AD
AD
AD
play

 

သင်သုံးပြီး စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်ပိုက်တွေဟာ ကမ္ဘာကြီးပေါ်ကနေဘယ်တော့မှပျောက်ကွယ်မသွားဘဲ သဘာဝပတ်ဝန်းကျင်ကိုကောင်းကောင်းကြီးဒုက္ခပေးနေတယ်ဆိုတာ သိပါသလား။ ပလတ်စတစ်ပိုက်ကိုအသုံးပြုတဲ့ အချိန်ကခနတာလေးဖြစ်ပေမယ့် သူတို့တွေကိုဖျက်ဆီးပစ်လို့မရသလို အရွယ်အစားသေးငယ်လွန်းတာကြောင့် တဖန်ပြန်လည်အသုံးပြုလို့လည်း မရပါဘူး။ ပလတ်စတစ်ပိုက်အပါအဝင်ဒီလိုဖျက်ဆီးလို့မရတဲ့ ပလတ်စတစ်အမှိုက်အများ အပြားဟာ နောက်ဆုံးမှာ သမုဒ္ဒရာကြီးထဲမှာအဆုံးသတ်ပြီး ရေနေသတ္တဝါတွေရဲ့ရှင်သန်နေထိုင်မှုကို ခြိမ်းခြောက်လို့ နေပါတယ်။ လက်ရှိနှုန်းအတိုင်းသာဆိုရင် ၂၀၅၀ ခုနှစ်ကိုအရောက်မှာ သမုဒ္ဒရာထဲမှာ ငါးတွေထက်ပလတ်စတစ်တွေက ပိုများနေတော့မယ်လို့ ပညာရှင်တွေက သတိပေးပြောကြားထားပါတယ်။

ပလတ်စတစ်အန္တရာယ်ကို ကြိုတင်ကာကွယ်ရေးမှာ တတပ်တအားပါဝင်တဲ့အနေနဲ့ Chivas က သူတို့ရဲ့ကမ္ဘာ့ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ပြုလုပ်တဲ့ပွဲအခမ်းအနားတွေတိုင်းမှာ ပလတ်စတစ်ပိုက်အသုံးပြုခြင်းကို တားမြစ်ကန့်သတ်ထားပါတယ်။ ထို့အတူ ကမ္ဘာတဝမ်းက Chivas ချစ်သူတွေကိုလည်း ပလတ်စတစ်ပိုက်အသုံးမပြုရေးလှုပ်ရှားမှုမှာပါဝင်ကြဖို့ တိုက်တွန်း ထားပြီး အားလုံးသာအတူတကွဒီလွယ်ကူတဲ့လှုပ်ရှားမှုမှာပါဝင်ကြမယ်ဆိုရင် နှစ်စဉ်နှစ်တိုင်း ပလတ်စတစ်ပိုက်ပေါင်း သုံးစွဲမှုကို သန်းနဲ့ချီပြီးလျှော့ချနိုင်မှာပါ။

play

 

ဒါ့အပြင် ပြီးခဲ့တာ ၄ နှစ်တာအတွင်း Chivas Venture ပြိုင်ပွဲကနေတစ်ဆင့် လူမှုဝန်းကျင်အထောက်အကူပြုလုပ်ငန်း အသစ်တွေမှာလည်း Chivas ကရင်းနှီးမြုပ်နှံမှုတွေပြုလုပ်လို့ထားပါတယ်။ ဒီလိုရင်းနှီးမြုပ်နှံထားတဲ့ စွန့်ဦးတီထွင်သူတွေ ထဲမှာ သမုဒ္ဒရာအတွင်းကစွန့်ပစ်အမှိုက်တွေကနေ နေကာမျက်မှန်တွေဖန်တီးထုတ်လုပ်တဲ့ စပိန်နိုင်ငံကနေဆုရရှိခဲ့တဲ့ စွန့်ဦးတီထွင်သူရဲ့ Sea2See ပရောဂျက်၊ ၂၀၁၆ ခုနှစ်တုန်းက ကိုလံဘီယာမှအနိုင်ရရှိခဲ့တဲ့ ပလတ်စတစ်အမှိုက်တွေကနေ ချို့တဲ့သူတွေအတွက် အိမ်နဲ့စာသင်ခန်းတွေဆောက်လုပ်ဖို့ အုတ်တွေထုတ်လုပ်တဲ့ Conceptos Plasticos ပရောဂျက် အပါအဝင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြုပရောဂျက်တွေပါဝင်လို့နေပါတယ်။

play

 

Chivas ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Pernod Ricard ဟာဆိုရင်လည်း သမုဒ္ဒရာကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်လျက်ရှိတာ နှစ်ပေါင်းများစွာရှိနေပါပြီ။ ဒီလိုပလတ်စတစ်ပိုက်အသုံးပြုမှုကို ဆန့်ကျင်ပြီး သမုဒ္ဒရာတွေကိုကာကွယ်ရေးလှုပ်ရှားမှုအထိမ်းအမှတ်အနေနဲ့ Chivas Regal ရဲ့ကမ္ဘာလုံးဆိုင်ရာကုန်အမှတ်တံဆိပ် သံတမန် မက်စ်ဝါနာ က ပိုက်တွေမလိုအပ်တဲ့ အထူးကော့တ်တေးလ်တစ်မျိုးကို ဖန်တီးထားပါသေးတယ်။ အဲဒါကတော့ ပိုက်မလိုဘဲ ပါးစပ်နဲ့ပဲစုပ်သောက်ရမယ့် The Strawberry Sipper ကော့တ်တေးလ်ဖြစ်ပြီး ဖျော်စပ်ပုံကအောက်ပါအတိုင်း ပါပဲ။

Chivas Regal 12 Year Old - ၅၀ မီလီလီတာ

သံပုရာရည် - ၂၀ မီလီလီတာ

စတော်ဘယ်ရီဖျော်ရည်အဆီ - ၁၀ မီလီလီတာ

ဂျင်ဂျာအေးလ် - ၅၀ မီလီလီတာ

ဆော်ဒါ - ၅၀ မီလီလီတာ

ဒီအရည်အားလုံးကို ရေခဲထည့်ထားတဲ့ဖန်ခွက်ထဲထည့်ကာ လတ်ဆတ်တဲ့စတော်ဘယ်ရီသီးလေးကို ခွက်နှုတ်ခမ်းမှာ တပ်ကာ ပိုက်မပါဘဲ ပါးစပ်နဲ့တင်အရသာခံပြီး ဖြည်းဖြည်းချင်းစုပ်သောက်ကြရမှာပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD