play

 

CGI ချေးငွေလို့အတိုကောက်ခေါ်တဲ့ Credit Guarantee Insurance ဆိုတာစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့အတွက် အာမခံပစ္စည်းမလိုဘဲ ဘဏ်ကနေလွယ်ကူစွာချေးယူနိုင်တဲ့ ဘဏ်ချေးငွေအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ ဘဏ်ချေးငွေရယူခြင်းဖြင့် စီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ လုပ်ငန်းတိုးချဲ့ဖို့၊ ကုန်ပစ္စည်း အမြောက်အများထုတ်လုပ်ဖို့နဲ့ ကုန်စည်စီးဆင်းမှုပိုမိုလွယ်ကူလျှင်မြန်စေဖို့အတွက်များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။

တခြားဘဏ်ချေးငွေအမျိုးအစားအတော်များများဟာ ကိုယ်ရယူလိုတဲ့ချေးငွေပမာဏအတွက် လုံလောက်တဲ့ အာမခံပစ္စည်းတစ်မျိုးမျိုးထားနိုင်မှသာ ရယူနိုင်မှာဖြစ်ပေမယ့် CGI ချေးငွေကတော့ အဲဒီလိုအာမခံပစ္စည်းထားဖို့ မလိုတဲ့အတွက် လုပ်ငန်းရှင်တွေအတွက် အထူးအထောက်အကူပြုတဲ့ဘဏ်ချေးငွေအမျိုးအစား ဖြစ်ပါတယ်။

ဘဏ်တွေအနေနဲ့ အသေးစားနဲ့အလတ်စားလုပ်ငန်းတွေအတွက် အဓိကရည်ရွယ်ပြီး CGI ချေးငွေကိုထုတ်ချေးလျှက် ရှိကာ ကာလတိုချေးငွေအဖြစ်နဲ့ ချေးငွေသက်တမ်းကို ၁ နှစ်သတ်မှတ်ထားလေ့ရှိပါတယ်။

CB Bank မှာကတော့ အသေးစားနဲ့အလတ်စားလုပ်ငန်းရှင်တွေအတွက် အဓိကထားပြီး Credit Guarantee Insurance ချေးငွေကို အာမခံပစ္စည်းမလိုဘဲ ငွေကျပ်သိန်း ၂၀၀ ထိထုတ်ချေးပေးလျှက်ရှိတယ်လို့ သိရပါတယ်။

CB Bank CGI ချေးငွေကိုရယူဖို့အတွက် လုပ်ငန်းသက်တမ်း ၂ နှစ်ရှိကာ ကောင်းမွန်ခိုင်မာတဲ့အနာဂတ်လုပ်ငန်းအစီအစဉ် တွေချပြနိုင်ဖို့တော့လိုအပ်မှာ ဖြစ်ပါတယ်။ CB Bank ဟာ CGI ချေးငွေကို နိုင်ငံသားပိုင်လုပ်ငန်းတွေအတွက်သာ ရည်ရွယ်ပြီးထုတ်ချေးပေးနေတာဖြစ်ပြီး အတိုးနှုန်းကတော့ ရယူတဲ့ချေးငွေပမာဏပေါ်ကနေ တစ်နှစ်ကို ၁၃ ရာခိုင်နှုန်းဖြစ်ပါတယ်။

CB Bank CGI ချေးငွေကို CB Bank ရဲ့ SME(အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်း) ဖွံ့ဖြိုးရေးဌာနနဲ့ မြန်မာ့အာမခံ လုပ်ငန်းတို့ချိတ်ဆက်အတည်ပြုပြီး ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် ဝန်ဆောင်မှုပေးအပ်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

CB Bank CGI ချေးငွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေထပ်မံသိရှိလိုပါက CB Bank ရဲ့ website -

http://www.cbbank.com.mm/

နဲ့ Official Facebook page -

https://www.facebook.com/CBBankmyanmar/?fref=ts

တို့မှာ ၀င်ရောက်ကြည်ရှု့နိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video