Food & Recipe: ကမ္ဘာ့အလန်းဆုံး ရေခဲဘား (၁၀) ခု

အဲဒီနိုင်ငံတွေရောက်ရင် သွားလည်လို့ရတာပေါ့။

၁။ Minus 5 Ice Bar (နယူးယော့ခ်စီးတီး)

play

 

Minus 5 Ice Bar က အမေရိကအနှံ့အပြားမှာ ရှိပါတယ်။ ဒါပေမဲ့ နယးယော့ခ်စီးတီးမှာရှိတဲ့ ဘားက အကောင်းဆုံးလို့ ဆိုကြပါတယ်။ ဝင်ကြေး အနည်းဆုံး ၁၉ ဒေါ်လာက စပြီးရှိပါတယ်။

၂။ Ice Kube Bar (ပါရီမြို့)

play

 

ပါရီမြို့၊ Kube ဟိုတယ်ရဲ့ ထပ်ခိုးလေးမှာ ဖွင့်ထားတာပါ။ ပါရီမြို့ရဲ့ တစ်ခုတည်းသော ရေခဲဘားအဖြစ် ကြော်ငြာထားပါတယ်။ ဝင်ကြေးက ဒေါ်လာ ၃၀ ဝန်းကျင် (၂၉ ယူရို) ကျသင့်ပါတယ်။

၃။ Ice Pub (ပါရာဂွေး)

play

 

ဥရောပအလယ်ပိုင်းက အမိုက်ဆုံးမြို့တော်တစ်ခုဖြစ်တဲ့ ပါရာဂွေးမှာရှိတဲ့ Ice Pub ရဲ့ ဝင်ကြေးက ကော့တေးတစ်ခွက်အပါအဝင် ၇.၇၅ ဒေါ်လာပါ။

၎။ Hotel de Glace (ကဘက်ခ်)

play

 

ကနေဒါနိုင်ငံ ကဘက်မြို့မှာရှိတဲ့ ဒီဘားရဲ့ဝင်ကြေးက ၁၇.၅၀ ဒေါ်လာပါ။

၅။ Ice Bariloche (San Carlos de Bariloche)

play

 

အာဂျင်တီးနား အနောက်တောင်ပိုင်း၊ San Carlos de Bariloche မြို့မှာရှိတဲ့ Ice Bariloche ဟာ တောင်အမေရိကရဲ့ပထမဆုံး ရေခဲဘားဖြစ်ပါတယ်။

၆။ Ice Bariloche (ဘာစီလိုနာ)

play

 

El Somorrostro ကမ်းခြေမှာရှိတဲ့ ဒီဘားဟာ ကမ္ဘာ့ပထမဆုံး ကမ်းခြေရေခဲဘားဖြစ်ပါတယ်။ ဈေးနှုန်းကတော့ Package ကို လိုက်ပြီး ၄၇ ဒေါ်လာကနေ ၃၄၀ ဒေါ်လာအထိ ရှိပါတယ်။

၇။ Chillout Duba (ဒူဘိုင်း)

play

 

အရှေ့အလယ်ပိုင်းရဲ့ ပထမဆုံး ရေခဲဘားဖြစ်ပါတယ်။ ဒူဘိုင်းမှာ တင်းကျပ်တဲ့ ယမကာဥပဒေရှိတာကြောင့် အယ်ကိုဟောမပါတဲ့ ရိုးရိုးဖျော်ရည်တွေသာ ရပါတယ်။

၈။ IceBar Melbourne (မယ်လ်ဘုန်း)

play

 

သြစတြေးလျရဲ့တစ်ခုတည်းသော ရေခဲဘားဖြစ်ပါတယ်။ ဝင်ကြေးကတော့ သြစတြေးလျဒေါ်လာ ၃၆ ဒေါ်လာ ပါ။

၉။ Drinkhouse Fire & Ice Lounge (မီယာမီကမ်းခြေ)

play

 

မီယာမီဟာ အမေရိကရဲ့အမိုက်ဆုံးဘားတွေရှိတဲ့နေရာအဖြစ် လူသိများပါတယ်။ အမိုက်တကာ့အမိုက်ဆုံးကတော့ Drinkhouse Fire & Ice ဘားပါပဲ။

၁၀။ SVEDKA/Inniskillin Ice Bar (Getaway Cruise Ship)

play

 

နော်ဝေးဇိမ်ခံသင်္ဘောတွေမှ ရေခဲဘားတွေ ထည့်လေ့ရှီပါတယ်။ Getaway သင်္ဘောပေါ်က ရေခဲဘားကတော့ အကောင်းဆုံးပါပဲ။ ဈေးနှုန်းက ကော့တေးနှစ်ခွက်အပါအဝင် ဒေါ်လာ ၂၀ ပဲရှိပါတယ်။

Source & Photos : HighLife

မြန်မာနိုင်ငံမှာရော ရေခဲဘား ရှိစေချင်လား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ