ဥပမာ သံပုရာရည်မှာ ဆိုရင် pH (၂.၂) ပဲ ပါဝင်တဲ့အတွက် အက်ဆစ်ပမာဏအလွန်မြင့်မားပါတယ်။

ငယ်ငယ်တုံးက သိပ္ပံအတန်းထဲမှာ pH (potential of hydrogen) လယ်ဗယ်တွေအကြောင်းသင်ခဲ့ရဖူးမှာပေါ့။ သောက်လို့ရတဲ့ ရေသန့်မှာဆိုရင် pH လယ်ဗယ် (၇) ပါရှိပြီး (၇) အောက်ဆိုရင် အက်ဆစ်များတဲ့ဘက်ရောက်သွားပါတယ်။ ဥပမာ သံပုရာရည်မှာ ဆိုရင် pH (၂.၂) ပဲ ပါဝင်တဲ့အတွက် အက်ဆစ်ပမာဏအလွန်မြင့်မားပါတယ်။ pH လယ်ဗယ် (၇) ထက်များရင်တော့ အယ်လ်ကာလီ ပမာဏများတယ်လို့ ယေဘုယျယူဆနိုင်ပါတယ်။



အက်ဆစ်ပါဝင်မှုများတဲ့ အစားအသောက်တွေကို အယ်လ်ကာလီပါဝင်မှုများတဲ့ အစားအသောက်တွေနဲ့ အစားထိုးခြင်းဖြင့် ခန္ဓာကိုယ်တွင်း pH လယ်ဗယ်ကို ထိန်းညှိပေးနိုင်မယ်ဆိုတဲ့ အယူအဆရှိပါတယ်။ ပရိုတိန်း၊ ဖော့စဖရိတ်နဲ့ ဆာလ်ဖာကြွယ်ဝတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်မှာ အက်ဆစ်ပမာဏများပြားစေပါတယ်။

 

ကယ်လ်ဆီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ် ပါဝင်တဲ့ အစားအသောက်တွေကတော့ အယ်လ်ကာလီပမာဏကို မြှင့်တင်ပေးပါတယ်။ အသား၊ ငါး၊ ကြက်ဥ၊ နို့ထွက်ကုန်၊ အရက်ဘီယာနဲ့ အစေ့အဆန်အများစုကတော့ အက်ဆစ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို အယ်လ်ကာလီပမာဏပြန်လည်ဖြည့်တင်းပေးခြင်းဖြင့် ကိုယ်တွင်း pH ပမာဏကို ထိန်းညှိပေးနိုင်တဲ့ အစားအသောက်တွေကတော့...

၁။ အယ်လ်မွန်စေ့ နဲ့ အယ်လ်မွန်နို့

crunchy.jpg 

အယ်လ်မွန် (almond) စေ့တွေဟာ အရသာရှိပြီး ကျန်းမာရေးနဲ့အသင့်တော်ဆုံး အစားအသောက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နောက်ပြီး သူတို့ဟာ အယ်လ်ကာလီ ကြွယ်ဝတဲ့ အစားအစာတွေလည်း ဖြစ်ကြပါတယ်။ အယ်လ်မွန်စေ့တွေဟာ ကြွက်သားဖွံ့ဖြိုးရေး၊ ကိုလက်စထရောလျှော့ချရေးနဲ့ အဆီကျရေးတွေမှာ ကူညီပေးနိုင်တဲ့အရာတွေလည်း ဖြစ်ပါတယ်။

၂။ ဟင်းနုနွယ်ရွက်

spinach-plant1.jpg 

အိမ်ကအမေတွေ ကျွန်တော်တို့ကို ဟင်းနုနွယ်ရွက်ကြော်ကို တုတ်မိုးပြီး စားခိုင်းတာအကြောင်းရှိပါတယ်။ ဟင်းနုနွယ်ရွက်တွေမှာ ဗိုက်တာမင်တွေ၊ သတ္ထုဓာတ်တွေ အလွန်ကြွယ်ဝစွာ ပါဝင်ရုံသာမက ကိုယ်တွင်းအက်ဆစ်ဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။

၃။ ဂေါ်ဖီထုပ်

Cabbage11.jpg 

ဂေါ်ဖီထုပ်တွေဟာ ချိုမြတဲ့အရသာရှိပြီး ကြော်စားစား၊ ပြုတ်စားစား စားလို့ကောင်းတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်း အလွန်ကောင်းမွန်ပြီး အက်ဆစ်ပမာဏကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။

၄။ အာလူး

potatoes.jpg 

အာလူးမှာတော့ ခန္ဓာကိုယ်တွင်း အက်ဆစ်ကြွယ်ဝမှုကို ထိန်းချုပ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် သူ့မှာလည်း အယ်လ်ကာလီကြွယ်ဝပါသေးတယ်။ ဒီတော့ အမေ အာလူးဟင်းချက်ရင် ဟင်း မကောင်းဘူး အော်ပြီး ထွက်မပြေးပါနဲ့။ စားဖြစ်အောင်စားလိုက်ပါ။

၅။ ကညွှတ်

roasted-asparagus-horiz-a-1600.jpg 

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့ လက်တွဲတာက ဘယ်တော့မှ မမှားပါဘူး။ ကညွှတ်တွေမှာ ခန္ဓာကိုယ်အတွက် အကျိုးရှိမယ့် အယ်လ်ကာလီအကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ တကယ်တမ်း ပြောရရင် ကညွှတ်တွေဟာ အယ်လ်ကာလီအကြွယ်ဝဆုံး အစားအသောက်တွေပါပဲ။ အစားအသောက်တွေအကုန်လုံးကို အယ်လ်ကာလီဘယ်လောက်ကြွယ်ဝလဲဆိုတဲ့ စံနှုန်းနဲ့ တိုင်းတာလိုက်မယ်ဆိုရင် ကညွှတ်ပင်က ထိပ်ဆုံးနားမှာ စာရင်းဝင်ပါတယ်။

Source: youngisthan


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က