AD
AD
AD

ကမ္ဘာ့အသက်အငယ်ဆုံး DJ အဖြစ်နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်တင်အဖွဲ့က မှတ်တမ်းတင်ပေးလိုက်သူလေးဟာ အသက် ၅ နှစ်သာ ရှိသေးတဲ့ ကောင်လေးတစ်ဦးပါ။ သူ့နာမည်က DJ Arch Jnr လို့ ခေါ်ပါတယ်။

play

 

တောင်အာဖရိကရဲ့ Got Tanlent ပြိုင်ပွဲမှာ ၂၀၁၅ ခုနှစ်က ဆုရရှိခဲ့ပြီးနောက် ကမ္ဘာ့အသက်အငယ်ဆုံး ကလပ် DJ အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ Arch Jnr ဟာ Got Talent ပြိုင်ပွဲမှာ တင်ဆက်ပြသစဉ်ကတည်းက ဂင်းနစ်မှတ်တမ်းဝင်ဖို့ မျှော်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်တင်အဖွဲ့က ကလပ်တစ်ခုမှာ အနည်းဆုံး မိနစ် ၆၀ ကြာ လက်တွေ့ DJ တီးခိုင်းစေခဲ့ပါတယ်။

 

အဲ့ဒီနောက် တောင်အာဖရိက၊ Johannersburg ဒေသ၊ Cosmo City မှာရှိတဲ့ Platinum Lounge Bar မှာ Arch Jnr လေးက လက်တွေ့ တီးပြခဲ့ပါတယ်။ သူ့ရဲ့ လက်တွေ့တင်ဆက်မှုကို ပရိသတ်ပေါင်း ၁၀၀ ကလည်း နားဆင်ခဲ့ကြပါတယ်။ လက်တွေ့တင်ဆက်ပြီးနောက်မှာတော့ Arch Jnr လေးကို ကမ္ဘာ့အသက်အငယ်ဆုံး DJ အဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်တင်အဖွဲ့က မှတ်တမ်းတင်လိုက်ပါတယ်။

play

ယခုနှစ် မတ်လတုန်းက ကမ္ဘာ့အသက်အငယ်ဆုံး ကလပ် DJ အဖြစ် စံချိန်တင်ခဲ့တဲ့ ဂျပန်ကလေးငယ် Itsuki Morita ရဲ့ စံချိန်ကို Arch Jnr လေးက ကျော်ဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

 

မိုရီတာလေးက အသက် ၆ နှစ်ရှိပြီး Arch Jnr လေးကတော့ ဂင်းနစ်မှတ်တမ်းတင်တဲ့နေ့မှာ အသက် ၅ နှစ်နဲ့ ၃၈ ရက်သာ ရှိပါသေးတယ်။

Source : GWR

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD