Lifestyle: Facebook အကြောင်း သင်မသိသေးတဲ့ ၁၁ ချက်

, updated

facebook သုံးစွဲသူတွေထဲ သင်လည်းတစ်ယောက်အပါအဝင် ဖြစ်မယ်ထင်ပါတယ်။ သင်မသိသေးတဲ့ facebook ရဲ့အကြောင်းတွေက တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ယနေ့ကမ္ဘာပေါ်က လူသန်းပေါင်းများစွာ နှစ်ခြိုက်စွာသုံးစွဲနေကြတဲ့ facebook ဟာ ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ယက်ဝက်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။ သင်ဟာ facebook အသုံးပြုတာ ကြာမြင့်နေသည့် တိုင်အောင် ကမ္ဘာ့အအောင်မြင်ဆုံး လူမှုကွန်ယက်အကြောင်း သင်မသိသေးတာတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဟားဗက်တက္ကသိုလ်ကျောင်းသားလေး မာ့ခ်ဇူကာဘတ်တီထွင်လိုက်တဲ့ facebook ဟာယနေ့ကမ္ဘာပေါ်မှာ မရှိမဖြစ်လို့ဆိုရမယ့် အရာတစ်ခုတောင် ဖြစ်လာနေပါပြီ။

play

 

ကဲသင်မသိသေးတဲ့ facebook ရဲ့ထူးဆန်းတဲ့ အကြောင်းတွေကတော အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ facebook ရဲ့ပထမဆုံး ဒီဇိုင်း

play

 

Facebook ကိုပထမဆုံး ဒီဇိုင်းစဆွဲခဲ့တုန်းက အခုမြင်နေရသလို မဟုတ်ခဲ့ပါဘူး။ အမေရိကန်မင်းသား အယ်လ်ပါချီနိုရဲ့မျက်နှာကို ထည့်သွင်းရေးဆွဲထားခဲ့တာဖြစ်ပါတယ်။ ဒီဇိုင်းကို ဇူကာဘတ်ရဲ့သူငယ်ချင်း ရေးဆွဲပေးခဲ့တာဖြစ်ပေမယ့် ဘာကြောင့် ဒီလိုထည့်သွင်းရေးဆွဲခဲ့လဲဆိုတာ အထူးအဆန်းဖြစ်နေဆဲပါ။

၂။ နေ့စဉ် facebook အကောင့်များကို ခိုးယူရန်ကြိုးစားခြင်း

play

 

နေ့စဉ်နဲ့အမျှ facebook အကောင့်တွေကို ခိုးယူဖို့ ကြိုးစားနေမှုဟာ အကြိမ်ရေ ခြောက်သိန်းလောက် ရှိနေပါတယ်။ spam တွေကတဆင့် facebook စာမျက်နှာယောင်ဆောင်ပြီး သင်တို့ရဲ့ အကောင့်တွေကို ခိုးယူဖို့ ကြိုးစားနေကြတာပါ။

၃။ နေ့စဉ်သုံးစွဲမှု

play

 

Facebook အကောင့်ရှိသူတွေထဲမှာ စုစုပေါင်း ၆၄ ရာခိုင်နှုန်းက နေ့စဉ် facebook ဖွင့်ကြည့်ကြပါတယ်။ စုစုပေါင်း ၁ ဘီလီယံကျော်ရှိတဲ့ facebook သုံးစွဲသူတွေထဲက နေ့စဉ် ၆၄ ရာခိုင်နှုန်းသုံးစွဲကြတာ ဖြစ်ပါတယ်။

၎။ လူမှုရေးပြဿနာ

play

 

Facebook ဟာလူမှုရေးပြဿနာတွေကိုလည်း ခေါ်လာလေ့ရှိပါတယ်။ facebook အသုံးပြုရင်း လူမှုရေး အရှုပ်အရှင်းတွေကြောင့် ချစ်သူစုံတွဲ အိမ်ထောင်ကွဲတွေ ဖြစ်လာကြပါတယ်။ လေ့လာမှုတစ်ခုအရ အိမ်ထောင်ကွဲမှု သုံးခုမှာ တစ်ခုက facebook ကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။

၅။ လူ ၇ ဦးမှာ အနည်းဆုံး ၁ ဦး facebook သုံးနေ

play

 

ကမ္ဘာပေါ်မှာ လူဦးရေ သန်းခုနှစ်ထောင်ကျော်ရှိပါတယ်။ လွန်ခဲ့တဲ သြဂုတ်လက ကြေငြာချက်အရ တစ်လလုံးနဲ့ တွက်ကြည့်ရင် facebook အသုံးပြုသူဦးရေ ၁ ဘီလီယံကျော်သွားတယ်လို့ သိရပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ လူ ၇ ဦးကို ၁ ဦးကျ facebook သုံးနေတယ်လို့ ဆိုနိုင်ပါတယ်။

၆။ Unfriend လုပ်ခြင်း

play

 

Facebook ပေါ်မှာ မမြင်ချင်တဲ့လူပုဂ္ဂိုလ်အခြင်းခြင်း unfried လုပ်လေ့ရှိကြပါတယ်။ unfriend လုပ်လို့ လူသတ်မှု ဖြစ်သွားခဲ့တာတောင်ရှိပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက လူတစ်ဦးက facebook ပေါ်မှာ သူ့ရဲ့ သမီးကို unfriend လုပ်သွားတဲ့ စုံတွဲကို သေနတ်နဲ့ ပစ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။

၇။ ခြေရာခံခြင်း

play

 

Facebook  က သင့်ကိုအမြဲခြေရာခံနေပါတယ်။ သင် facebook သုံးရင် ဘယ်လိုဝက်ဘ်ဆိုက်တွေကို ဝင်ရောက်ကြည့်ရှုလဲဆိုတာ အမြဲစောင့်ကြည့်နေပါတယ်။ သင် sing out လုပ်လိုက်ရင်တောင် facebook ကခြေရာခံနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။ အဓိကအချက်ကတော့ ကြေငြာတွေအတွက်ပါ။

၈။ report လုပ်ခြင်း

play

 

Facebook အသုံးပြုသူ သုံးဦးမှာ တစ်ဦးက အမြင်မသင့်တော်တဲ့ page တွေဆီ ရောက်သွားပြီရင် Report လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

၉။ အပြာရောင် ဖြစ်ရခြင်း

play

 

Facebook က အပြာရောင်အဖြစ် တကမ္ဘာလုံးကို လွှမ်းမိုးထားပါတယ်။ အကြောင်းကတော့ facebook ကိုတီထွင်သူ ဇူကာဘတ်ဟာ အနီနဲ့ အစိမ်းရောင်တွေကို သေချာမမြင်နိုင်တဲ့ မျက်စိရောဂါရှိနေလို့ ဖြစ်ပါတယ်။

၁၀။ ဇူကာဘတ်ထံ ရောက်သွားခြင်း

play

 

သင် facebook ဖွင့်တဲ့အခါ www.facebook.com လို့ ရိုက်ပြီးသွားရင် နောက်ဆုံးမှာ /4 ဆိုတာလေး ထည့်ပေးလိုက်ပါ။  အဲဒီအခါ facebook စီအီးအို ဇူကာဘတ်ရဲ့ wall ပေါ်ကို တိုက်ရိုက် ရောက်သွားပါလိမ့်မယ်။  4 နေရာမှာ 5 နဲ့ 6 ကိုပြောင်းထည့်လိုက်ရင်တော့ ခရစ္စဟုဂ်နဲ့ မော့စ်ကိုဗစ်ဇ်တို့ဆီ ရောက်သွားပါလိမ့်မယ်။ ဟုဂ်က ပူးတွဲတည်ထောင်သူဖြစ်ပြီး မော့စ်ကိုဗစ်ဇ်က ဇူကာဘတ်ရဲ့ သူငယ်ချင်းဖြစ်ပါတယ်။ 7 ကိုရိုက်ထည့်ရင်လည်း ဇူကာဘတ်ရဲ့ သူငယ်ချင်း ဟာဆစ် ရဲ့ wall ကိုရောက်သွားမှာ ဖြစ်ပါတယ်။

၁၁။ ပြည့်တန်ဆာ လုပ်ငန်းများ

play

 

ပြည့်တန်ဆာလုပ်ငန်းတွေရဲ့ စုစုပေါင်း ၈၃ ရာခိုင်နှုန်းမှာ facebook page တွေအသီးသီးရှိကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ