Food & Recipe: ကျန်းမာရေးမထိခိုက်ဘဲ ဝိတ်ကျစေမယ့် ကန်စွန်းဥပြုတ်ရည်

ကိုယ်အလေးချိန်လျော့ကျသွားသကဲ့သို့ ကိုလက်စထရော၊ ထရိုင်ဂလစ်ဆရိုက်၊ လက်ပ်တင် ပမာဏတွေပါ လျော့ကျလာတာကိုလည်း တွေ့ရှိရပါတယ်။

play

 

ကန်စွန်းဥကိုပြုတ်ထားတဲ့ အရည်ကို သောက်သုံးခြင်းဟာ ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက် ထိရောက်တဲ့အရာတစ်ခုဖြစ်ကြောင်း ဂျပန်သုတေသီတွေက ဆိုပါတယ်။ သိပ္ပံသုတေသီတွေဟာ အဆီများတဲ့ကြွက်တွေကို အုပ်စုနှစ်ခုခွဲပြီး လေ့လာခဲ့ကြတာပါ။ ကြွက်အုပ်စုတစ်စုကိုတော့ ပရိုတိန်းမြင့်မားစွာပါဝင်တဲ့ ကန်စွန်းဥပြုတ်ရည်ကို ၂၈ ရက်ကြာ တိုက်ကျွေးပြီးနောက် ယင်းတို့ရဲ့ ကိုယ်အလေးချိန်၊ အသည်းထုထည်နဲ့ အဆီတည်ရှိနေမှုတွေကို တိုင်းတာခဲ့ပါတယ်။ အဲ့ဒီအခါမှာ ကိုယ်အလေးချိန်လျော့ကျသွားသကဲ့သို့ ကိုလက်စထရော၊ ထရိုင်ဂလစ်ဆရိုက်၊ လက်ပ်တင် ပမာဏတွေပါ လျော့ကျလာတာကိုလည်း တွေ့ရှိရပါတယ်။

play

 

ကန်စွန်းဥပြုတ်ရည်သောက်သုံးခြင်းရဲ့ အာနိသင်ဟာ ကြွက်တွေမှာ သက်ရောက်သလို လူတွေပေါ်မှာလည်း သက်ရောက်မှုရှိကြောင်း ဂျပန်သုတေသီတွေက ပြောပါတယ်။ ကိုယ်အလေးချိန်လျော့ကျလိုသူတွေအနေနဲ့ ကန်စွန်းဥပြုတ်ရည်ကို သောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်ထဲက အဆီမော်လီကျူးတွေ လျော့ကျကာ ကိုယ်အလေးချိန်လျော့ကျမှာဖြစ်ပြီး ကျန်းမာရေးကိုလည်း မထိခိုက်စေဘူးလို့ သိရပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ