Food & Recipe: သံပရိုသီးကို အသုံးချနည်း (၈) မျိုး

သံပရိုသီးကို သံပရာသီးအစားထိုးအနေနဲ့အသုံးပြုနိုင်သလို အခြားအသုံးပြုနိုင်တဲ့နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ သံပရိုအခွံတွေကအစ လွှင့်ပစ်စရာမလိုဘဲ သင့်အိမ်မှာ အသုံးဝင်နိုင်တာဖြစ်လို့ အသုံးပြုနည်းတွေထဲက (၈) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

play

 

၁။ ဆီစွန်းတွေ ဖျက်မယ်

တကယ်လို့များ ချက်ရင်းပြုတ်ရင်းနဲ့ ဆီစက်တွေ သင့်အ၀တ်အစားပေါ် စွန်းထင်းမိသွားပါသလား။ ဓာတုချွတ်ဆေးတွေကို နောက်မှသုံးပါ။

ဒီနည်းလမ်းလေးကို စမ်းကြည့်ပါဦး။ သံပရိုသီးတစ်ခြမ်းကို ဆားနည်းနည်းနဲ့ ရောမွှေပြီး အ၀တ်ပေါ်မှာ ပွတ်တိုက်ပေးပါ။ ဆီစွန်းတွေ ပျက်သွားမှ ဆပ်ပြာနဲ့ ပြန်လျှော်ပေါ့။

၂။ ရေနွေးအိုးနဲ့ ကော်ဖီအိုးကို ဆေးမယ်

ရေနွေးအိုးနဲ့ ကော်ဖီအိုးမှာ ကပ်နေလေ့ရှိတဲ့ အနည်တွေနဲ့ ကော်ဖီချိုးတွေဟာ သာမာန်ဆပ်ပြာနဲ့တော့ ဖျက်မရပါဘူး။ အနည်တွေကို ဆေးဖို့ ပထမဆုံး အိုးထဲကို ရေဖြည့်ပါ။ သံပရိုခွံ လက်တစ်ဆုပ်စာထည့်ပြီး ဆူလာအောင် တည်လိုက်ပါ။ ရေဆူလာရင် မီးပိတ်ထားပြီး တစ်နာရီလောက်ကြာတဲ့အခါ စောနက အနည်တွေ ပျောက်သွားတာကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ ကော်ဖီအိုးကို ဆေးမယ်ဆိုရင်တော့ အိုးထဲကို သံပရိုခွံတွေရယ် ဆားအနည်းငယ်ရယ် ရေခဲအနည်းငယ်ရယ်ဖြည့်ပြီး အိုးကို ၂ မိနစ်ခန့် မွှေ့ယမ်းပြီး ဆေးကြောလိုက်ပါ။

play

 

၃။ မိုက်ခရိုဝေ့ဗ်မီးဖိုကို သန့်ရှင်းမယ်

တစ်ခါတစ်လေ မိုက်ခရိုဝေ့ဗ်ထဲမှာ အပူလွန်ကဲပြီး ပေါက်ထွက်သွားတဲ့ ပန်းကန်လုံးတွေ၊ ဟင်းအနှစ်တွေလိုမျိုး အရာတွေဟာ လွယ်လွယ်နဲ့ ဖျက်မရဘဲ မီးဖိုအတွင်းနံရံထဲမှာ ကပ်ငြိနေတတ်ပါတယ်။ ပန်းကန်လုံးတစ်လုံးထဲကို ရေတစ်ဝက်ဖြည့်ပြီး သံပရိုခွံတစ်ဝက်ဖြည့်ကာ မီးပြင်းပြင်းနဲ့ ဆူပွက်လာတဲ့အထိ ထားလိုက်ပါ။ ဆူပွက်လာတဲ့အခါ ထွက်လာတဲ့ သံပရိုရေနွေးငွေ့တွေ့ သင့်မိုက်ခရိုဝေ့ဗ်မီးဖိုနံရံက ကပ်ငြိနေတဲ့ အညစ်အကြေးတွေကို ပျော့ပျောင်းလာစေပါလိမ့်မယ်။ ထိုအခါ အလွယ်တကူပဲ သန့်ရှင်းလို့ရပါပြီ။

play

 

၎။ အနံ့သက်ကလေး ကောင်းဖို့

သင့်အိမ်က အနံ့အသက်မကောင်းတဲ့နေရာတွေမှာ သံပရိုခွံတွေကို ပုံပေးထားရင် Air Fresher ဖျန်းစရာမလိုဘဲ အနံ့သက်လေးက မွှေးနေမှာပါ။ အမှိုက်ပုံလို အနံ့မကောင်းတဲ့နေရာမှာ ပစ်ရမယ့် သံပရိုသီးအခွံလေးတွေ ထားလိုက်တော့ အနံ့သက် သိပ်မဆိုးတော့ဘူးပေါ့။

play

 

၅။ ကြေးထည်တွေ အရောင်တောက်ဖို့

သင့်အိမ်က ကြေးထည်ပစ္စည်းတွေနဲ့ စတီးလ်တွေကို အရောင်တင်ချင်တယ်ဆိုရင် သံပရိုရည်ကို သုံးလို့ရပါတယ်။ သံပရိုသီးတစ်ခြမ်းကို ဆား (သို့မဟုတ်) မုန့်ဖုတ်ဆော်ဒါ နဲ့ ရောလိုက်ပြီးတော့ သင် တိုက်ချွတ်ချင်တဲ့ ကြေးထည်တွေကို ပွတ်တိုက်ပေးပါ။ ၁၀ မိနစ်ခန့် ထားပြီးမှ ရေနွေးနွေးနဲ့ ဆေးလိုက်တဲ့အခါ ၀င်းလက်နေတဲ့ ကြေးထည်တွေကို တွေ့ရမှာဖြစ်ပါတယ်။

၆။ လှီးချွတ်တဲ့နေရာတွေကို သန့်စင်မယ်

pH ပမာဏ နည်းတဲ့ သံပရိုရည်ဟာ စဉ်းတီတုံးနဲ့ ဓါးတွေမှာ ကပ်တွယ်နေတတ်တဲ့ ဘက်တီးရီးယားတွေကို ရှင်းလင်းပစ်နိုင်တာမို့လို့ သံပရိုသီးခြမ်းတွေနဲ့ အဆိုပါနေရာတွေကို တိုက်ချွတ်ပေးမယ်ဆိုရင် ပိုးမွှားတွေကိုလဲ မကြောက်ရတော့ဘူးပေါ့။

play

၇။ အစက်ပြောက်တွေကို ဖြေရှင်းမယ်

အသက်အရွယ် ရလာတဲ့အခါ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ တင်းတိပ်ကဲ့သို့ အစက်အပြောက်တွေ ဖြစ်လာတတ်ပါတယ်။ ရှေးကတည်းက ခုချိန်ထိ သုံးစွဲလာတဲ့ နည်းတစ်ခုကတော့ သံပရိုရည်ကို တစ်နာရီစာခန့် လိမ်းထားပြီး ဆေးကြောခြင်းဖြင့် အစက်ပြောက်တွေဟာ မှေးမှိန်သွားတတ်ပါသတဲ့။

၈။ ဒူး၊ တံတောင်ဆစ်တွေ လှပဖို့

ဒူးနဲ့ တံတောင်ဆစ်ကဲ့သို့ အဆစ်နေရာတွေရဲ့  အသားအရောင်ဟာ သာမာန်ထက် ပိုပြီးရင့်နေလေ့ရှိပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် သံပရိုရည်ကို မုန့်ဖုတ်ဆော်ဒါနဲ့ရောပြီး တံတောင်နဲ့ ဒူးတွေမှာ ၁၀ မိနစ်ခန့် သုတ်လိမ်းပေးထားကာ ရေနွေး (သို့မဟုတ်) ရေအေးနဲ့ ဆေးကြောပေးမယ်ဆိုရင် ဒူး၊ တံတောင်မှာ မည်းနေတာတွေ ပျောက်သွားပါလိမ့်မယ်။

Source : Fitnea

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ