AD
AD
AD

play

 

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးတစ်ခုလုပ်ဖို့ အမြဲအိပ်မက်မက်ထားခဲ့ပြီး အဲဒီအိပ်မက်ကိုလက်တွေ့အကောင်အထည် ဖော်ခွင့်ရပြီဆိုတဲ့အချိန်မှာ အခွင့်အရေးကိုလက်မလွတ်တမ်းအသုံးချနိုင်ဖို့ လိုလာပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အိပ်မက်ထဲက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို အကောင်အထည်ဖော်တဲ့နေရာမှာ အောင်အောင်မြင်မြင်အကောင်အထည် ဖော်နိုင်ဖို့ လိုက်နာသင့်တဲ့အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အကြံပေးစကားတွေ၊ ဝေဖန်မှုတွေကိုနားထောင်ပါ

အသစ်တည်ထောင်ခါစ စီးပွားရေးလုပ်ငန်းတွေရင်ဆိုင်ရတတ်တဲ့အခက်အခဲတွေက တကယ့်ကိုအများကြီးပါပဲ။ သင့်အနေနဲ့အဲဒီလိုကြုံတွေ့ရမယ့်အခက်အခဲတွေကို တစ်ယောက်တည်းကြိုတင်တွက်ဆထားနိုင်ဖို့၊ ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ဒါကြောင့်သင့်လုပ်ငန်းကို စတင်ဖို့ပြင်ဆင်နေချိန်မှာရော၊ အမှန်တကယ်လုပ်ကိုင်တဲ့အချိန်မှာပါ တခြားသူတွေရဲ့ အမြင်နဲ့အကြံပေးစကားတွေကို ဂရုတစိုက်နားထောင်ဖို့ လိုပါတယ်။ အဆိုးမြင်သဘောနဲ့ ဝေဖန်တဲ့ စကားတွေကိုတောင် သင့်အနေနဲ့ နားထောင်ထားရမှာပါ။ ဒီလိုဝေဖန်မှုတွေကြောင့် စိတ်ဓါတ်ကျသွားစရာတော့ မလိုပါဘူး။ ကိုယ့်ရဲ့လက်ရှိအခြေအနေနဲ့ တခြားသူတွေရဲ့ဝေဖန်မှုတွေကို မှန်မှန်ကန်ကန်သုံးသပ်ပြီး အမှန်တကယ်ဖြစ်လာနိုင်တဲ့ ပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားရမှာပဲ ဖြစ်ပါတယ်။

play

 

(၂) လိုက်လျောညီထွေရှိပါစေ

ကိုယ်က လုပ်ငန်းသစ်တစ်ခုအနေနဲ့စတင်တဲ့သူဖြစ်တာကြောင့် ကိုယ့်ရဲ့အလုပ်ချိန်ဇယားကို ကိုယ့်စိတ်ကြိုက်အတိုင်း ဖြစ်အောင် တင်းတင်းကျပ်ကျပ်စီမံထားလို့မရနိုင်ဘူးဆိုတာ သတိပြုရပါမယ်။ သင့်အနေနဲ့ လက်တွဲလုပ်ကိုင်မယ့်သူတွေ၊ ရင်းနှီးမြုပ်နှံသူတွေနဲ့တွေ့ဆုံဖို့လိုအပ်လာချိန်မှာ အဆင်ပြေနိုင်မယ့်အချိန်၊အခြေအနေမျိုးအတိုင်းလိုက်ပါလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင်လုပ်ငန်းလုပ်ဆောင်တဲ့နေရာမှာလည်း ဒါမှဒါဆိုတာမျိုး သတ်မှတ်ထားလို့မရဘဲ ကြုံတွေ့လာရတဲ့ အခြေအနေတွေနဲ့အညီ လိုက်လျောညီထွေလုပ်ဆောင်နိုင်ရမှာပါ။

(၃) လူသိများတဲ့သူတစ်ယောက်ဖြစ်ပါစေ

လုပ်ငန်းသစ်တစ်ခုကိုစတင်သူတစ်ယောက်အနေနဲ့ သင်ဟာအကူအညီတွေအများကြီးလိုအပ်မှာပါ။ အဲဒီလိုအကူအညီလို အပ်လာချိန်မှာ သင်နဲ့လုပ်ငန်းတူနယ်ပယ်ထဲကသူတွေကသာသင့်ကိုအကောင်းဆုံးကူညီနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းနဲ့ဆိုင်တဲ့ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ တက်ရောက်တာ၊ သက်ဆိုင်ရာအသင်းအဖွဲ့တွေမှာပါဝင်ထားတာ မျိုးတွေလုပ်ပြီး သင့်ကို သင့်လုပ်ငန်းနယ်ပယ်ထဲကတခြားလုပ်ငန်းရှင်တွေ၊ကျွမ်းကျင်သူတွေက သိရှိနေအောင်လုပ်ထားဖို့ လိုအပ်ပါတယ်။

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီး လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့ စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့နည်းလမ်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။

စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal က စိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။ www.theventure.com ကိုဝင်ရောက်ပြီးတော့ ဆက်လက်လေ့လာဖတ်ရှု့နိုင် ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD