AD
AD
AD
play

 

မြန်မာနိုင်ငံရဲ့ လက်လီဈေးကွက်မှာထိပ်ဆုံးကဦးဆောင်နေတဲ့ City Mart Holding Co., Ltd. ရဲ့ Loyalty Program ဖြစ်တဲ့ City Rewards Application အား သတင်းမီဒီယာများမှတဆင့် ဈေးဝယ်သူများထံသို့ တရားဝင် မိတ်ဆက်မယ့် စာနယ်ဇင်းမိတ်ဆက်ပွဲကို စက်တင်ဘာလ (၂၁) ရက်နေ့မှာ ရန်ကုန်မြို့ marketplace by City Mart (ဓမ္မစေတီလမ်း ဆိုင်ခွဲ) မှာ နံနက် (၁၀) နာရီမှ (၁၂း၃၀) ထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

 “ကျွန်မတို့ CMHL အနေနဲ့ အမြဲတမ်း ပြောင်းလဲနေတဲ့ နည်းပညာ တိုးတက်ပြောင်းလဲမှုတွေကို အမီလိုက်ရုံမကဘဲ ဒီနည်းပညာတွေကို ကျွန်မတို့လုပ်ငန်းရဲ့ လုပ်ငန်းဆောင်ရွက်မှုတိုင်းမှာ  အကျိုးရှိရှိအသုံးချပြီး မြန်မာပြည်သူလူထုရဲ့ နေ့စဉ်လူနေမှုဘ၀တိုးတက်မြင့်မားရေး၊ ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှု၊ ဈေးဝယ်အတွေ့အကြုံတွေကို ဖန်တီးပေးစွမ်းနိုင်ဖို့ မပြတ်ကြိုးစားနေပါတယ်။ အခုအခါမှာတော့ ကျွန်မတို့ လက်လီဈေးကွက်ရဲ့ မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်တော့မယ့် အချိန်ကို ရောက်ရှိတော့မှာပါ။ လူတိုင်းရဲ့ mobile phone ထဲမှာ မရှိမဖြစ်ထည့်ထားရမယ့် Shopping & Payment Solution တစ်ခုအနေနဲ့ ဖြစ်လာဖို့ မျှော်မှန်းထားပါတယ်။ နောက်နှစ်အနည်းငယ်အတွင်းမှာ ဈေးဝယ်သူ မိဘပြည်သူများရဲ့ ခေတ်မီဘဝနေထိုင်မှု တစ်စိတ်တစ်ဒေသအဖြစ် ပိုမိုလွယ်ကူကျယ်ပြန့်စွာ အသုံးပြုနိုင်မယ့် ငွေသားအစားထိုး ငွေပေးချေမှုစနစ်အဖြစ် အကောင်အထည်ဖော်နိုင်ဖို့ရည်ရွယ်ပါတယ်။ အပြည့်အစုံကိုတော့ စာနယ်ဇင်းမီဒီယာအသီးသီးမှ မိတ်ဆွေများမှတဆင့် စက်တင်ဘာ ၂၁ မှာ ကျွန်မတို့ရဲ့ City Rewards ကို မိတ်ဆက်ပေးသွားမှာဖြစ်လို့ တက်ရောက်ပြီး ကိုယ်တိုင်တွေ့ကြုံ ခံစားမျှဝေပေးနိုင်ဖို့ သတင်းနှင့်မီဒီယာအသီးသီးမှ မိတ်ဆွေများကို ဖိတ်ခေါ်ပါရစေ။” လို့ City Mart Holding Co., Ltd. မှ Marketing Director ဒေါ်မေဇင်စိုးထက်မှ ပြောကြားပါတယ်။

play

 

CMHL မှ အသစ်မိတ်ဆက်မယ့် City Rewards Application ဟာမြန်မာ့လက်လီဈေးကွက်မှာ ပထမဦးဆုံးအဖြစ် Loyalty Program နဲ့ Payment Solution တွေပေါင်းစပ်ထားတဲ့ Application တစ်ခုဖြစ်ပါတယ်။ ခေတ်မီနည်းပညာကို အသုံးပြုပြီး ဈေးဝယ်သူတွေအတွက် ပိုမိုလွယ်ကူအဆင်ပြေစေမယ့် ဈေးဝယ်အတွေ့အကြုံတွေ၊အပိုဆောင်းတန်ဖိုးတွေ၊ Cashless ငွေပေးချေမှုပုံစံအသစ်တွေ၊ စွမ်းဆောင်ရည်မြင့်မားတဲ့ ၀န်ဆောင်မှုများစွာကို ပေးစွမ်းနိုင်မယ်လို့ သိရပါတယ်။

မြန်မာပြည်သူတွေရဲ့ လူနေမှုပုံစံ တိုးတက်မြင့်မားရေးကို ရှေးရှုပြီး အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲလျက်ရှိတဲ့ နည်းပညာတွေကို ထိထိရောက်ရောက်အသုံးချထားတဲ့ City Rewards Application ကို ဈေးဝယ်သူတွေအနေနဲ့ စက်တင်ဘာလမှ စတင်ကာ CMHL ရဲ့ဆိုင်ခွဲတွေဖြစ်တဲ့ City Mart Supermarket ၊ Ocean Supercenter ၊ marketplace by City Mart, City Mart Neighborhood Stores ၊  Seasons Bakery & Café ၊ Seasons Bistro ၊ City Baby Club ၊ City Care ၊ City Book & Music ၊ Safari Book Stores  စတဲ့ဆိုင်ပေါင်း (၂၀၀) ကျော်မှာအသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

play

 

စာနယ်ဇင်း မီဒီယာတွေကနေတဆင့် အများပြည်သူသို့ တရားဝင် မိတ်ဆက်သွားမယ့် City Rewards စာနယ်ဇင်းမိတ်ဆက်ပွဲကို စက်တင်ဘာလ (၂၁) ရက်နေ့မှာ ရန်ကုန်မြို့ marketplace by City Mart (ဓမ္မစေတီလမ်း ဆိုင်ခွဲ)မှာ နံနက် (၁၀) နာရီမှ (၁၂း၃၀) ထိ ကျင်းပသွားမှာပါ။

City Mart Holding Co., Ltd. ရဲ့ အမှုဆောင်အရာရှိချုပ်ကိုယ်တိုင် တက်ရောက် အဖွင့်အမှာစကားပြောကြားမှာဖြစ်ပြီး တာဝန်ရှိသူတွေကနေ City Rewards ကိုအသုံးပြုကာ ပြုလုပ်နိုင်မယ့် စွမ်းဆောင်ချက်တွေကို အသေးစိတ်ရှင်းလင်းတင်ပြသွားမယ်လို့ သတင်းရရှိထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD