Lifestyle: ပရိသတ်တွေ သဘောကျခဲ့တဲ့ Duwun Talks

, updated

အောင်မြင်တဲ့ လူငယ်လုပ်ငန်းရှင်တွေက သူတို့ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို မျှဝေခဲ့ပါတယ်။

play

 

ဓူဝံမီဒီယာ နဲ့ CHIVAS: The Venture တို့ပူးပေါင်းပြီး အိပ်မက်များမှသည် လက်တွေ့အောင်မြင်မှုများဆီသို့ ခေါင်းစဉ်ဖြင့် Duwun Talks အစီအစဉ်ကို သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ Park Royal ဟိုတယ်မှာကျင်းပခဲ့ပါတယ်။

ဒီ Duwun Talks အစီအစဉ်ကို အတွေ့အကြုံရှိ လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ ကိုဟန်ဇော်လတ်၊ ကိုရဲမြတ်မင်းနဲ့ မစံပယ်အောင်တို့က ပါဝင်ဆွေးနွေးခဲ့ပြီး ကိုဇင်ဇေလွင်က ဆွေးနွေးပွဲကို ပံ့ပိုးတင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

play

 

လာရောက်ဆွေးနွေးတဲ့သူတွေက စီးပွားရေးလုပ်ငန်းတွေကို သက်ဆိုင်နယ်ပယ်အလိုက် ဦးဆောင်ဖြတ်သန်းနေကြပြီး အောင်မြင်တဲ့လူငယ်လုပ်ငန်းရှင်တွေဖြစ်တာကြောင့် တက်ရောက်တဲ့သူအများစုက လူငယ်တွေဖြစ်ခဲ့ပြီး စုစုပေါင်းလူဦးရေ ၁၅၀ ကျော်တက်ရောက်ခဲ့ပါတယ်။

ပါဝင်ဆွေးနွေးသူလေးဦးက မိမိတို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ၊ လုပ်ငန်းဆောင်ရွက်ခဲ့ရာမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းမျှဝေဆွေးနွေးခဲ့လို့ ပရိသတ်တွေသဘောကျနှစ်ချိုက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

play

 

ပါဝင်ဆွေးနွေးသူလေးဦးက မိမိတို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ၊ လုပ်ငန်းဆောင်ရွက်ခဲ့ရာမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းမျှဝေဆွေးနွေးခဲ့လို့ ပရိသတ်တွေသဘောကျနှစ်ချိုက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Miss Golden Land Myanmar Organization တည်ထောင်သူနဲ့ ဖြစ်တဲ့ ကိုဟန်ဇော်လတ်ရဲ့ လုပ်ငန်းဖြတ်သန်းမှုအတွေ့အကြုံနဲ့ အခက်အခဲတချို့တွေကို မျှဝေဆွေးနွေးခဲ့ရာမှာ အောက်ဆုံးဘ၀ကနေ ထိပ်ဆုံးဘ၀ကိုရောက်ရှိလာခဲ့တဲ့ဖြစ်ရပ်တွေကတော့ ဆွေးနွေးပွဲကို တက်ရောက်လာကြသူတွေအတွက် အံသြစရာဖြစ်ခဲ့ပါတယ်။

play

 

Nature Dreams Travels & Tours တည်ထောင်သူဖြစ်ပြီး စာရေးဆရာမတစ်ယောက်လည်းဖြစ်တဲ့ မစပယ်အောင်ကတော့ အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦးဖြစ်လာဖို့ ကြိုးစားခဲ့တဲ့နေရာမှာ မိဘစကားနားထောင်နေရင် ဘုရားတောင်ဘုရားမဖြစ်ဘူးဆိုတဲ့ ဥပမာခိုင်း ပြောခဲ့တဲ့ စကားကိုလည်း ပရိသတ်တွေသဘောကျခဲ့ပါတယ်။

play

 

အိုင်တီပညာရှင်တစ်ဦးဖြစ်တဲ့ NEX Digital Solution တည်ထောင်သူနဲ့ စီအီးအိုလည်းဖြစ်တဲ့ ကိုရဲမြတ်မင်းကလည်း အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦးဖြစ်လာဖို့ မိဘအထောက်အပံမပါဘဲ ခြေဖ၀ါး၊လက်ဖ၀ါးနဲ့ လုပ်ငန်းစတင်ချိန်မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကိုလည်း အကောင်းဆုံးမျှဝေဆွေးနွေးသွားခဲ့ပါတယ်။

ဒီပွဲဖြစ်မြောက်ရေးအတွက် အဓိကကူညီပံ့ပိုးပေးတာကတော့ CHIVAS: The Venture ဖြစ်ပါတယ်။

Photos : Nyi Nyi Zaw

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး