AD
AD
AD
play

 

၁။ ဘရိုကိုလီ

ပန်းဂေါ်ဖီစိမ်းလို့ ခေါ်ကြတဲ့ ဘရိုကိုလီကို ဒီစာရင်းမှာ ထိပ်ဆုံးကနေ ရွေးချယ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘရိုကိုလီက ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်လို့ပါပဲ။ ဗီတာမင် စီ၊ ဗီတာမင် အေ တို့ ပါဝင်နေပြီး ကယ်လိုရီပမာဏလည်း နည်းပါးပါတယ်။ ဝိတ်ချလိုသူတွေအတွက် ကျန်းမာရေးနဲ့သင့်တော်ပြီး အဆာခံစေနိုင်ပါတယ်။ ဒါတင်မက အမျှင်ဓာတ်တွေလည်း ပါဝင်ပြီး အမျိုးသမီးတိုင်း အဓိကလိုအပ်တဲ့ ဖောလစ်အက်ဆစ်ဓာတ်တွေကိုလည်း ရရှိဦးမှာပါ။ ဘရိုကိုလီမှာ ကယ်လ်ဆီယံ၊ သံဓာတ်နဲ့ ပိုတက်ဆီယံဓာတ်တွေလည်း ပါဝင်တာကြောင့် အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်လောက်တော့ စားပေးသင့်ပါတယ်။

play

 

၂။ ထောပတ်သီး

အဆာခံနိုင်စွမ်းတွေနဲ့ ဗိုက်ခေါက်ထူတာကို လျော့ကျနိုင်စွမ်းတွေအပြင် နှလုံးရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ နောက်တစ်ခုကတော့ မျိုးပွားခြင်း (သန္ဓေတည်ခြင်း)ဆိုင်ရာ ပြဿနာအချို့ကိုတောင် ကာကွယ်နိုင်ပါသတဲ့။ ပိုတက်ဆီယံလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ မဂ္ဂနီစီယမ်၊ ဖောလိတ် (ဖောလစ်အက်ဆစ်)၊ ပရိုတင်း၊ ဗီတာမင် B6 ၊ ဗီတာမင် E နဲ့ ဗီတာမင် K တို့လည်း ပါဝင်နေပြန်ပါတယ်။ တစ်နေ့ကို ထောပတ်သီးတစ်စိတ် အမြဲတမ်းစားပေးရင် အကောင်းဆုံးပါပဲ။

play

 

၃။ အနက်ရောင်ချောကလက်

ကိုကိုးစစ်စစ်နဲ့ချည်း ပြုလုပ်ထားပြီး နို့နဲ့သကြား မပါဝင်တဲ့ ချောကလက်စစ်စစ်ကို ခေါ်တာပါ။ ချောကလက်က နှလုံးအားကောင်းစေပါတယ်။ မဂ္ဂနီစီယမ်၊ မဂ္ဂနိစ်၊ ကော့ပါး၊ ဇင့်နဲ့ ဖော့စ်ဖောရပ်တို့လို အရိုးကိုသန်မာစေတဲ့ဓာတ်တွေ ပါဝင်ပါတယ်။ အမျိုးသမီးတွေဟာ အသက်ကြီးလာရင် အရိုးပွရောဂါဖြစ်နိုင်တာကြောင့် ချောကလက်ရဲ့ အရိုးသန်မာစေတဲ့ အာနိသင်က အမျိုးသမီးတွေအတွက် ကောင်းကျိုးပါပဲ။ ဒါတင်မကသေးပါဘူး။ အရေပြားကို စိုပြေစေနိုင်ပါတယ်။ စိတ်ကိုပျော်ရွှင်လာအောင် လှုံ့ဆော်ပေးနိုင်လို့ စိတ်ခံစားလွယ်တဲ့ အမျိုးသမီးတွေအဖို့ရာ ချောကလက်အနက်ရောင်က စူပါအစားအစာတစ်ခုလည်း ဖြစ်ပါတယ်။

Source : Health

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD