Lifestyle: နိုင်ငံပေါင်း ၂၀၀ကျော်တွင်အသုံးပြုနိုင်သည့် CB Mastercard Credit Card ၀န်ဆောင်မှုကို မြန်မာနိုင်ငံ၌ ပထမဆုံးစတင်

CB Bank နှင့် Mastercard တို့ပူးပေါင်းပြီး နိုင်ငံပေါင်း ၂၀၀ကျော်မှာအသုံးပြုနိုင်တဲ့ CB Mastercard Credit Card ကိုမိတ်ဆက်လိုက်ပါတယ်။

play

 

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂ရက်နေ့က ရန်ကုန်မြို့ရှိ CB Bank ရုံးချုပ်မှာ CB Bank နှင့် Mastercard တို့ပူးပေါင်းပြီး နိုင်ငံပေါင်း ၂၀၀ကျော်မှာအသုံးပြုနိုင်တဲ့ CB Mastercard Credit Card မိတ်ဆက်ခြင်းအခမ်းအနားကိုကျင်းပသွားခဲ့ပါတယ်။

အဆိုပါ CB mastercard Credit Card မိတ်ဆက်ခြင်းအခမ်းအနားကို CB Bank ရဲ့ Executive Vice Chairman & CEO ဦးကျော်လင်း နဲ့တာဝန်ရှိ ပုဂ္ဂ္ဂိုလ်တွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ နဲ့ သတင်းမီဒီယာတွေ တက်ရောက်ခဲ့ကြပြီး သတင်းမီဒီယာတွေကမေးမြန်းတာတွေကိုပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

CB Mastercard Credit Card ကို အသက်(၂၁)နှစ်ပြည့်ပြီးသူတိုင်း CB Bank ရုံးချုပ်နဲ့နီးစပ်ရာ ဘဏ်ခွဲတွေမှာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

play

 

သုံးစွဲသူတွေစိတ်ကြိုက်ရွေးချယ်နိုင်စေရန်အတွက်ရည်ရွယ်ပြီး Credit Limit အလိုက် Classic Card, Gold Card နဲ့ Platinum Card ဟူ၍ CB mastercard Credit Card ကို အမျိုးအစား (၃) မျိုးထုတ်ဝေ ထားတယ်လို့ CB Bank ကဆိုပါတယ်။

Classic Card အတွက် အကြွေးဝယ်ယူခွင့် Limit ကို ကျပ် ၅၀၀,၀၀၀ မှ ကျပ် ၁,၀၀၀,၀၀၀ အထိ လည်း ကောင်း၊ Gold Card အတွက် အကြွေးဝယ်ယူခွင့် Limit ကို ကျပ် ၁,၀၀၀,၀၀၀ မှ ကျပ် ၄,၀၀၀,၀၀၀ မှ ကျပ် အထိအသုံးပြုနိုင်ပြီး Platinum Card အတွက် အကြွေးဝယ်ယူခွင့်ကတ် အတွက်အကြွးဝယ်ယူခွင့် Limit ကို ကျပ် ၄,၀၀၀,၀၀၀ မှ ကျပ် ၅,၀၀၀,၀၀၀ အထိ အသုံးပြုနိုင်ရန် ခွင့်ပြုပေးထားတာကိုတွေ့ရပါတယ်။

CB Mastercard Credit Card ကနေတစ်ဆင့် သုံးစွဲတဲ့ ငွေပမာဏအတွက် အတိုးကင်းလွတ်ခွင့် ကာလမှာ အနည်းဆုံး(၁၅)ရက်မှ အများဆုံး(၄၅)ရက်အထိ ရရှိမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် CB Mastercard Credit Card ဟာနိုင်ငံတကာ အဆင့်မီ အကြွေးဝယ်ကတ် ဖြစ်တာကြောင့် Credit Card Discount တွေကို အကျိုးခံစားခွင့်ရရှိဦးမှာ ဖြစ်ပါတယ်။ CB Mastercard Credit Card တစ်ခုကိုင်ဆောင်ထားခြင်းဖြင့် လူကြီးမင်းတို့ရဲ့ငွေပေးချေမှု ဆိုင်ရာကိစ္စရပ်တွေကို ကမ္ဘာအနှံ့ မှာ လွယ်ကူစွာမြန်ဆန်စွာနဲ့ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်မယ်လို့လည်း CB Bank ကကြေညာထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး