Food & Recipe: မိုးရွာထဲကားမောင်းမယ်ဆို သတိပြုသင့်တဲ့အချက် (၅) ချက်

မိုးရွာထဲ ကားမောင်းတာဟာ သာမာန်အချိန်ထက် ပိုပြီးသတိထားမောင်းသင့်ရမှာပါ။ အထူးသဖြင့် ခရီးဝေးတွေ သွားမယ်ဆို ဒီအချက်တွေကို သတိပြုသင့်ပါတယ်။

play

 

၁။ စစ်ဆေးပါ

အဓိကအရေးကြီးတာက ကားစတီယာရင်တိုင်၊ ဘရိတ်၊ ကလပ် နဲ့ အချက်ပြမီးတွေကို သေသေချာချာ စစ်ဆေးဖို့ လိုပါမယ်။

play

 

၂။ မီးဖွင့်မောင်းပါ

မိုးသည်းလာချိန်တွေမှာ ရှေ့မီးကြီးကိုဖွင့်ပြီး မောင်းနှင်တာဟာ မိမိကိုယ်တိုင်အတွက်ရော ရှေ့မှာ မောင်းလာတဲ့ကားအတွက်ပါ အန္တရာယ်ကင်းစေပါတယ်။ မိမိကားကို တစ်ဖက်ကားက သတိပြုရှောင်ရှားနိုင်မှာဖြစ်သလို မိမိကိုယ်တိုင်လည်း မြင်ကွင်းကိုပိုပြီးမြင်ရတာကြောင့် ယာဉ်တိုက်မှုအန္တရာယ်ကို လျှော့ကျစေမှာပါ။

play

 

၃။ ဝိုက်ဘာ (wiper)ကို ဖွင့်မောင်းပါ

မိုးရေကြောင့် ကားမှန်ဟာ ရေငွေ့ရိုက်ပြီး မှုန်ဝါးသွားမှာဖြစ်လို့ ဝိုက်ဘာကို အမြဲတမ်းဖွင့်ထားရပါမယ်။ မိုးရွာထဲမှာ ကားမောင်းနေသမျှကာလပတ်လုံး မီးပွိုင့်မိနေချိန်မှာကအစ ဝိုက်ဘာကို ဖွင့်ထားပေးသင့်ပါတယ်။ အကြောင်းကတော့ ရေငွေ့တွေဟာ ကားအတွင်းမှန်အထိပါ ရိုက်နိုင်လို့ပါပဲ။

play

 

၎။ တာယာတွေစစ်ပါ

ဒါလည်းပဲ အရေးကြီးစစ်ဆေးရမယ့် အရာတစ်ခုပါ။ တာယာတွေ ပွန်းကုန်လို့ ပန်းမရှိတော့တာမျိုးဆိုရင် မိုးရေထဲ လုံးဝမမောင်းသင့်ပါဘူး။ ဒါ့ပြင် ကားယာတွေဟာ စိုစွတ်တဲ့လမ်းပေါ်မှာဆိုရင် ပိုပြီးမြန်မြန်သွားတတ်တာကြောင့် အရှိန်လျှော့မောင်းဖို့လိုပါတယ်။

play

 

၅။ ပတ်ဝန်းကျင်ကိုဂရုစိုက်ပါ

သစ်ပင်သစ်ကိုင်းတွေနဲ့ ဓာတ်တိုင်တွေကိုလည်း သတိထားပါဦး။ မိုးရွာပြီးလေပြင်းတိုက်တာကြောင့် သစ်ကိုင်းကျိုးကျမယ့် အန္တရာယ်ရှိနိုင်ပါတယ်။ ကားရပ်မယ်ဆိုရင်လည်း အပေါ်မှာ ပြိုလဲကျနိုင်တဲ့အရာတွေ ရှိ၊မရှိ လေ့လာပြီးမှ ရပ်သင့်ပါတယ်။

Source : Smartmotorist, 7Day Cars

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ