Lifestyle: စမတ်ဖုန်းနှင့် facebook တိုက်ရိုက်အသုံးပြုလျှင် အကောင်းမြင်စိတ်နည်းပါးနိုင်

ကိုယ်ပိုင်စမတ်ဖုန်းတွေကတဆင့် လူမှုကွန်ယက်ဝက်ဆိုက်တွေမှာ ရေးသားပြောဆိုကြခြင်းဟာ အကောင်းမမြင်တဲ့စိတ်ကို ဖြစ်စေရုံသာမက မာနာထောင်လွှားမှုလည်း ပိုဖြစ်စေကြောင်း သုတေသနတစ်ခုက ဖော်ထုတ်လိုက်ပါတယ်။ ကွန်ပျူတာကတဆင့် လူမှုကွန်ယက်ကို အသုံးပြုမယ်ဆိုရင် ဒီလိုဖြစ်နိုင်ချေနည်းပါးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

အထူးသဖြင့် Twitter ၊ Facebook တို့မှာ ရေးသားကြတဲ့အခါ ငါ ၊ ငါ့ရဲ့ဟာ စသဖြင့် သုံးနှုန်းမှု များတဲ့အတွက် မာနာထောင်လွှားမှုကို အလွယ်တကူဖြစ်စေတက်တယ်လို့ သုတေသီတွေက ပြောတာပါ။ လူမှုကွန်ယက်ဟာ ကိုယ့်ကိုကိုယ်မလိုအပ်ပဲ အထင်ကြီးမှုလည်း ဖြစ်စေတယ်ဆိုတာ ယခင်ကတည်းက တွေ့ရှိထားပြီးသား ဖြစ်ပါတယ်။ လန်ဒန်ရွှေပန်းတိမ်တက္ကသိုလ်က မာသီနဲ့အဖွဲ့ဟာ လူမှုကွန်ယက်မှာခြောက်ပတ်အတွင်း တင်ထားတဲ့ အကြောင်းအရာပေါင်း ၂၃၅ သန်းလောက်ကို နည်းပညာကုမ္ပဏီတွေဆီက အကူအညီရယူပြီး လေ့လာခဲ့တာဖြစ်ပါတယ်။ တင်သမျှ အကြောင်းအရာတွေထဲမှာ တူညီတဲ့စာလုံးတွေကို ရှာဖွေခဲ့တာဖြစ်ပါတယ်။ ဥပမာအားဖြင့်လူမှုကွန်ယက်မှာ တင်လိုက်တဲ့ ပို့စ်မှာ ဘယ်လိုစကားလုံးမျိုးပါဝင်ရင် သူ့ရဲ့စိတ်နေစိတ်ထားက ဘယ်လိုရှိတယ်ဆိုတာ တွက်ချက်ခဲ့ကြတာဖြစ်ပါတယ်။

ငါ ၊ ငါ့ရဲ့၊ ငါ့ဟာ ၊ ငါသာလျှင်ဆိုတဲ့ စကားလုံးတွေကို အသုံးပြုသူတွေဟာ မာနအလွန်အမင်းထောင်လွှားတက်သူ တွေဖြစ်တက်ကြတယ်လို့ ပြောပါတယ်။ အချိန်နဲ့တွက်ချက်ပြီးတော့လည်း post တင်သူ၊ tweets လုပ်သူတွေရဲ့ စိတ်နေစိတ်ထားကို မှန်းဆထားတက်ကြပါတယ်။ မနက်ခင်းနဲ့ ညနေခင်းမှာ အများအားဖြင့် လူမှုကွန်ယက်ပေါ် post လုပ်တက်သူတွေဟာ အကောင်းမြင်စိတ် အရမ်းနည်းပါးသူတွေဖြစ်တယ်လို့ လေ့လာမှုက ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ