Lifestyle: CLEAR နဲ့အတူ သင်္ကြန်ရက်တွေကို ဆင်နွှဲကြပါစို့ 

အေးမြလန်းဆန်းဆုံးနဲ့ ဗောက်လုံးဝရှင်းစေမယ့် CLEAR နဲ့အတူ သင်္ကြန်ရက်တွေကို ဆင်နွှဲကြပါစို့ 

play


အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားနေတဲ့ မြန်မာနိုင်ငံရဲ့ ဒီနှစ် နွေရာသီမှာ ကိုယ်ခန္ဓာအလှကို ဂရုစိုက်ရုံသာမက ဆံသားကိုလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြင်းထန်လှတဲ့ ဒီအပူချိန်က ကျွနု်ုပ်တို့ရဲ့ ဆံကေသာမှာ  အလွယ်တကူ ချွေးထွက်တာ၊ အဆီပြန်တာတွေ ဖြစ်စေနိုင်ပြီး ယားယံမှုနဲ့ ဗောက်တွေကို ပိုမိုဖြစ်ပေါ်စေနိုင်လို့ ပဲဖြစ်ပါတယ်။

play


ကျွနု်ပ်တို့အားလုံးဟာ ဒီသင်္ကြန်အားလပ်ရက်မှာ ပျော်ချင်ရုံသာမကဘဲ ၂၀၁၆ သင်္ကြန်ကို အမြဲအမှတ်ရနေစေမယ့် ဓာတ်ပုံတွေရိုက်တဲ့အခါမှာလည်း အလှပဆုံးနဲ့ ယုံကြည်မှုအရှိဆုံး ဖြစ်နေချင်ကြပါတယ်။ CLEAR မှ ဆံသားနဲ့ ဦးရေပြားဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကလည်း သင်္ကြန်ရက်တွေမှာ ကြုံတွေ့ရတတ်တဲ့ ဗောက်ဖြစ်နိုင်ချေအရှိဆုံး အကြောင်းအရာများစွာကိုလည်း လေ့လာစုစည်း တင်ပြထားပါတယ်။

play

နေရောင်ခြည်၊ ချွေး နှင့် အပူဒဏ်များ

• Malassezia globosa လို့ခေါ်တဲ့ ဗောက်ဖြစ်စေတဲ့ ဘက်တီးရီးယားတစ်မျိုးဟာ နေရောင်ခြည်ပူပြင်းပြီး ချွေးထွက်တဲ့အခါမျိုးမှာ ရှင်သန်မှုအားပိုမိုကောင်းမွန်လာကာ ဗောက်ပိုထစေနိုင်ပါတယ်။ ဒါဆိုရင်တော့ သင်္ကြန်အတွက် ဆံပင်စတိုင်တွေက ထင်ထားသလောက် လူတွေအလယ်မှာ မဝင့်ကြွားနိုင်တော့ဘူးပေါ့။

• အပြောင်းအလဲများတဲ့ အပူချိန်ဟာ ဦးရေပြားဆဲလ်တွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် မဏ္ဍပ်ပေါ်မှာပဲဖြစ်ဖြစ်၊ ကားနဲ့လျှောက်လည်တဲ့ အချိန်မှာပဲဖြစ်ဖြစ် ရန်ကုန်ရဲ့ ပြင်းထန်တဲ့အပူဒဏ်နဲ့ ရေရဲ့ အအေးဒဏ်ကို တစ်လှည့်စီ ခံစားနေရမှာဖြစ်ပါတယ်။

အညစ်အကြေး၊ ဖုန် နှင့် ဓာတုဗေဒပစ္စည်းများ

• သင်္ကြန်အချိန်မှာ နေရောင်ခြည်အောက် အချိန်အကြာကြီးရှိနေပြီး လေထုညစ်ညမ်းမှုတွေ နဲ့ အချိန်ကြာကြာ တိုက်ရိုက် ထိတွေ့နေတာတွေက ဦးရေပြားရဲ့  သဘာဝကာကွယ်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။  ကာကွယ်နိုင်စွမ်း နည်းလာတာနဲ့အမျှ ဗောက်ဖြစ်နိုင်ချေလည်း ပိုများလာနိုင်ပါတယ်။

• ဖုန်မှုန့် အညစ်အကြေးတွေနဲ့ အဆီတွေက အရေပြားဆဲလ်သေတွေနဲ့ တွေ့တဲ့အခါမှာ အလွှာလိုက်ကွာကျပြီး အဆင်မပြေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင်္ကြန်မှာ တစ်နေ့လုံး ရေကစားပြီး ပြန်လာတဲ့အချိန်မှာ ခေါင်းကို သေချာလျှော်ပေးဖို့လိုပါတယ်။

• သင်္ကြန်အချိန်ဟာ ယောက်ျားလေးတွေရော မိန်းကလေးတွေပါ မတူကွဲပြားတဲ့ ဆံပင်အရောင်တွေနဲ့ လွတ်လပ်စွာ ဖော်ပြကြတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်တွေမှာ ဦးရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေပြီး ခေါင်းယားစေနိုင်တဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်တဲ့ ယာယီ ဆံပင်ဆိုးဆေးတွေနဲ့ ခေါင်းလိမ်းဆီတို့ကို ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။

ဒါကြောင့် သင်္ကြန်မှာ ကျွန်ုပ်တို့ရဲ့ ဆံသားတွေကို ကာကွယ်ဖို့နဲ့ ဗောက်လုံးဝရှင်းဖို့ကတော့ ခေါင်းလျှော်မယ့်အချိန်တိုင်းမှာ CLEAR လို ဗောက်ပျောက်ခေါင်းလျှော်ရည်ကို အသုံးပြုဖို့ပါပဲ။

CLEAR ရဲ့ ICE COOL MENTHOL နဲ့ CLEAR MEN (COOL SPORT MENTHOL) SHAMPOO စွမ်းဆောင်ချက်တွေကတော့ -

• CLEAR ရဲ့ ICE COOL MENTHOL နဲ့ CLEAR MEN (COOL SPORT MENTHOL) SHAMPOO တွေမှာ အဓိကအားဖြင့် ဗီတာမင် ၁၀ မျိုးနဲ့ ဦးရေပြားကို အားဖြည့်ပေးပြီး ဗောက်ထခြင်းကိုကာကွယ်နိုင်တဲ့ သတ္တုပစ္စည်းတွေနဲ့ ပေါင်းစပ်ထားတဲ့ Nutrium 10 ပါဝင်ပါတယ်။

• Nutrium 10 ဟာ ဦးရေပြားပြဿနာတွေကို ဟန့်တားနိုင်ရုံသာမက ဆံသားကိုလည်း အရင်းကနေ အဖျားထိ သန်စွမ်းစေပါတယ်။ ဒါကြောင့် Clear နဲ့ဆို သင်္ကြန်မှာ အဆုံးစွန်သော လန်းဆန်းမှုကို ခံစားရရှိရုံသာမက ဆံနွယ်တွေဟာလည်း စတိုင်ကျလှပနေမှာဖြစ်ပါတယ်။

သင်္ကြန်ရဲ့ အဆုံးစွန်သော လန်းဆန်းမှုကို ခံစားနိုင်ဖို့ CLEAR နဲ့အတူ ဆင်နွှဲမယ်ဆိုရင်တော့ ရန်ကုန်မှာဆိုရင် ၁၉ လမ်း၊ တရုတ်တန်း (Skynet မဏ္ဍပ်အနီး) နဲ့ ၇မိုင်၊ ပြည်လမ်း (VeVe မဏ္ဍပ်အနီး)၊ မန္တလေးမှာတော့ ၂၆ လမ်း၊ ၇၀-၇၁ ကြားနှင့် အမှတ် ၁၂ လမ်းမကြီး၊ IC မဏ္ဍပ်အနီး (မန္တလေးကျုံး မြောက်ဘက်) တို့မှာ ပါဝင်ဆင်နွှဲလို့ရပါတယ်။

Clear ခေါင်းလျှော်ရည်အကြောင်း ပိုမိုသိရှိလိုပါက အောက်ဖော်ပြပါ Link မှတစ်ဆင့် Clear Myanmar Facebook Page မှာလည်း ဝင်ရောက် လေ့လာနိုင်ပါတယ်။
www.facebook.com/Clear-Myanmar-576493995834390/

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ