AD
AD
AD
play


တရုတ်နိုင်ငံမှာ ပထမဆုံး ဖွင့်လှစ်မယ့် ရှန်ဟိုင်း ဒစ္စနေအပန်ဖြေစခန်းရဲ့ ရင်သပ်ရှုမောဖွယ် ကောင်းကင်ဓာတ်ပုံများ ဖြစ်ပါတယ်။ ရှန်ဟိုင်း ဒစ္စနေအပန်းဖြေစခန်းကို လာမယ့် ဇွန် ၁၆ ရက်မှာ တရားဝင် ဖွင်လှစ်သွားရန် စီစဉ်ထားပါတယ်။

play


တရားဝင် မဖွင့်လှစ်မီကတည်းက ထောင်နဲ့ချီတဲ့ လာရောက်လည်ပတ်သူတွေ ရှိခဲ့ပါတယ်။ ရှန်ဟိုင်း ဒစ္စနေအပန်းဖြေခစန်းမှာ ၁၉၆ ပေ အမြင့်ရှိတဲ့ ရဲတိုက်အဆောက်အအုံ၊ အပျော်စီးယာဉ်အမျိုးမျိုးနဲ့ ဟိုတယ်တွေ ပါဝင်ပါတယ်။

play


ဧရိယာအကျယ်အဝန်း ၉၆ ဧကပေါ်မှာ တည်ဆောက်ထားတဲ့ ရှန်ဟိုင်း ဒစ္စနေအပန်းဖြေစခန်းကို အင်္ဂါနေ့ (မေလ ၁၀ ရက်) က စမ်းသပ်အဆင့် ဖွင့်လှစ်ခဲ့ပါတယ်။

play


တရုတ်နိုင်ငံမှာ ဒစ္စနေအပန်းဖြေစခန်း တည်ဆောက်မယ့် အစီအစဉ်ကို ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက စီစဉ်ခဲ့ပေမဲ့ တရုတ်ရိုးရာယဉ်ကျေးမှုကို ထင်ဟပ်တဲ့ အပြင်အဆင်များဖြင့် တည်ဆောက်ရန် ဒစ္စနေကုမ္ပဏီက သဘောတူညီခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှာ အကောင်အထည်ဖော်နိုင်ခဲ့ကြေင်း သိရပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD