Lifestyle: ဆေးလိပ်ဖြတ်ရန် e-cigarette အသုံးပြုသင့်ဟု ဗြိတိန်ဆရာဝန်များဆို

မှန်ကန်တဲ့ ထုတ်လုပ်စစ်ဆေးမှုတွေ ပြုလုပ်ပါက e-cigarette သောက်သုံးခြင်းက သန်းနဲ့ချီတဲ့ လူ့ဘဝတွေကို ပိုမို တိုးတက်ကောင်းမွန်စေနိုင်ကြောင်း စာမျက်နှာ ၂၀၀ ပါရှိတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

play


ဆေးလိပ်သောက်သူများ ဆေးလိပ်ဖြတ်နိုင်ရန်အတွက် e-cigarette အသုံးပြုသင့်ကြောင်း ဗြိတိန် ဆရာဝန်တွေက ပြောပါတယ်။ The Royal College of Physicians အဖွဲ့အစည်းက e-cigarette က ကျန်းမာရေးအရ ဆေးလိပ်သောက်ခြင်းထက် များစွာ စိတ်ချရပြီး ဆေးလိပ်ဖြတ်ခြင်းအတွက်လည်း အထောက်အကူပြုကြောင်း ပြောပါတယ်။

play


မှန်ကန်တဲ့ ထုတ်လုပ်စစ်ဆေးမှုတွေ ပြုလုပ်ပါက e-cigarette သောက်သုံးခြင်းက သန်းနဲ့ချီတဲ့ လူ့ဘဝတွေကို ပိုမို တိုးတက်ကောင်းမွန်စေနိုင်ကြောင်း စာမျက်နှာ ၂၀၀ ပါရှိတဲ့ ဗြိတိန်ဆရာဝန်တွေရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဗြိတိန်ဆရာဝန်တွေ e-cigarette တွေ တရားဝင်ဖြစ်ခဲ့ပါက ဆေးလိပ်ဖြတ်ရန်အတွက် အထောက်အကူပြု ပစ္စည်းအဖြစ် သုံးနိုင်ကြောင်း ပြောပါတယ်။

play


ဗြိတိန်မှာ ၂၀၀၇ ခုနှစ်မှစပြီး e-cigarette ရောင်းချရမှု ပုံမှန်မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ဗြိတိန်လူငယ် ၂၀ ဦးမှာ တစ်ဦးက e-cigarette သုံးနေပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ