play

 

၁ - လေ့လာ

မသွားခင် သေချာလေ့လာပြီးမှ သွားတာဟာ ပိုက်ဆံကုန်ကျစရိတ်ကို အလွန်သက်သာစေပါတယ်။ ခရီးသွားအေဂျင်စီတွေကို စုံစမ်းပါ။ အင်တာနက်ပေါ်က ခရီးသွားလမ်းညွှန်ကိုဖတ်ပါ။ သင့်မှာရှိတဲ့ ငွေကြေးနဲ့ ဘယ်လောက်နေမယ်၊ ဘယ်လိုသွားမယ်ဆိုတာ ချင့်ချိန်ကြည့်လို့ရပါတယ်။

၂ - အခန်း

ကိုယ်က ဘတ်ဂျတ်နည်းနည်းသွားမှာမို့ တည်းမယ့်အခန်းကိုတော့ သိပ်အာရုံမထားပါနဲ့။ အခန်းအပြင်မှာ သင်လုပ်ဖို့ စီစဉ်ထားတာတွေကိုသာ အဓိကထားပါ။

play

 

၃ - အစားအသောက်

အိမ်ကနေ သင်စားနေကြ အစားအသောက်မျိုး သယ်သွားပါ။ သယ်လို့လွယ်မယ့် အစားအသောက်မျိုး ဖြစ်ပါတယ်။

၎ - ပေါတဲ့ လမ်းကြောင်း

ဈေးပေါတဲ့ လမ်းကြောင်းကိုပဲ ရွေးပါ။ ရထားတို့၊ ဘတ်စ်ကားတို့ကို သုံးပါ။ အငှားယာဉ်လို သယ်ယူပို့ဆောင်ရေးယာဉ်တွေကို ရှောင်ပါ။

play

 

၅ - စားတဲ့အခါ

စားတဲ့အခါ တည်းခိုတဲ့နေရာမှာထက် အပြင်ထွက်စားပါ။ အထူးသဖြင့် ခရီးသွားတွေများတဲ့နေရာမျိုးတွေဟာ ဈေးကြီးပါတယ်။ ရပ်ကွက်ထဲက ဆိုင်မျိုးမှာ သွားစားပါ။ ပေါပေါနဲ့ သာမန်အရသာလောက်စားရရင် ငွေကြေးချွေတာရာလည်း ရောက်သလို တန်လည်းတန်ပါတယ်။

Photos & Source:Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video