Lifestyle: CB mastercard Credit Card တစ်ခုနဲ့ကမ္ဘာပတ်လို့ရပြီ

နိုင်ငံပေါင်း ၂၀၀ကျော်မှာရှိတဲ့ shopping center ၊ ဟိုတယ် ၊ ဂေါက်ကွင်း၊ စားသောက်ဆိုင်၊ ဆေးရုံ ၊ Spa စတဲ့နေရာတွေမှာ ငွေပေးချေမှုကို ကတ်တစ်ခုတည်းနဲ့ လွယ်ကူစွာဆောင်ရွက်နိုင်တဲ့အပြင် mastercard Credit Card အတွက်ကမ္ဘာ့အဆင့်မီ ခံစားခွင့်အစီအစဉ်တွေ၊ သက်ဆိုင်ရာ ဆိုင်တွေရဲ့ အခွင့်ထူး ရမှတ်တွေကိုလည်းရရှိ မှာဖြစ်ပါတယ်။

 

play

 

နိုင်ငံရဲ့ ပွင့်လင်းတိုး တက်မြန်ဆန်လာတဲ့ စီးပွားရေးအခွင့်အလမ်းတွေနဲ့အတူ mastercard Credit Card အသုံးပြုလိုသူ လူကြီးမင်းများကိုဆန်းသစ်တဲ့ဝန်ဆောင်မှုတွေနဲ့ စောင့်ကြိုလျက်ရှိပါတယ်။ နိုင်ငံပေါင်း ၂၀၀ကျော်မှာရှိတဲ့ shopping center ၊ ဟိုတယ် ၊ ဂေါက်ကွင်း၊ စားသောက်ဆိုင်၊ ဆေးရုံ ၊ Spa စတဲ့နေရာတွေမှာ ငွေပေးချေမှုကို ကတ်တစ်ခုတည်းနဲ့ လွယ်ကူစွာဆောင်ရွက်နိုင်တဲ့အပြင် mastercard Credit Card အတွက်ကမ္ဘာ့အဆင့်မီခံစားခွင့်အစီအစဉ်တွေ၊ သက်ဆိုင်ရာ ဆိုင်တွေရဲ့ အခွင့်ထူး ရမှတ်တွေကိုလည်းရရှိ မှာဖြစ်ပါတယ်။ mastercard Credit Card ကို mastercard အမှတ်တံဆိပ်ပါတဲ့ POS စက်တွေမှာအသုံးပြုရင် ၀န်ဆောင်ခပေးဆောင်ရန်မလိုတဲ့အပြင် Online မှတစ်ဆင့်ဝန်ဆောင်မှုအခမဲ့နဲ့ ဈေးဝယ်ယူနိုင်မယ့် အခွင့်အရေးတွေက လူကြီးမင်းတို့ရဲ့ လက်တစ်ကမ်းမှာ အသင့်စောင့်ဆိုင်းနေပါတယ်။

CB mastercard Credit Card တစ်ခုကိုင်ဆောင်ယုံနဲ့ လူကြီးမင်းတို့ရဲ့ ငွေပေးချေမှုဆိုင်ရာကိစ္စရပ်တွေ ကိုကမ္ဘာအနှံ့ မှာလွယ်ကူစွာမြန်ဆန်စွာနဲ့ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အကြွေးဝယ်ကတ် အသုံးပြုသူလူကြီးတွေအနေနဲ့ မိမိသုံးစွဲခဲ့တဲ့ငွေပမာဏကို စတင်အသုံးပြုသည့်နေ့ကစပြီး အနည်းဆုံး (၁၅)ရက်ကနေ အများဆုံး(၄၅)ရက်အထိ CB Bank ကအတိုးကင်းလွတ်စွာအသုံးပြုခွင့်ပေးထားပါတယ်။ CB mastercard Credit Card ကိုအသက် ၂၁နှစ်ပြည့်ပြီးပုံမှန်ဝင်ငွေပြနိုင်တဲ့ မည်သူမဆို CB Bank ရုံးချုပ်နဲ့ဘဏ်ခွဲအားလုံးမှာ လျှောက်ထားခွင့်ရှိပါတယ်။ CB mastercard Credit Card ကို Classic Card, Gold Card, Platinum Card ဆိုပြီး Credit Limit အမျိုးအစားအလိုက် သုံးမျိုးသတ်မှတ်ထုတ်ဝေထားပါတယ်။ Classic Card အတွက်အကြွေးဝယ်ယူခွင့်ကို ကျပ် ၅၀၀,၀၀၀ မှ ကျပ် ၁,၀၀၀,၀၀၀ အထိ လည်းကောင်း၊ Gold Card အတွက်အကြွေးဝယ်ယူခွင့်ကို ကျပ် ၁,၀၀၀,၀၀၀ မှ ကျပ် ၄,၀၀၀,၀၀၀ အထိလည်းကောင်း သတ်မှတ်ပေးထားပြီး Platinum Card အကြွေးဝယ်ယူခွင့်ကတော့ ကျပ် ၄,၀၀၀,၀၀၀ မှ ကျပ် ၅,၀၀၀,၀၀၀ အထိ အသုံးပြုခွင့်ပေးထားပါတယ်။ နိုင်ငံတကာ အဆင့်မီ အကြွေးဝယ်ကတ်ဖြစ်တာကြောင့် Credit Card discount များကိုလည်းခံစားပိုင်ဆိုင်နိုင် မှာဖြစ်ပါတယ်။

ဒါကြောင့် CB mastercard Credit Card ကိုရယူပြီး လူကြီးမင်းနဲ့အတူ ကမ္ဘာအနှံ့တွင်သွားရောက်လည်ပတ်လေ့လာရင်း တန်ဖိုးရှိလှတဲ့ တွေ့ကြုံခံစားမှုအသစ်တွေကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များကို CB bank ရဲ့ official facebook page https://www.facebook.com/CBBankmyanmar/posts/1225660217477300:0 မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ