AD
AD
AD
play

 

မြန်မာနိုင်ငံရဲ့ လက်လီဈေးကွက်ကို ဈေးကွက်ဝေစုအများဆုံးနဲ့ဦးဆောင်နေတဲ့ City Mart Holding Co., Ltd. မှ ငွေသားကိုင်တွယ်အသုံးပြုရန်မလိုတဲ့ ခေတ်မီလူနေမှုပုံစံတည်ဆောက်ဖို့ရည်ရွယ်ဖန်တီးထားတဲ့ City Rewards ကို စက်တင်ဘာလ (၂၁)ရက်နေ့မှာ တရားဝင်မိတ်ဆက်လိုက်ပါတယ်။

City Rewards ကို သတင်းမီဒီယာများမှတဆင့် အများပြည်သူထံ တရားဝင် မိတ်ဆက်တဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာလ (၂၁) ရက်နေ့မှာ ရန်ကုန်မြို့ marketplace by City Mart (ဓမ္မစေတီလမ်း ဆိုင်ခွဲ)၌ နံနက် (၁၀) နာရီမှ (၁၂း၃၀) ထိ ကျင်းပခဲ့တာဖြစ်ပြီး အခမ်းအနားကို ဖိတ်ကြားထားတဲ့ စာနယ်ဇင်းနှင့် သတင်းမီဒီယာများ၊ မိတ်ဖက်ကုမ္ပဏီများ၊ CMHL မှ တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။

အခမ်းအနားကို မနက် ၁၀ နာရီခွဲအချိန်မှာစတင်ဖွင့်လှစ်ပြီး City Mart Holding Co.Ltd ရဲ့အလုပ်အမှုဆောင်အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဲဒီနောက်မှာ City Reward ရဲ့လုပ်ဆောင်ချက်အသေးစိတ်ကို Marketing Manager ကိုပြည့်ငြိမ်းလူ မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။

play

 

City Rewards ဟာမြန်မာ့လက်လီဈေးကွက်မှာ ပထမဦးဆုံးအဖြစ် Shopping & Payment Solution တွေ ပေါင်းစပ်ထားသည့် စနစ်တစ်ခုဖြစ်ပါတယ်။ ဈေးဝယ်သူတွေအတွက် ဆန်းသစ်ပြီး ပိုမိုအဆင်ပြေလွယ်ကူစေမယ့် ဈေးဝယ်အတွေ့အကြုံသစ်တွေ၊ ၀ယ်ယူမှုတိုင်းအတွက် ပြန်လည်ရရှိမယ့် Reward Point တွေ၊ ငွေသား အသုံးပြုဖို့မလိုတဲ့ ငွေပေးချေမှု ပုံစံအသစ်တွေ၊ နည်းပညာမြင့် ဈေးဝယ်သူ အခြေပြု သီးသန့်ဝန်ဆောင်မှုတွေကို မြန်မာပြည်သူလူထုအတွက် မိတ်ဆက်လိုက်တာလည်း ဖြစ်ပါတယ်။

City Rewards ကို စက်တင်ဘာလ (၂၁) ရက်နေ့မှ စတင်ကာ CMHL လက်အောက်ရှိဆိုင်ခွဲတွေဖြစ်တဲ့ City Mart Supermarket ၊ Ocean Supercenter ၊ marketplace by City Mart, City Mart Neighborhood Stores ၊ Seasons Bakery & Café ၊ Seasons Bistro ၊ City Baby Club ၊ City Care ၊ City Book & Music ၊ Safari Book Stores  စတဲ့ဆိုင်ပေါင်း (၂၀၀) ကျော်မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

စတင်မိတ်ဆက်တဲ့ကာလမှာ CMHL လက်အောက်ရှိ ဆိုင်တွေမှာ ကုန်ပစ္စည်းဝယ်ယူခြင်းအတွက် Reward Point တွေ ပြန်လည်ရရှိခြင်း၊ ငွေသားအသုံးပြုရန်မလိုတဲ့ ငွေပေးချေမှုပြုလုပ်ခြင်း၊ ထည့်သွင်းထားတဲ့ ငွေသား (City Cash) ကို City Rewards အသုံးပြုသူအချင်းချင်း လွှဲပြောင်းပေးနိုင်ခြင်း စတဲ့လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်ပြီး မကြာမီမှာ အခြား လက်လီ အရောင်းဆိုင်တွေမှာ ငွေပေးချေရန် အသုံးပြုခြင်း၊ ဖုန်းဘေလ်ထည့်သွင်းခြင်း၊ ဘတ်စ်ကားခပေးချေခြင်း စတာတွေကိုပါ City Rewards အသုံးပြုပြီး ကျယ်ပြန့်စွာ ပြုလုပ်နိုင်ဖို့ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

play

 

City Rewards ကို Mobile Application နှင့် ကတ်ဒ်ဆိုပြီးပုံစံနှစ်မျိုးနဲ့အသုံးပြုနိုင်မယ်လို့သိရသည်။ Mobile Application ကို Android နှင့် iOS နှစ်မျိုးလုံးမှာအသုံးပြုနိုင်ပြီး Application ကို Download ရယူကာ အခမဲ့ Register ပြုလုပ်အသုံးပြုနိုင်မှာပါ။ ကတ်ဒ်အသုံးပြုလိုသူတွေကတော့ CMHL လက်အောက်ရှိဆိုင်တွေမှာ Customer Service Counter မှာ၃၀၀၀ ကျပ်ဖြင့် ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ ကတ်ဒ်အသုံးပြုသူတွေဟာ ၀ယ်ယူမှုတိုင်းအတွက် Reward Point များ ပြန်လည်ရယူခြင်း၊ ငွေသားထည့်သွင်းအသုံးပြုခြင်းတို့ကို ပြုလုပ်နိုင်ပြီး Mobile Application ဖြင့် ရရှိနိုင်သော လုပ်ဆောင်ချက်အားလုံးကိုတော့ ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ ကတ်ဒ်အသုံးပြုသူတွေက အခြားသုံးစွဲသူထံ City Cash လွှဲပြောင်းခြင်းလုပ်ဆောင်ချက်ကို လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ Reward Point အနေနဲ့ ကျပ်နှစ်ရာလျှင် (၁)ပွိုင့်ရရှိပြီး ပွိုင့် (၁) ပွိုင့်လျှင် မြန်မာငွေ တစ်ကျပ်နှင့် ညီမျှတယ်လို့သိရပါတယ်။ City Rewards အတွင်း ငွေသားထည့်သွင်း အသုံးပြုလိုပါက Customer Service Counter မှာထည့်သွင်းနိုင်ပြီး အနည်းဆုံး (၁၀၀၀) ကျပ်မှ အများဆုံး ကျပ်(၁၀)သိန်းအထိ ထည့်သွင်းထားနိုင်ပါတယ်။ City Rewards အသုံးပြုသူအချင်းချင်းလည်း အနည်းဆုံး (၁၀၀၀) ကျပ်မှ စတင်လွှဲပြောင်းပေးနိုင်မှာပဲ ဖြစ်ပါတယ်။

“CMHL ဆိုင်ခွဲတွေမှာ ၀ယ်ယူမှုတိုင်းအတွက် ပြန်လည်ရရှိမယ့် Reward Point တွေကိုစုပြီး ငွေကြေးအနေနဲ့ ကုန်ပစ္စည်းဝယ်ယူရာမှာ ပြန်လည်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ City Rewards Application ထဲကို ငွေဖြည့်ထားလို့ရပြီး ကုန်ပစ္စည်းဝယ်ယူနိုင်တဲ့အတွက် ပိုက်ဆံအိတ် မပါရင်တောင် ကိုယ့်ဖုန်းထဲက Application နဲ့တင် ဈေးဝယ်ယူလို့ရနိုင်မှာပါ။ အိမ်နီးချင်းနိုင်ငံတွေမှာတော့ ဒီလို ငွေသားကိုင်တွယ်အသုံးပြုစရာမလိုတဲ့ ခေတ်မီလူနေမှုပုံစံကို ရင်းနှီးနှင့်နေပြီ။ ဒီမှာတော့ ခုမှ အစပျိုးတုန်းပေါ့။” လို့ Marketing Manager ကို ပြည့်ငြိမ်းလူက ရှင်းပြပြောဆိုသွားခဲ့ပါတယ်။

 City Rewards အသုံးပြုခြင်းနဲ့ပတ်သက်ပြီး အခက်အခဲတစ်စုံတရာရှိပါက CMHL လက်အောက်ရှိ ဆိုင်ခွဲတွေမှာသော်လည်းကောင်း City Reward Customer Care Hotline – 09-972997272 သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်မှာပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD