Food & Recipe: ထောပတ်သီးမှည့်ကို ပုံစံမပျက်စေဘဲ လှလှလေးလှီးနည်း

ထောပတ်သီးမှည့်ကို အစိတ်ပါးပါးလေးတွေလှီးဖို့ လျှို့ဝှက်ချက်တော့ရှိပါတယ်။

play

 

အစားအသောက်တွေ ပြင်ဆင်ရာမှာ သေသေသပ်သပ်နဲ့ ပြင်ဆင်တတ်မယ်ဆို ပိုပြီးစားချင်စဖွယ်ဖြစ်ရပါတယ်။ ဟင်းသီးဟင်းရွက်သုပ်တွေနဲ့ အခြားစားဖွယ်တွေမှာ ထောပတ်သီးကို လှလှလေးဆင်ယင်ဖို့အတွက် လှီးဖြတ်ရတာ မလွယ်လှပါဘူး။ မှည့်နေတဲ့ထောပတ်သီးက ထိလိုက်တာနဲ့ပုံပျက်သွားရောလေ။ ထောပတ်သီးမှည့်ကို ပုံစံမပျက် လှီးနိုင်တဲ့ လျှို့ဝှက်ချက်ကို ပြောပြပါ့မယ်။

play

 

ပထမဆုံးအနေနဲ့ ထောပတ်သီးကို ဒေါင်လိုက် ထက်ခြမ်းခြမ်းပါ။ အစေ့ကို ဖယ်ထုတ်လိုက်ပါ။

play

 

ထောပတ်သီးခြမ်းကို ဒေါင်လိုက် ဓားထက်ထက်နဲ့ လှီးပေးရပါမယ်။ ဓားကထက်နေရင် လက်နဲ့အင်အားသုံးစရာမလိုတော့ ပုံစံမပျက်တော့ဘူးပေါ့။

play

 

လှီးဖြတ်ပြီးရင်တော့ ပုံပါအတိုင်း ဇွန်းလေးနဲ့ အသာအယာ ခပ်ယူလိုက်မယ်ဆိုရင် ပုံစံမပျက် ထောပတ်သီးစိတ်လေးတွေ ရလာပါလိမ့်မယ်။

Source : Food

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ