play

 

CRM ဆိုတာကတော့customer ကိုယ်တိုင် ဘဏ်ကိုသွားရောက်ရန်မလိုဘဲ စက်ကနေ တဆင့်ကိုယ်တိုင်(၂၄)နာရီပိတ်ရက်မရှိငွေသွင်းငွေထုတ်ပြုလုပ်နိုင်ဖို့ဘဏ်ကနေ ၀န်ဆောင်မှုပေးထားတဲ့စက် တစ်မျိုးပဲ ဖြစ်ပါတယ်။

CRM စက်တွေကို သက်ဆိုင်ရာဘဏ်ကနေထုတ်ပေးထားတဲ့ ငွေပေးချေမှု ကတ်အမျိုးအစားအားလုံးနဲ့ အသုံးပြု နိုင်ပါတယ်။ CRM စက်တွေမှာငွေထည့်သွင်းမယ် ဆိုရင်တစ်ကြိမ်ကို ရွက်ရေအများဆုံး ၁၀၀ ထိထည့်သွင်း နိုင်ပါတယ်။ CRM စက်ကနေတဆင့် ဘဏ်စာရင်းတစ်ခုအတွက် တစ်နေ့တာအတွင်း အသွင်း၊ အထုတ် လုပ်နိုင်တဲ့ ပမာဏ အကန့်အသတ်အတွင်းမှာ ငွေသွင်းတာ၊ငွေထုတ်တာ တို့ကိုလုပ်ဆောင်နိုင်ပါတယ်။

CRM စက်ကိုအသုံးပြုသူတွေအနေနဲ့ ငွေထည့်သွင်းပြီးသွားတဲ့အခါမှာ လက်ခံဖြတ်ပိုင်းအပြင် ကိုယ့်ဘဏ်စာရင်း ရဲ့ Mini Statement ကိုပါထုတ်ယူခြင်း၊ ATM ကတ်ထည့်သွင်းပြီး ငွေလက်ကျန်စစ်ဆေးခြင်းနဲ့ Mobile Banking ကနေတဆင့်စစ်ဆေးခြင်းနည်းလမ်းတွေနဲ့ ကိုယ့်ဘဏ်စာရင်းထဲကို ငွေဝင်၊မဝင်ဆိုတာကို အတည်ပြု နိုင်ပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာပထမဦးဆုံးအနေနဲ့ CB ဘဏ်က သူ့ရဲ့ ATM ကတ်ကိုကိုင် ဆောင်ထားတဲ့ Customer တွေအတွက် CRM စက်တွေနဲ့ဝန်ဆောင်မှု ပေးနေပြီဖြစ်ပါတယ်။ CB ဘဏ်ရဲ့ CRM စက်တွေ မှာ မြန်မာကျပ်ငွေ ၁၀၀၀ကျပ်၊ ၅၀၀၀ ကျပ်နဲ့ ၁၀၀၀၀ ကျပ်တန်တွေကို ငွေသွင်း၊ငွေထုတ်ပြုလုပ်နိုင်ပြီး CB ဘဏ် MPU ကတ်နဲ့ချိတ်ဆက်ထားတဲ့စာရင်းထဲကို ငွေထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

CB ဘဏ်ရဲ့ CRM စက်မှာ ဘဏ်စာရင်းတစ်ခုအတွက်တစ်ရက်ကိုအများဆုံးကျပ်၁၀သိန်း အထိထည့်သွင်းခြင်း၊ထုတ်ခြင်းတွေပြုလုပ်နိုင်ပြီးသတ်မှတ်ပေးထားတဲ့ငွေ စက္ကူအမျိုးအစား တွေကို တစ်ကြိမ်လျှင် ရွက်ရေ ၁၀၀ ထိဆောင်ရွက်ပေးပါတယ်။ CB ဘဏ် MPU ကတ်နဲ့ ငွေသွင်း၊ငွေထုတ်ပြုလုပ်ရာမှာ Customer အနေနဲ့ မိမိပြုလုပ်ထားတဲ့ ကတ်နဲ့ ဇုံတူတဲ့နေရာက CRM စက်တွေမှာဆိုရင် အခမဲ့ဆောင်ရွက်နိုင်မှာဖြစ်ပြီး နယ်ကျော်ဆောင်ရွက်မှု တွေအတွက် ၁၀၀ ကျပ်ကို ၁၀ ပြားနှုန်းနဲ့ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

CRM စက်ကို ငွေထည့်သွင်းတဲ့အခါမှာ တိပ်ကပ်ထားတဲ့ပိုက်ဆံတွေ၊ ပျက်စီးနေတဲ့ပိုက်ဆံတွေထည့်မိပါရင်ပြန်ထွက်လာနိုင်ပါတယ်။ CB ဘဏ်ရဲ့ CRM အသုံးပြုတဲ့ Customer တွေအနေနဲ့ အထူးသတိပြုရမယ့် အချက်တစ်ချက်ကတော့ ကိုယ်ထည့် သွင်းမယ့်ငွေပမာဏအတိုင်း စက်ကစစ်ဆေးအတည်ပြုပြီး စာရင်းကိုလွှဲသွင်းပေးသွား မှာဖြစ်တဲ့အတွက် စက်ကဖော်ပြတဲ့ပမာဏကို Transaction ဆောင်ရွက်ခြင်းသဘော တူညီမှုမလုပ်ခင် စစ်ဆေးအတည်ပြု ဖို့ပါပဲ။

ဒါကြောင့်အခုဆိုရင် CB ဘဏ်ရဲ့ဝန်ဆောင်မှုနဲ့ ငွေသွင်း၊ ငွေထုတ်တာနဲ့ပတ်သက်ပြီး ဘဏ်ကိုအချိန်ပေးသွား ရောက်ဆောင်ရွက်ဖို့မလိုတော့ဘဲ နီးစပ်ရာ CRM စက်တွေမှာ ၂၄ နာရီ၊ ၇ရက်လုံး လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ပြီပဲ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေထပ်မံသိရှိလိုပါက CB Bank ရဲ့ website -

http://www.cbbank.com.mm/ နဲ့ Official Facebook page -

https://www.facebook.com/CBBankmyanmar/photos/a.169355813107751.31254.157847024258630/1087348084641848/?type=3&theater တို့မှာဝင်ရောက်ကြည်ရှု့နိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video