Food & Recipe: ကွန်ဖူးတော်တဲ့ ရှဉ့်လေးနှစ်ကောင်

ဇာတ်ကားတွေထဲက ဖိုက်တင်ခန်းကို ကြည့်နေရသလိုပါပဲ။

play

 

အမြီးဖွားဖွားလေးတွေနဲ့ ချစ်စရာကောင်းတဲ့ အကောင်သေးသေးလေးတွေမို့ လူတွေက ရှဉ့်လေးတွေကို ချစ်ကြပါတယ်။ သူတို့က ငြိမ်ငြိမ်နေတတ်တဲ့အကောင်လေးတွေတော့ မဟုတ်ပါဘူး။

play

 

ခုလည်းပဲ တစ်ကောင်နဲ့တစ်ကောင် ရန်ဖြစ်နေကြပြန်ပါပြီ။ ခြေတွေနဲ့ကန်လိုက် လက်တွေနဲ့တွန်းထိုးလိုက်နဲ့ ချနေကြပုံက ဇာတ်ကားတွေထဲက ဖိုက်တင်ခန်းကို ကြည့်နေရသလိုပါပဲ။

play

 

play

 

ဆန်ဖရန်စ္စကိုအနီးက နေရာတစ်ခုမှာ သူတို့ရဲ့ရန်ပွဲကို ဓာတ်ပုံမှတ်တမ်းတင်နိုင်ခဲ့တဲ့ Aleksandr Khizgilov ကတော့ သူတို့ကို ကြည့်ရတာ ကွန်ဖူးချနေတာနဲ့တူလို့ ဓာတ်ပုံရိုက်ခဲ့မိတယ်လို့ ဆိုပါတယ်။ ချစ်ဖို့ကောင်းတဲ့ ရှဉ့်လေးတွေက တစ်ကောင်နဲ့တစ်ကောင် ရန်ဖြစ်နေချိန်မှာတောင် မြင်ရသူကို အသည်းယားအောင် ဖမ်းစားနိုင်ခဲ့ပါတယ်။

Source : Cater News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ