AD
AD
AD
play

 

၁ - ဆီသွတ်ဗူး

play

 

ဆီသွတ်သံဗူးတွေကို လျှော့ဈေးပေးနေရင် မဝယ်သင့်ပါဘူး။ ဗူးမှာ ပိန့်နေတာ၊ ချိုင့်ရာဖြစ်နေတာတွေ ရှိနေရင် ပိုရှောင်သင့်ပါတယ်။

၂ - မွေ့ရာ

play

 

ဈေးကြီးတဲ့ပစ္စည်းတွေ ဝယ်တဲ့အခါမှာ လျှော့ဈေးပေးတာကို ရှာဖွေဝယ်ယူတာ ကောင်းပါတယ်။ ဒါပေမဲ့ မွေ့ရာကတော့ ချွင်းချက်ပါ။ အထဲမှာ ဈေးပေါပေါပစ္စည်းတွေသုံးထားတာ၊ သုံးပြီးသားတွေ ပြန်ထည့်ထားတာ မျိုးရှိတတ်ပါတယ်။ ဒီလိုမဟုတ်ဘူးဆိုရင်တောင် အရည်အသွေးညံ့တာတွေဟာ ကျောကုန်းနာတာတွေ၊ အိပ်လို့ သက်သောင့်သက်သာ မရှိတာတွေ ဖြစ်လာနိုင်ပါတယ်။

၃ - ကလေးအဟာရမှုန့်

play

 

လျှော့ဈေးနဲ့ရောင်းနေတဲ့ ကလေးအဟာရမှုန့်တွေ တွေ့ရင် သတိထားပါ။ သက်တမ်းကုန်ဆုံးရက်နီးလို့ ဈေးချတာ ဖြစ်နိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေရဲ့ အာနိသင်ဟာ လျော့ကျနေနိုင်ပါတယ်။

၎ - ဗီတာမင်

play

 

ဗီတာမင်ဈေးတွေ ဝယ်မယ်ဆိုရင်လည်း လျှော့ဈေးမလိုက်သင့်ပါဘူး။ သက်တမ်းကြာလာတာနဲ့အမျှ သူတို့ရဲ့ စွမ်းဆောင်ရည်က ကျဆင်းသွားပါတယ်။

၅ - ကွန်ဒုံး

play

 

ဘာအကြောင်းကြောင့်မှန်းမသိဘဲ ၈၀ ရာခိုင်နှုန်းလောက် လျော့ဈေးချထားတဲ့ ပစ္စည်းတစ်ခုဆီ သင့်ကျန်းမာရေးကို ပုံအပ်ချင်မှာ မဟုတ်ပါဘူး။ လျော့ဈေးချထားတဲ့ ကွန်ဒုံးတွေကိုလည်း မဝယ်သင့်ပါဘူး။

၆ - မိတ်ကပ်

play

 

မိတ်ကပ်တစ်ခု ဈေးတအားချထားပြီဆိုရင်လည်း မဝယ်သင့်ပါဘူး။ မိတ်ကပ်တွေ ဈေးချရတဲ့အကြောင်းဟာ သက်တမ်းကုန်ခါနီးတာကြောင့် မဟုတ်ပေမဲ့ ဒီလိုမျိုး ဈေးအလွန်အကျွံချထားရတဲ့ အကြောင်းအရင်း ရှိပါတယ်။ အထူးသဖြင့် သဘာဝပစ္စည်းတွေကိုသာ သုံးထားတဲ့ မိတ်ကပ်တွေဟာ သက်တမ်းတိုပါတယ်။

Photos & Source: Prevention

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD