Food & Recipe: နှလုံးရောဂါ မဖြစ်အောင် ဒါတွေ စားသင့်

ခန္ဓာကိုယ် သွေးကြောများအတွင်း ပိတ်ဆို့မှုမရှိစေဘဲ သွေးလည်ပတ်မှုကောင်းစေကာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။

play


နှလုံးရောဂါ ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေထဲမှာ ခန္ဓာကိုယ်ရဲ့ သွေးကြောများအတွင်း သွေးလည်ပတ်စီးဆင်းမှု ကောင်းမွန်ခြင်းမရှိဘဲ သွေးကြောပိတ်ဆို့မှုလည်း ပါဝင်ပါတယ်။ အခု ဖော်ပြထားတဲ့ အစားအစာတွေက ခန္ဓာကိုယ် သွေးကြောများအတွင်း ပိတ်ဆို့မှုမရှိစေဘဲ သွေးလည်ပတ်မှုကောင်းစေကာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တာကြောင့် ပုံမှန် စားသုံးသင့်ပါတယ်။

ထောပတ်သီး

play


ထောပတ်သီးက အရသာရှိရုံမျှမက ကျန်းမာရေးအတွက်လည်း အထူးသင့်တော်ပါတယ်။ သွေးအတွင်း ကိုလက်စထရောဓာတ်ကို ကောင်းမွန်စေပြီး သွေးကြောများအတွင်း သွေးလည်ပတ်စီးဆင်မှု ကောင်စေရန် အထောက်အကူပြုခြင်းဖြင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

တလည်းသီး

play


သစ်သီးအဖြစ်စားရင် အရသာရှိပြီး ဖျော်ရည်အဖြစ်လည်း ပြုလုပ်သောက်သုံးနိုင်တဲ့ တလည်းသီးက နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ တလည်းသီးဖျော်ရည် သောက်ခြင်းက သွေးလည်ပတ်စီးဆင်းမှု ကောင်းမွန်စေပြီး သွေးကြောများအတွင်း ပိတ်ဆို့မှုမရှိအောင် ရှင်းလင်းပေးနိုင်ပါတယ်။

ကညွတ်

play


ဗီတာမင် K, B1, B2, C နဲ့ E အပါအဝင် ဗီတာမင်များ၊ အမျှင်ဓာတ်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ ကညွတ်က သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေပြီး သွေးခဲမှုကို ကာကွယ်ပေးတာကြောင့် နှလုံးရောဂါ မဖြစ်အောင် အထောက်အကူပြုပါတယ်။

ပန်းဂေါ်ဖီစိမ်း

play


ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် K ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင် K က ခန္ဓာကိုယ်ရဲ့ သွေးကြောများပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းအပြင် ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး သွေးပေါင်ချိန်မြင့်တက်မှု မဖြစ်စေဘဲ ကိုလက်စထရော ပမာဏကိုလည်း ထိန်းညှိပေးခြင်းဖြင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

တည်သီး

play


တည်သီးမှာ polyphenol နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်သလို အမျှင်ဓာတ်လည်း ပါဝင်တာကြောင့် သွေးပေါင်ချိန် ပုံမှန်ဖြစ်စေပြီး သွေးကြောများအတွင်း ပိတ်ဆို့မှု မဖြစ်စေအောင် ကူညီပေးပါတယ်။

နနွင်း

play


နနွင်းက ခန္ဓာကိုယ် သွေးကြောနံရံများ ပျက်စီးမှုကို လျှော့ချပေးပြီး သွေးခဲမှု မဖြစ်စေဘဲ နှလုံးရောဂါကို ကာကွယ်နိုင်ပါတယ်။

သစ်ကြံပိုးခေါက်

play


ဟင်းလျာများ ချက်ပြုတ်တဲ့အခါ သစ်ကြံပိုးခေါက် ထည့်သွင်း အသုံးပြုသင့်ပါတယ်။ သစ်ကြံပိုးခေါက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက နှလုံးကျန်းမာရေး ကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။

စိမ်းပြာရေညှိ

play


သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိရောက်စွာ အထောက်အကူပြုပြီး သွေးအတွင်း အဆီဓာတ်ကိုလည်း ထိန်းညှိပေးတာကြောင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။
Source & Photo: LifeAdv

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ