AD
AD
AD
play


ဗြိတိန်က ပန်းခြံအားကစားကွင်းတစ်ခုဟာ ရိုလာကိုစတာ စားသောက်ဆိုင်ကို ဖွင့်လှစ်လိုက်ပါတယ်။ အဆိုပါစားသောက်ဆိုင်ဟာ အစားအသောက်တွေကို ရိုလာကိုစတာနဲ့ပို့မှာဖြစ်ပြီး စတန်းဖို့ဒ်ရှိုင်းယားကောင်တီက Alton Towers ပန်းခြံမှာ ရှိတာဖြစ်ပါတယ်။

 play


ဆိုင်ထဲဝင်ဝင်သွားချင်း ဆိုင်အလုပ်သမားတစ်ဦးဟာ အစားအသောက်တွေကို ဘယ်လိုမှာရတယ်ဆိုတာ ပြောပြပေးမှာဖြစ်ပြီး စားပွဲရှေ့မှာရှိတဲ့ ၂၆ ပေအမြင့် ရိုလာကိုစတာကတစ်ဆင့် မှာယူတဲ့အစားအသောက်တွေ ရောက်ရှိလာမှာဖြစ်ပါတယ်။

play


ဒါပေမဲ့ လက်ဖက်ရည်နဲ့ ကော်ဖီလို ပူတဲ့အရည်တွေကိုတော့ လက်နဲ့ပဲ လာပို့ပေးမှာဖြစ်ပါတယ်။ ဆိုင်ထဲဝင်တာနဲ့ အစားသောက်တွေဟာ လေပေါ်မှာ ပျံဝဲနေသလို ဖြစ်နေတာကြောင့် စားသုံးသူတွေအတွက်တော့ အသစ်အဆန်းတစ်ခုပဲ ဖြစ်ပါတယ်။

Photos & Source:  Liverpool Echo, ITV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD