AD
AD
AD

မိမိရဲ့တစ်နေ့တာ အချိန်အများစုကို Facebook ပေါ်မှာ အချိန်ဖြုန်းနေမိတယ်ဆိုရင် ဒါခင်ဗျားတစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ပါဘူး။ Facebook သုံးစွဲသူ လူဦးရေ သန်းနှစ်ထောင်ကျော်ပြီဖြစ်ပြီး ခင်ဗျားဟာ တစ်ကမ္ဘာလုံးနီးပါးကို ချိတ်ဆက်ထားတဲ့ လူမှုကွန်ရက်ရဲ့ အစိတ်အပိုင်းလေးတစ်ခု ဖြစ်ပါတယ်။

play

 

လူတိုင်း၊ လူတိုင်းမှာ Facebook သုံးရတဲ့ ကိုယ်စီရည်ရွယ်ချက်တွေ ရှိကြပါတယ်။ ဒါကို Brigham Young တက္ကသိုလ်က ပါမောက္ခတွေဟာ သုတေသနတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့သုတေသနအရ Facebook သုံးစွဲသူတွေကို ယေဘုယျအားဖြင့် အမျိုးအစား (၅) မျိုး ခွဲခြားနိုင်ပါတယ်တဲ့။

၁။ ဆက်ဆံရေးတည်ဆောက်သူတွေ

play
 

ဆက်ဆံရေးတည်ဆောက်သူတွေက Facebook ကို ဇူကာဘတ်စထောင်ခဲ့တဲ့ ရည်ရွယ်ချက်အတိုင်း Facebook သုံးကြတာပါ။ သူတို့ဟာ စတေးတပ်စ်တွေ အများကြီးတင်ပြီး သူများတွေရဲ့ ပို့စ်တွေအောက်မှာလည်း မှတ်ချက်တွေဝင်ပေးတတ်ကြပါတယ်။ သူတို့က Facebook ကို သူတို့ရဲ့အပြင်ဘဝရဲ့ နောက်ဆက်တွဲတစ်ခုအဖြစ် အသုံးပြုကြပါတယ်။

သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့လည်း Facebook ကတဆင့် ဆက်သွယ်ကြပါတယ်။ သူတို့တွေဟာ နဂိုရှိရင်းစွဲ ဆက်ဆံရေးတွေကို Facebook သုံးပြီး ပိုမိုခိုင်မြဲစေသလို ဆက်ဆံရေးအသစ်တွေကိုလည်း Facebook သုံးပြီး တည်ဆောက်နိုင်ကြသူတွေပါ။

၂။ ရွာဆော်တွေ

play
 

Facebook ပေါ်မှာ ဟိုနားလေး ဟိုဟာဖြစ်ပြီဆိုလည်း share ဒီဟာလေး ဒီဟာဖြစ်ပြီဆိုလည်း share တတ်တဲ့သူတွေကိုလည်း တွေ့ဖူးကြမှာပေါ့။ သူတို့ကျတော့ လက်တွေ့ဘဝနဲ့ အွန်လိုင်းဘဝကြားမှာ ကွက်လပ်တစ်ခုကို ရင်ဆိုင်နေရသူတွေပါ။ ပို့စ်တွေတင်တာ၊ ဓာတ်ပုံတွေတင်တာ၊ သူများရေးတဲ့ စာတွေကို share တာတွေကို စိတ်ရှိတိုင်းလုပ်တတ်ကြပါတယ်။ တစ်နည်းအားဖြင့် သူတို့ရဲ့ facebook account ကို တစ်ချက်လောက်ဝင်ကြည့်လိုက်ရုံနဲ့ သူတို့ဘယ်လိုလူစားမျိုးဆိုတာကို လွယ်လင့်တကူ သိရှိရမှာပါ။

၃။ ဆယ်လ်ဖီကိုကို/ မမတွေ

play
 

သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ မိမိကိုယ်ကိုယ် ပရိုမိုးရှင်းဆင်းဖို့ပါပဲ။ သူတို့တွေဟာ Facebook ပေါ်မှာ သူတို့ရဲ့ အလှဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို "စမီး ခရုလား" လို့၊ "အိပ်တော့မယ်နော်" တို့လို caption လေးတွေထိုးပြီး တင်တတ်ကြပြီး သူများတွေရဲ့ အာရုံစိုက်မှုကို လိုချင်ကြပါတယ်။

သုတေသနတွေအရဆိုရင် သူတို့ဟာ Like တို့၊ Reaction တို့ကို အရမ်းအလေးထားတတ်ကြပြီး ပုံရိပ်ယောင်ကမ္ဘာ (လူမှုကွန်ရက်) ထဲက လူချစ်လူခင်များမှုတွေကြားမှာ သာယာနေတတ်ကြသူများလည်း ဖြစ်ပါတယ်။

၎။ ဟိုကြည့်ဒီကြည့် ပုဂ္ဂိုလ်များ

play
 

Facebook ပေါ်မှာ တွေ့ရအများဆုံး လူတွေကတော့ ဒီလိုလူတွေပါပဲ။ သူတို့ဟာ Facebook သုံးတာကို စူပါမားကက်မှာ window shopping (ဟိုကြည့်ဒီကြည့်) လုပ်သလိုပဲ သဘောထားတတ်ကြပါတယ်။ Like တွေပေးဖို့ထက်၊ ကိုယ်တိုင် စတေးတပ်စ်ရေးဖို့ထက် သူများတွေဘာရေးထားလဲ၊ ဘာတင်ထားလဲကိုပဲ လိုက်ဖတ်တတ်ကြပြီး ပြီးရင်လည်း တိတ်တဆိတ်ပဲ ပြန်ထွက်သွားကြပါတယ်။ တစ်ခါတလေမှာ မှတ်ချက်ဝင်ရေးတတ်ပေမယ့် Facebook ပေါ်မှာ ဟိုကြည့်ဒီကြည့်လုပ်ရတာ ညည်းငွေ့သွားရင် ပြန်ထွက်သွားတတ်ကြသူတွေပါ။ ဒါပေမယ့် မကြာပါဘူး။ ခဏနေရင် အဲဒီလိုပဲ ဟိုကြည့်ဒီကြည့်ပြန်လုပ်ဖို့ ပြန်ဝင်လာပါလိမ့်မယ်။

၅။ ပါလေရာငါးပိချက်များ

စဆရကတွေလို့ အွန်လိုင်းဘန်းစကားမှာ ခေါ်ဝေါ်သမုတ်ကျတဲ့ Facebook သုံးစွဲသူတွေကတော့ ပါလေရာငါးပိချက်တွေပါ။ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး ကိစ္စတိုင်းမှာ ဝင်ပါတတ်ကြပြီး ပို့စ်တင်ရင်တင်၊ မတင်ရင် မှတ်ချက်လိုက်ပေးတတ်ကြသူတွေပါ။ သူတို့ရဲ့ လူမှုကွန်ရက် အသုံးပြုပုံကတော့ ပြင်ပလောကနဲ့ နည်းနည်းအလှမ်းကွာ နေတတ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ နံပါတ် (၄) ဖြစ်တဲ့ ဟိုကြည့်ဒီကြည့်သမားတွေရဲ့ အကြည့်ခံစရာ ပစ်မှတ်တစ်ခုဖြစ်နေတတ်ပြီး တစ်ခါတလေ ဟိုကြည့်ဒီကြည့်သမားတွေရဲ့ ထောက်ခံမှုတွေများလာတဲ့အခါ ဆယ်လီဖြစ်သွားတတ်ပါတယ်။

Source: Reader's Digest

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD