Lifestyle: Facebook ကြော်ငြာကိုမြင်ပြီး သင့်ဆိုင်ကို Customer ရရှိအောင်လုပ်နိုင်မယ့် နည်းလမ်းများ

Facebook မှာကြော်ငြာလုပ်တဲ့အခါ အသက်အရွယ်အားဖြင့်သော်လည်းကောင်း၊ စိတ်ဝင်စားမှုအားဖြင့်သော်လည်းကောင်း ပစ်မှတ်ထားပြီးကြော်ငြာလို့ရပါတယ်။

play

 

(၁) Target ကိုတိတိကျကျရွေးပါ။

Facebook မှာကြော်ငြာလုပ်တဲ့အခါ အသက်အရွယ်အားဖြင့်သော်လည်းကောင်း၊ စိတ်ဝင်စားမှုအားဖြင့်သော်လည်းကောင်း ပစ်မှတ်ထားပြီးကြော်ငြာလို့ရပါတယ်။(ဥပမာ - သင့်အနေနဲ့ဖုန်းဆိုင်ဖွင့်ထားတယ်ဆိုရင် ဖုန်းနဲ့ပတ်သက်ပြီး အများဆုံးစိတ်ဝင်စားနိုင်မယ့် သူတွေဖုန်းခဏခဏလဲတဲ့သူတွေ၊ (လူငယ်တွေ အသက် 18 နှစ်ကနေ 38 အတွင်း)လူတွေကို အဓိကထား Tareget လုပ်သင့်ပါတယ်။ တချို့ဆိုင်တွေက ဒီအချက်ကို သတိမထားမိဘဲ အသက် ၁၈ နှစ်ကနေ ၆၀ အထိ လူအားလုံးကို Target လုပ်လိုက်တဲ့အခါ ရွေးချယ်လိုက်တဲ့ Target ကကျယ်သွားပြီး ကိုယ့်ရဲ့ပစ္စည်းကို စိတ်မ၀င်စားတဲ့သူတွေကို သွားပြမိတဲ့အခါ ကြော်ငြာမထိရောက်တာမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။

(၂) နေရာဒေသ (Location) အလိုက် ရွေးချယ်ပြီးကြော်ငြာပါ။

Location ရွေးတဲ့အခါမှာလည်း ကိုယ်ပစ်မှတ်ထားတဲ့နေရာဒေသအလိုက် အနည်းဆုံး10 မိုင်အထိ ရွေးချယ်ပြီး ကြောငြာလို့ရပါတယ်။(ဥပမာ - လသာကစားသောက်ဆိုင်ဆိုရင် 10 မိုင်ဝန်းကျင်ကို ပြတာထက် 3မိုင်ပတ်ဝန်းကျင်လောက်ကိုပဲ ရွေးချယ်ပြီး သင့်ကြော်ငြာကို ပြပေးနိုင်မယ်ဆိုရင် ကြော်ငြာကိုမြင်ပြီး ဆိုင်ကို Customers ရောက်အောင်ပြပေးနိုင်တဲ့နှုန်း ပိုမြင့်လာစေပါတယ်။ လက်ရှိမှာတော့ Facebook က 10 မိုင်ထိပဲကြော်ငြာလို့ရပေမယ့် အခြား Facebook Advertising Platform- Real Results လိုမျိုးတွေမှာတော့ အသေးစိတ်(3 မိုင်အထိ ရွေးပြီးကြော်ငြာလို့ရနေပါပြီ။

(၃) ကြော်ငြာတစ်ခုကို တစ်ကြိမ်မြင်ရုံနဲ့ တုံ့ပြန်မှုပေးလေ့မရှိတာကို သတိပြုပါ။

ကြော်ငြာတစ်ခုကို တစ်ခါတည်းမြင်ရုံနဲ့လူတွေက တုံ့ပြန်မှုပေးလေ့မရှိကြပါဘူး။ (၅) ကြိမ်မှ (၆)ကြိမ်လောက်မြင်မှသာလျှင် သင့်ရဲ့လုပ်ငန်း၊ကုန်ပစ္စည်းအမှတ်တံဆိပ်ကို မှတ်မိသွားပြီး တုံ့ပြန်မှုပေးလေ့ရှိတာကို လေ့လာဆန်းစစ်ချက်များအရ တွေ့ရပါတယ်။ဒါ့ကြောင့် သင့်ကြော်ငြာကို လူတစ်ယောက်တည်းကိုပဲ အကြိမ်အရေအတွက်များများမြင်အောင်ပြပါ။

(၄) A/B Testing လုပ်ပါ။

လုပ်ငန်းတော်တော်များများက ကြော်ငြာလုပ်တဲ့အခါမှာ ကိုကြော်ငြာချင်တဲ့ Post တစ်ခုတည်းကိုပဲ ပုံမှန်အတိုင်းBoost လုပ်တာမဟုတ်ဘဲနဲ့ Advance အနေနဲ့ မတူတဲ့စာသားနဲ့သော်လည်းကောင်း၊ ကွဲပြားတဲ့ပုံအားဖြင့်သော်လည်းကောင်း ပုံစံအမျိုးမျိုးနဲ့စမ်းသပ်ပြီးတော့ ကြော်ငြာလွှတ်သင့်ပါတယ်။(A/B Testing) ခွဲသင့်ပါတယ်။ ဒီလိုမျိုး အနည်းငယ်ကွဲပြားတဲ့ကြော်ငြာအမျိုးမျိုးလွှတ်ပေးခြင်းအားဖြင့် ကိုယ့်Customer ရဲ့အကြိုက်ကိုလည်းသိနိုင်ပြီး မိမိရဲ့ကြော်ငြာထိရောက်မှု ရှိ/မရှိကို တိုင်းတာနိုင်ပါတယ်။(ဥပမာ - ဖက်ရှင်ဆိုင်တစ်ခုဖွင့်ထားတယ်ဆိုရင် ကြော်ငြာလုပ်တဲ့အခါမှာ စာသားတူပြီး ပုံမတူတာမျိုး၊ပုံတူပြီး စာသားမတူအောင်ထားတာမျိုးနဲ့ စမ်းသပ်နိုင်ပါတယ်)။

(၅) Optimize လုပ်ဖို့လိုပါတယ်

ကြော်ငြာလုပ်ပြီးတဲ့အခါမှာလည်း ဘယ်ကြော်ငြာကလူကြည့်များတယ်၊ ဘယ်ဟာကိုတော့နည်းတယ်အစရှိသဖြင့် နောက်ကွယ်ကနေ လိုအပ်သလို ကြိုးကိုင်နိုင်ဖို့လိုအပ်ပါတယ်။

(၆) Page Like ၀ယ်တာမျိုးမလုပ်ပါနဲ့

Page Like ၀ယ်တာမျိုး၊Page ကို Promote လုပ်တာမျိုးကိုတော့ မလုပ်စေချင်ပါဘူး။ မြန်မာနိုင်ငံမှာက Fans တွေအများကြီးရှိမှ လူအထင်ကြီးတာမျိုး၊ Page Popularity ဖြစ်တာ မှားယွင်း ယူဆကြပေမယ့် အမှန်တကယ်တော့ Page Like အများကြီးရှိပြီး Engagement မရှိရင် ထိရောက်မှုမရှိနိုင်ပါဘူး။(ဥပမာ-ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအတွက် အကျိုးရှိမယ့် Fan က အသက် 25 နှစ်အထက် အမျိုးသားတွေဖြစ်သင့်ပါတယ်။ဒါပေမယ့် အသက် 18 20 အရွယ်လူငယ်တွေက သင့်ရဲ့Fans ဖြစ်နေမယ်ဆိုရင် လုပ်ငန်းအတွက် ဘာမှအကျိုးမရှိနိုင်သလို Fans ရှိတာပဲဖြစ်နေပြီး Engagement လည်းရမှာမဟုတ်ပါဘူး။Page ကို Promote လုပ်မယ့်အစား Post ကို Boost လုပ်တာကို အားပေးချင်ပါတယ်။

Real Results Advertising Platform မှာ အသုံးပြုသူ တစ်ယောက်ချင်းဆီရဲ့အရေအတွက် နဲ့ မြင်နိုင်တဲ့ အကြိမ်အရေအတွက်ကို အာမခံထားခြင်း၊ target အသုံးပြုသူများမှ Facebook ပေါ်က ကြော်ငြာကိုမြင်ပြီး ဆိုင်ကို ရောက်ရှိလာနိုင်မယ့် အခွင့်အလမ်းများပြားခြင်း၊ ကြော်ငြာ လိုအပ်ချက်တွေအတွက် အစအဆုံး ဝန်ဆောင်မှုပေးခြင်း တို့ကို လုပ်ဆောင်ပေးလျှက်ရှိပါတယ် ။

Real Result ကနေပြီး သင်ပစ်မှတ်တားတဲ့ အသုံးပြုသူတစ်ဦးချင်းဆီသို့ သင့်ကြော်ငြာကို (၆) ကြိမ်တိတိ ပြပေးဖို့လည်း အာမခံချက်ပေးထားပါတယ်။ Real Results လုပ်ငန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Email: realresults@mmrdpub.com ၊ Phone: 09 44800 1662 ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ