AD
AD
AD
play


ရှန်ဟိုင်းမြို့မှာ သုံးနှစ်ကျော်ကြာ တည်ဆောက်ခဲ့တဲ့ အထပ် ၂၀ ပါ တရုတ်နိုင်ငံရဲ့ ပထမဆုံး ကြယ်ခုနစ်ပွင့် ဟိုတယ်ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတ်။ ဟိုတယ်ကို Huangpu မြစ်ကမ်းနားမှာ ဆောက်လုပ်ထားပြီး Wanda Reign on the Bund လို့ အမည်ပေးထားပါတယ်။

play


အနုပညာလက်ရာ အပြင်အဆင်နဲ့ ၂၀ ရာစုခေတ် တရုတ်ရိုးရာဒီဇိုင်းတို့ဖြင့် ပေါင်းစပ်အလှဆင်ထားတဲ့ ဟိုတယ်ဖြစ်ပြီး တည်ဆောက်မှု ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅၁၅ သန်း ဖြစ်ပါတယ်။

play


ဟိုတယ်ဒီဇိုင်းကို ဗြိတိန်အခြေစိုက် Foster + Partners ဗိသုကာကုမ္ပဏီက ရေးဆွဲခဲ့ပါတယ်။ ဟိုတယ်ရဲ့ ကပွဲခန်းမက စတုရန်ပေး ၇,၇၅၀ ကျယ်ဝန်းပြီး ပတ်ဝန်းကျင်မြင်ကွင်းတွေကို ၁၈၀ ဒီဂရီ လှည့်ပတ်ကြည့်ရှုနိုင်ပါတယ်။

play


ဟိုတယ်အတွင်းရှိ ကာရာအိုကေ ခန်းမတွေကလည်း အကောင်းဆုံး ပြင်ဆင်ထားပြီး ကခုန်ဖို့အတွက် နေရာလည်း သီးသန့်ပါရှိတယ်လို့ ဆိုပါတယ်။

play


ကြယ်ခုနစ်ပွင့်အဆင့် Wanda Reign on the Bund ဟိုတယ်မှာ အခန်းပေါင်း ၁၉၃ ခန်း ပါရှိပြီး တည်းခိုခမှာ အနည်းဆုံး မြန်မာကျပ်ငွေ ငါးသိန်းခွဲဝန်းကျင် (အမေရိကန်ဒေါ်လာ ၄၃၀) ဖြစ်ပါတယ်။

play


Source & Photo: Wanda Reign on the Bund, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD