AD
AD
AD
play

 

ကလေးတွေကို တစ်နှစ်ပြည့်မှသာ မြေပဲ ကျွေးသင့်တယ်လို့ မိဘတွေကို အကြံပြုခဲ့ပေမဲ့ သုတေသနသစ်အရ ၄ လအရွယ်မှာ မြေပဲကို စကျွေးသင့်ပြီလို့ သိရပါတယ်။

ကလေးငယ်တွေကို မြေပဲစောစော ကျွေးရင် မြေပဲနဲ့ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေ အများကြီး ပိုနည်းသွားတယ်လို့ အမေရိကန် ဆရာဝန်တွေက သြဂုတ်လ ၁၁ ရက်နေ့မှာ ကြေညာလိုက်တာဖြစ်ပါတယ်။

"ဒါဟာ မြေပဲနဲ့ ဓာတ်မတည့်မှုတွေကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ" လို့ ကလေးအထူးကု ဒေါက်တာ မက်သရူးဂရင်းဟောက ပြောပါတယ်။

play

 

ဒါပေမဲ့ ကလေးငယ်တွေကို မြေပဲ မကျွေးခင်မှာတော့ ကလေးငယ်တွေကို စစ်ဆေးစမ်းသပ်မှု အရင်လုပ်သင့်တယ်လို့ ဆိုပါတယ်။ စစ်ဆေးစမ်းသပ်ချိန်မှာ ကလေးငယ်တွေမှာ ဘာအကွက်မှမထဘူး ဒါမှမဟုတ် အကွက်က ၂ မီလီမီတာထက် မကြီးဘူးဆိုရင်တော့ ကလေးကို မြေပဲ စကျွေးနိုင်ပြီလို့ ဆိုထားပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD