဖြင့်ဘဏ်ကို ပေးဆောင်ဖို့တော့လိုအပ်မှာဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ဘဝနေထိုင်မှုအတွက် လိုအပ်ချက်နဲ့လိုအင်ဆန္ဒတွေကို ကူညီ ဖြည့်ဆည်းပေးနိုင်ဖို့ CB Bank ရဲ့ အငှားဝယ်စနစ်ကအသင့်ရှိနေတယ်လို့လည်း CB Bankကပြောကြားထားပါတယ်။

အသေးစိတ်အချက်အလက်တွေထပ်မံသိရှိလိုပါက CB Bank ရဲ့ website - http://www.cbbank.com.mm/ နဲ့ Official Facebook page - https://www.facebook.com/CBBankmyanmar/?fref=ts တို့မှာဝင်ရောက်ကြည်ရှု့နိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ