Lifestyle: ကားဒိုင်ခွက်ထဲမှာ အချက်ပြမီး (Check Lamp)တွေ ဘာကြောင့်လင်းတာလဲ

ကားမှာဖြစ်ပေါ်နေတဲ့ ချို့ယွင်းချက်တွေကို အချက်ပြတာပါ။

play

 

ကားတင်သွင်းခွင့် မှုဝါဒတွေဖြေလျော့ပြီးတဲ့နောက်ပိုင်းမှာ ပြည်တွင်းကို ခေတ်မီကားတွေ အများအပြားဝင်ရောက်လာခဲ့ပါတယ်။ ဒီလိုဝင်ရောက်လာတဲ့ ကာအများစုမှာ ကွန်ပျူတာစနစ်နဲ့ အလိုအလျောက်သတိပေးတဲ့ စနစ်တွေပါဝင်လာပြီး မိမိကားမှာ လိုအပ်ချက်တစ်ခုရှိနေရင်ပဲဖြစ်ဖြစ်၊ အမှားအယွင်းတစ်ခုရှိနေရင်ပဲဖြစ်ဖြစ် ကားရဲ့ ဒိုင်ခွက်တွေပေါ်မှာ အချက်ပြမီးလေးတွေ လင်းလာတတ်ပါတယ်။

ဒီအချက်ပြမီးလေးတွေ ဘာ့ကြောင့်လင်းတယ်၊ ဘယ်လို လိုအပ်ချက်ရှိလို့လင်းနေပြီး အချက်ပြတယ်ဆိုတာကို ကားပိုင်ရှင်တွေနဲ့ ကားဝါသနာရှင်တွေအတွက် တင်ပြလိုက်ပါတယ်။

play

 

ဒီပုံစံလေး လင်းနေပြီဆိုရင်တော့ သင့်ကားရဲ့အင်ဂျင်အပူချိန်မြင့်တက်နေပြီလို့ အချက်ပြတာပါ။ ဒီလိုအချက်ပြနေတာကို ကားဆက်မောင်း နေမယ်ဆိုရင်တော့ သင့်ကားရေတိုင်ကီနဲ့ အင်ဂျင် အချိန်တိုအတွင်း ဒုက္ခရောက်နိုင်ပါတယ်။

play

 

သင့်ကားရဲ့ဘီး လေလျော့နေတယ်ဆိုတာ အချက်ပြတာပါ။ နီးစပ်ရာဆိုင်ကို အမြန်ဆုံးပြေးပြီး လေပေါင်ချိန်လိုက်ပါ။

play

 

ကားရဲ့အသည်းနှလုံးလို့ ခေါ်တဲ့ အင်ဂျင်လည်ပတ်မှုကောင်းဖို့ အရေးကြီးတဲ့ အင်ဂျင်ဝိုင်နည်းပါးနေတယ်ဆိုတာကို အချက်ပြတာပါ။ ကားသက်တမ်းရှည်ရှည် မောင်းချင်ရင် အင်ဂျင်ဝိုင်ပုံမှန်လဲပေးဖို့ လိုပါတယ်။

play

 

ဒီလိုပြနေရင်တော့ ကားအင်ဂျင်ပိုင်းဆိုင်ရာ ပြဿနာရှိနေပါပြီ။ သင်ပြနေကြ ကားဝပ်ရှော့ကို အမြန်ဆုံးပြေးသွားလိုက်ပါ။

play

 

သင့်ကားမှာ ဘရိတ်စနစ်ချို့ယွင်းနေတာကိုပြသတာပါ။ ဘရိတ်မကောင်းတဲ့အချိန်ကားမောင်းတာက ဘယ်လိုမှ အန္တရာယ်မကင်းနိုင်ပါဘူး။

play

 

ကားဘီးချော်နိုင်တယ်ဆိုတဲ့ အနေအထားကို ယာဉ်မောင်းသတိထားနိုင်အောင် ပြသတာပါ။

play

 

ဒီလိုဆိုရင်တော့ သင့်ကားရဲ့ ဘတ္တရီပြဿနာရှိနေပါပြီး။ ကားကလူကို ပြန်မစီးအောင်တော့ ဘတ္တရီရဲ့ကြံ့ခိုင်ရေးကို အမြဲစစ်ဆေးသင့်ပါတယ်။

Source : 7Daycar

Photos : yourmechanic

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ