AD
AD
AD

ဒီဇင်ဘာလလည်း ကုန်ခါနီးပြီဆိုတော့ ခရစ္စမတ်ရာသီထဲကိုတောင် တော်တော်ရောက်လာပါပြီ။ နေရာတိုင်းမှာလည်း ခရစ္စမတ် အပြင်အဆင်၊ အခင်းအကျင်းလေးတွေနဲ့ပေါ့။

ဒီတစ်ပတ် ရုံးပိတ်ရက်ကလည်း သောကြာနေ့ ညနေကနေစပြီး ပိတ်လိုက်တာ အင်္ဂါနေ့မနက်မှ ပြန်ဖွင့်မှာဆိုတော့ ခရီးသွားမယ့်သူတွေအတွက်လည်း အဆင်ပြေ၊ အိမ်မှာနားနားနေနေ နေမယ့်သူတွေ အတွက်လည်း အဆင်ပြေတာပေါ့။

ခရစ္စမတ်အကြိုနေ့တွေဖြစ်တဲ့ ဒီဇင်ဘာ (၂၃) ရက်နေ့နဲ့ (၂၄) ရက်နေ့၊ နောက် ခရစ္စမတ်နေ့ (ဒီဇင်ဘာ (၂၅) ရက်နေ့) တို့မှာ ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ ဘာပွဲတွေ၊ ဘာ Event တွေ ရှိမလဲ သိချင်ကြမှာပေါ့။ အဲဒီလိုသိချင်သူတွေအတွက် အဆင်ပြေအောင် တစ်နေရာတည်းမှာ စုစည်းပေးထားပါတယ်။

၁။ Cosplay Event

play
Credit to Wun Zinn Facebook Page
 

Wun Zinn App မှ ကြီးမှူးကျင်းပမယ့် Cosplaty Event လေးကတော့ ဗိုလ်ချုပ်လမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်က Junction City မှာ ပြုလုပ်ကျင်းပမှာဖြစ်ပါတယ်။ ပွဲရက်ကတော့ ဒီဇင်ဘာ (၂၃) ရက် (စနေနေ့) ပဲဖြစ်ပါတယ်။ Wun Zinn app မှာ တင်ပြီး ရောင်းချမှာဖြစ်တဲ့ Tezuka ဂျပန်ကာတွန်းစာအုပ်လေးတွေကို မိတ်ဆက်ရင်း Cosplay Event ကိုပါ တစ်ခါတည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Cosplay Event မှာ မိမိတို့နှစ်သက်ရာ ဇာတ်ကောင်အသီးသီးအတိုင်း ပုံစံတူလိုက်ပါ ဝတ်ဆင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းဆိုပြိုင်ပွဲတို့၊ ကံစမ်းမဲအစီအစဉ်တို့လည်း ပါသေးတာမို့ ခရစ္စမတ် အကြိုနေ့မှာ ဗိုလ်ချုပ်လမ်းပေါ်က ခရစ္စမတ် အပြင်အဆင်လေးတွေ၊ Junction City ရှေ့က ခရစ္စမတ် အပြင်အဆင်လေးတွေနဲ့အတူ ဓာတ်ပုံရိုက်ရင်း ပျော်ပျော်ပါးပါး ဝင်ရောက်ဆင်နွှဲနိုင်တဲ့ Event လေးပဲ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ နေ့လည် (၁၁) နာရီကနေ ညနေ (၄) နာရီထိပဲ ဖြစ်ပါတယ်။

၂။ Chaung Thar EDM Night (C.E.N)

play
Credit to: chaungthaEDMnight Facebook Page
 

ခရစ္စမတ်ကာလမှာ ရန်ကုန်မြို့ပြလူနေမှုကနေ ခဏလောက်ရုန်းထွက်ပြီး သူငယ်ချင်းတွေနဲ့အတူ သဲသောင်ပြင်ပေါ်မှာ ကဲချင်၊ rave ချင်တဲ့သူတွေအတွက်ကတော့ Chaung Thar EDM Night (C.E.N) ပွဲ ရှိပါတယ်။ မြန်မာနိုင်ငံသား DJ တွေရဲ့ EDM ဂီတသံတွေနဲ့အတူ ကဲမယ်၊ ခုန်မယ်ဆိုရင်တော့ ပင်လယ်ပြင်လေတိုးသံလေးတွေ၊ လှိုင်းခတ်သံလေးတွေနဲ့အတူ ဒီပွဲလေးက သင့်ကို ကြိုဆိုနေမှာပါ။

နေရာကတော့ ချောင်းသားကမ်းခြေ၊ Golden Bay Resort ဟိုတယ်မှာဖြစ်ပြီး ကျင်းပမယ့်နေ့ရက်ကတော့ ခရစ္စမတ်အကြိုနေ့ (ဒီဇင်ဘာ (၂၄) ရက်နေ့) ညနေ (၄) နာရီကစပြီး နောက်တစ်နေ့ ခရစ္စမတ်နေ့ (ဒီဇင်ဘာ (၂၅) ရက်နေ့) မနက် (၁) နာရီထိ တောက်လျှောက်ကဲရမှာဖြစ်ပါတယ်။ ပွဲလက်မှတ်တွေကိုတော့ myanpwel.com မှာ ဝယ်ယူရရှိနိုင်ပါတယ်။

၃။ မိဘမဲ့ကလေးများ ပညာရေးရန်ပုံငွေပွဲ

play
Credit to: Getchrd Facebook Page
 

EDM ပွဲတွေကို စိတ်မဝင်စားဘူးဆိုရင်တော့ မြေနီကုန်းနားက ပြည်သူ့ရင်ပြင်ထဲမှာ ပါဝင်ဆင်နွှဲလို့ရတဲ့ ပွဲတစ်ပွဲရှိပါသေးတယ်။ အဲဒါကတော့ မိဘမဲ့ကလေးတွေရဲ့ ပညာရေးအတွက် ရံပုံငွေရှာဖွေတဲ့ ပျော်ပွဲရွှင်ပွဲနဲ့ ဈေးရောင်းပွဲတော်လေးပဲ ဖြစ်ပါတယ်။ ရဲရင့်အောင်၊ ပိုပို၊ ဖြိုးပြည့်စုံတို့ရဲ့ ဖျော်ဖြေမှုတွေအပြင် ပျော်ရွှင်စရာ ကစားနည်းလေးတွေကိုလည်း ကစားနိုင်မှာပါ။

နောက်ပြီး ဈေးရောင်းပွဲမှာ ရောင်းချမယ့် မုန့်မျိုးစုံကိုလည်း ဝယ်စားနိုင်ပါသေးတယ်။ ပွဲကျင်းပမယ့်နေရာကတော့ ပြည်သူ့ရင်ပြင်ထဲက စမ်းချောင်းသာစကိတ်ကွင်းမှာဖြစ်ပြီး ပွဲကျင်းပမယ့် နေ့ရက်နဲ့အချိန်ကတော့ ဒီဇင်ဘာလ (၂၄) ရက်နေ့ မနက် (၉) နာရီကနေ ညနေ (၅) နာရီထိ ဖြစ်ပါတယ်။

၎။ ပျော်ရွှင်စရာ ခရစ္စမတ် အချိန်အခါ

play
Credit to: City Mall Facebook Page
 

ပျော်ရွှင်စရာ ခရစ္စမတ် အချိန်အခါဆိုတဲ့ event လေးကတော့ ပြည်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့်က St. John City Mall မှာ ကျင်းပပြုလုပ်မယ့် ပွဲလေးပဲဖြစ်ပါတယ်။ နာမည်လေးနဲ့ လိုက်အောင်ပဲ ခရစ္စမတ်ကာလမှာ ခရစ္စမတ် အငွေ့အသက် အပြည့်အဝ ရရှိစေဖို့ ကူညီပေးမှာပါ။ ပွဲရက်တွေကတော့ ဒီဇင်ဘာ (၂၄) နဲ့ (၂၅) ရက်နေ့တွေဖြစ်ပြီး အဆိုတော်တွေရဲ့ ဖျော်ဖြေမှုအစီအစဉ်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD