play

 

ဆွစ်ဇာလန်ချောကလက်တံဆိပ်ဖြစ်တဲ့ Chocolate With Love က အမျိုးသမီးတွေ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာအောင် လုပ်ပေးမယ့် ချောကလက်ကို ပြုလုပ်လိုက်ပြီလို့ ဆိုပါတယ်။

ယင်းချောကလက်ကို "Frauenmond’" လို့ ခေါ်ပြီး "အမျိုးသမီးများရဲ့လ" လို့ အဓိပ္ပာယ်ရပါတယ်။

play

 

ယင်းချောကလက်ထဲမှာ ဆွစ်ဇာလန်တောင်တန်းတွေပေါ်က ဆေးဘက်ဝင်အပင် ၁၇ မျိုး ပါဝင်ကြောင်း Chocolate With Love ရဲ့ သူဌေး မာ့ခ်ဝိုက်ဒါက ဆိုပါတယ်။

ယင်းဆေးဘက်ဝင်အပင်တွေနဲ့ ကိုကိုးထဲမှာ ပါဝင်တဲ့ serotonin တို့ ပေါင်းစပ်လိုက်ရင် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။

play

 

ယင်းချောကလက်ကို စားရင် ဓမ္မတာလာစဉ် နာကျင်ခြင်းကို လျော့ပါးစေခြင်း၊ စိတ်ဖိစီးမှု လျော့ကျစေခြင်းနဲ့ ဓမ္မတာနဲ့ ဆက်စပ်နေတဲ့ နာကျင်မှုတွေကို လျော့နည်းစေမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video