Food & Recipe: လူစကားပြောတတ်တဲ့ မျောက်ဝံကြီးကိုကို

အင်္ဂလိပ်ဘာသာစကား သင်္ကေတပေါင်း ၂၀၀၀ ကျော်ကို တတ်ကျွမ်းနေပါပြီ။

play

 

မျောက်ဝံကြီး ကိုကိုဟာ လူတွေနဲ့ နီးနီးစပ်စပ် နားလည်ကျွမ်းဝင်သူဖြစ်ပြီး သင်္ကေတဘာသာစကားကိုလည်း တတ်ကျွမ်းသူပါ။ အသက်က ၄၄ နှစ်တောင် ရှိပါပြီ။

play

 

၁၉၇၁ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင် သင်္ကေတပေါင်း ၂၀၀၀ ကျော်ကို တတ်ကျွမ်းနေပါပြီ။ အင်္ဂလိပ်စကားလည်း နားလည်ပါတယ်။

play

 

လေ့ကျင့်ရေးနည်းပြ ပန်နီ ပတ်တာဆန်ဟာ မျောက်ဝံကြီး ကိုကိုနဲ့ ရင်းနှီးလာတာ နှစ်ပေါင်း ၄၀ တောင် ရှိသွားပါပြီ။ ပစ်သတ်ခံခဲ့ရတဲ့ မျောက်ဝံကြီး ဟာရမ်ဘီအတွက် တက်ကြွလှုပ်ရှားသူတွေက အရေးဆိုနေချိန်မှာ ကိုကိုနဲ့ ပန်နီတို့ရဲ့ နှစ်လေးဆယ်ကြာ ရင်းနှီးမှု ပုံရိပ်တွေကို ပြသခဲ့ပါတယ်။

play

 

ချစ်ခင်ကြင်နာတတ်တဲ့ မျောက်ဝံကြီးကိုကိုက ကြောင်ပေါက်လေးတွေကို ကြင်နာယုယပြတဲ့ ဗီဒီယိုကိုလည်း အင်တာနက်ပေါ်မှာ ပြသခဲ့ပါတယ်။ ရှားပါးမျောက်ဝံတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ကိုလည်း ဗီဒီယိုထဲမှာ တိုက်တွန်းထားပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ