Food & Recipe: ဆားလျှော့စားဖို့ လိုနေပြီဆိုတဲ့ လက္ခဏာ (၄) ခု

ခေါင်းထဲမှာ တစ်ဆစ်ဆစ်နဲ့ ထိုးနေတာဟာ ဆားအစားများတာနဲ့လည်း ဆိုင်ပါတယ်။

play

 

၁ - လက်စွပ်က ကြပ်တယ်

play

 

ဝိတ်တက်ခြင်းမရှိပေမဲ့ ဝတ်ထားတဲ့လက်စွပ်က ကြပ်လာတာဟာ Water retention လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်းရှိ အရည်ထိန်းသိမ်းမှု မြင့်မားလာတာကြောင့်ပါ။ ဒီလိုဖြစ်ရတာဟာ ဆားစားသုံးမှု များပြားတာကြောင့် ဖြစ်ပါတယ်။

၂ - ပါးစပ်ခြောက်တယ်

play

 

ဆိုဒီယမ်များတဲ့ အစားအစာတွေကို စားပြီးတဲ့အခါတိုင်း ရေဆာလေ့ရှိပါတယ်။ ခန္ဓာကိုယ်တွင်း ဆားနဲ့ ရေ အနေအထားဟာ ဟန်ချက်မညီတာ ဖြစ်ပါတယ်။ ဒီ့အတွက် ရေပိုသောက်လာတာပါ။

၃ - ခေါင်းတွေထိုးတယ်

play

 

ခေါင်းထဲမှာ တစ်ဆစ်ဆစ်နဲ့ ထိုးနေတာဟာ ဆားအစားများတာနဲ့လည်း ဆိုင်ပါတယ်။ တစ်နေ့ကို ဆိုဒီယမ် ၃၅၀၀ မီလီဂရမ်စားသုံးသူတွေဟာ သာမန်စားသုံးသူတွေထက် ခေါင်းပိုကိုက်လေ့ရှိပါတယ်။

၎ - အပေါ့သွားတယ်

play

 

ဆား စားတာများရင်လည်း အပေါ့ခဏခဏ သွားတတ်ပါတယ်။ ဆိုဒီယမ်ပမာဏများပြားမှုကို လျှော့ချဖို့အတွက် ကျောက်ကပ်ဟာ ပုံမှန်ထက်ပိုပြီးလုပ်ရတာ ဖြစ်ပါတယ်။

ဆားစားများတယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်ရင် ရေများများ သောက်ပေးဖို့ လိုပါတယ်။

Photos & Source: Prevention

သင့်ကိုယ်သင် ဆားလျှော့စားဖို့ လိုတယ်လို့ထင်လား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ