သင် facebook ကိုအလွန်အကျွံသုံးစွဲနေတာ ရပ်တန့်ပစ်လိုက်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် ပေါ်လာပါပြီ။ facebook ကိုဆက်မသုံးတော့တဲ့သူတွေက အရင်ကထက် ပိုပြီး ပျော်ရွှင်လာကြသတဲ့။
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ဒီရလဒ်ထွက်လာခဲ့တာဖြစ်ပါတယ်။ facebook သုံးတာရပ်လိုက်တဲ့ သူတွေက facebook ပုံမှန်ဆက်သုံးနေတဲ့သူတွေထက် ပိုပြီးပျော်ပျော်နေနိုင်ကြတာ ဖြစ်ပါတယ်။ Happiness Research Institute ကလုပ်ခဲ့တဲ့လေ့လာမှုအရ facebook မသုံးတော့တဲ့သူတွေဟာ ဘဝကိုလည်း ပိုပြီးကျေနပ်လာကြတယ်လို့ ဆိုပါတယ်။
ဒိန်းမတ်မှာလုပ်ခဲ့တဲ့ ဒီလေ့လာမှုအရ လူပေါင်း ၁၀၉၅ ဦးကို လေ့လာခဲ့တာဖြစ်ပြီး ၆၉ ရာခိုင်နှုန်းသော သူတွေက ကြွားဝါထောင်လွှားချင်လို့ facebook ပေါ်မှာ အကြောင်းအရာတွေ ဝေမျှရေးသားလေ့ရှိတယ်လို့ သိရပါတယ်။ လူမှုကွန်ယက်ဆိုရင် ဘာဆိုဘာမှ ဆက်မသုံးတော့တဲ့အဖွဲ့နဲ့ ပုံမှန်အတိုင်း ဆက်လက်သုံးစွဲခွင့် ပေးတဲ့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး တစ်ပတ်ကြာ လေ့လာခဲ့တာပါ။ တစ်ပတ်ကြာတဲ့အခါ facebook မသုံးတော့တဲ့ သူတွေက ပိုပြီး ပျော်ရွှင်လာကြတယ်လို့ ဆိုပါတယ်။ ဘဝကို ပိုပြီးတော့လည်း အကောင်းမြင်လာကြပါသတဲ့။
Facebook ဆက်သုံးသူ ၃၄ ရာခိုင်နှုန်းက ဝမ်းနည်းမှုဖြစ်ချိန်မှာ facebook မသုံးတော့သူ ၂၂ ရာခိုင်နှုန်းလောက်ပဲ ဝမ်းနည်းမှု ဖြစ်ကြပါတယ်။
Source & photo : www.elitedaily.com, www.pixshark.comk. www.tinybuddha.com