Lifestyle: “Champion the Match” ကံထူးရှင် (၂) ဦးနဲ့ တွေ့ဆုံမေးမြန်းခြင်း

, updated

Heineken® ဟာ အဆိုပါ Champion the Match အစီစဉ်ကို ယခုနှစ် မတ်လကတည်းက စတင် ကျင်းပခဲ့တာဖြစ်ပြီး၊ ပွဲနဲ့ပတ်သက်တဲ့ အချက်အလက်များကို Bar များ၊ စားသောက်ဆိုင်များ၊ ဈေးဝယ်စင်တာများမှာပါ ဘောလုံး ချစ်မြတ်နိုးသူတွေ သိရှိအောင် စီစဉ်ပေးခဲ့ပါတယ်။

ကမ္ဘာ့နာမည်ကြီး ဥရောပတွင်အကြီးဆုံးပြိုင်ပွဲကြီးဖြစ်တဲ့ UEFA Champions League ရဲ့ official စပွန်ဆာဖြစ်သလို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာပါ ဘောလုံးချစ်ပရိသတ်တွေကို စိတ်လှုပ်ရှားဖွယ်ရာ Champion the Trophy နှင့် Champion the Match အစရှိတဲ့ အစီအစဉ်တွေကို တင်ဆက်ပေးနေတဲ့ Heineken® က မြန်မာနိုင်ငံမှ Champion the Match ကံထူးရှင် (၂) ဦးကို ရွေးချယ်ခဲ့ပါတယ်။

အဆိုပါ ကံထူးရှင်များကတော့ ရန်ကုန်မြို့နေ ကိုသက်ဆုအောင်နှင့် မန္တလေးက ကိုပိုင်မင်းထက်တို့ ဖြစ်ပါတယ်။ သူတို့ (၂) ဦးဟာ အခုဆိုရင် (သူတိုရဲ့ မိတ်ဆွေတစ်ဦးစီနဲ့အတူ) စပိန်နိုင်ငံ IBIZA ကျွန်းပေါ်တွင် ကျင်းပပြုလုပ်မယ့်ပါတီပွဲကို အခြား ကမ္ဘာတစ်ဝန်းက ကံထူးရှင်များနဲ့အတူ (၂) ရက်ကြာ တက်ရောက်ဆင်နွှဲပြီး ချန်ပီယံလိဂ်ဗိုလ်ပွဲကို တိုက်ရိုက် ကြည့်ရှုခွင့်ရခဲ့ပါတယ်။

play

 

Heineken® ဟာ အဆိုပါ Champion the Match အစီစဉ်ကို ယခုနှစ် မတ်လကတည်းက စတင် ကျင်းပခဲ့တာဖြစ်ပြီး၊ ပွဲနဲ့ပတ်သက်တဲ့ အချက်အလက်များကို Bar များ၊ စားသောက်ဆိုင်များ၊ ဈေးဝယ်စင်တာများမှာပါ ဘောလုံး ချစ်မြတ်နိုးသူတွေ သိရှိအောင် စီစဉ်ပေးခဲ့ပါတယ်။

ကံထူးရှင် (၂) ဦးရဲ့ ရင်ခုန်သံစကားများကိုလည်း အမေးအဖြေကဏ္ဍကနေ တင်ဆက်ပေးလိုက်ပါတယ်။

၁။ မင်္ဂလာပါ။ အကိုတို့ (၂) ဦးရဲ့ နာမည်နဲ့ နေရပ်ကို ပြောပြပေးပါဦး။

သက် - ကျွန်တော်ကတော့ ကိုသက်ဆုအောင်ပါ။ ရန်ကုန်ကဖြစ်ပါတယ်။ မွေးရပ်ဇာတိကတော့ င်္ဟသာတပါ။

ပိုင် - ကျွန်တော်ကတော့ ကိုပိုင်မင်းထက် ဖြစ်ပါတယ်။ မန္တလေးကပါ။

၂။ အကိုတို့ (၂) ဦးအနေနဲ့ ဒီ Champion the Match အစီအစဉ်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုး သိရှိခဲ့တာပါလဲ။

သက် - ကျွန်တော်တို့ Bar တခုကိုရောက်တော့ ဒီအစီအစဉ်ရှိတယ်ဆိုတာကို သိခဲ့တာပါ။ ပြီးတော့ ကျွန်တော်တို့ ဒီအစဉ်အစဉ်မှာ ဝင်ဖြေခဲ့ပါတယ်။

ပိုင် - ကျွန်တော်ကတော့ မန္တလေးက ထိုင်နေကျဆိုင်လေးမှာ ဒီအစီအစဉ်ရှိတာကို သိခဲ့ရတာပါ။ အဲဒီနေ့က နာရီ၊ သော့ချိတ်၊ ကျောပိုးအိတ်လေးတွေလည်း မဲဖောက်ပေးခဲ့တော့ ကျွန်တော့်အနေနဲ့လည်း ကံစမ်းမဲပေါက်ဖို့ သိပ်ပြီး မမှန်းခဲ့ပါဘူး။ ကျွန်တော့်သူငယ်ချင်းတွေကတော့ အဲဒါလေးတွေ ပေါက်ခဲ့တာပေါ့။

play

 

၃။ ဆုရတဲ့အတွက် ဘယ်လိုခံစားရပါလဲ။

သက် - အရမ်းပျော်ပါတယ်။

ပိုင် - အရမ်း ဝမ်းသာပါတယ်။

၎။ Heineken® ကနေ ကံစမ်းမဲပေါက်တယ်လို့ အကြောင်းလှမ်းကြားလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်လေးကို ပြောပြပေးပါ။

သက် - အရမ်းပျော်မိပါတယ်။ ကိုယ်မရောက်ဘူးသေးတဲ့ ကမ်းခြေတခုကိုသွားရမယ်ဆိုတော့ ပိုပြီး ပျော်မိပါတယ်။

ပိုင် - ကျွန်တော်က Heineken® Facebook page ကို Like လုပ်ထားပေမဲ့ ကံစမ်းမဲပေါက်တာကို မကြည့်မိဘူးပေါ့။ သင်္ကြန်တွင်းမှာ သူငယ်ချင်းတယောက်က ပြောလို့သိခဲ့ရတာပါ။ အဲဒီနေ့ကတော့ လုံးဝ amazing နေ့ပါပဲ။

၅။ အခုဆိုရင် စပိန်နိုင်ငံက “IBIZA” ပွဲကြီးကို သွားရတော့မှာ ဖြစ်တဲ့အတွက် အခုအချိန်မှာ ဘယ်လို ခံစားမှုမျိုး ဖြစ်ပေါ်နေပါသလဲ။

သက် - ကျွန်တော် ဒီပါတီပွဲကို YouTube ကနေ ကြည့်ဖူးတော့ သူရဲ့ကဏ္ဍ ကြီးကျယ်ခမ်းနားတာကို သိပါတယ်။ အရမ်းပျော်ဖို့ကောင်းတယ်။ ဘောလုံးသမားတွေလည်းပါတယ်။ ဒီလိုမျိုးပါတီပွဲကို သွားကြည့်ချင်ပါတယ်။ ပျော်ပါတယ်။

ပိုင် - ကျွန်တော်တခါမှ အဲဒီလိုပွဲမျိုး မကြုံဖူးပါဘူး။ အဲဒါကြောင့်လည်း ဝမ်းသာပါတယ်။ မြန်မာနိုင်ငံက Heineken® ဘီယာ အားပေးတဲ့သူတွေကို နိုင်ငံခြားပွဲ အတွေ့အကြုံရအောင် ဖန်တီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

၆။ Heineken®နဲ့ပက်သက်ပြီးတော့ ပြောချင်တာလေးတစ်ခု ပြောပေးပါအုံး။

သက် - ကျွန်တော် Heineken® ကို သောက်လည်းသောက်ပါတယ်။ အရသာကိုလည်း ကြိုက်ပါတယ်။ နာမည်ကြီး အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။

ပိုင် - ကျွန်တော် အရင်က နိုင်ငံခြားကို ထွက်ဖြစ်ရင်လည်း Heineken® သောက်ဖြစ်ပါတယ်။ ဒီမှာလည်း အများဆုံး သောက်ဖြစ်လာတာကို တွေ့ရပါတယ်။ တခြား ဘီယာတွေထက် ပိုပြီးကောင်းပါတယ်။ Champions League ပြိုင်ပွဲကြီးကိုလည်း စပွန်ဆာပေးထားတဲ့ နာမည်ကြီး အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ