Food & Recipe: စဉ်းတီတုံးနဲ့ပတ်သက်ပြီး သင်မှားယွင်းပြုလုပ်နေတဲ့ အချက် (၄) ချက်

ပိုးမွှားတွေ ရှိနေပြီး စဉ်းတီတုံးကတစ်ဆင့် အသီးအရွက်နဲ့ ကြက်သွန်လို အရာမျိုးတွေဆီ ကူးစက်သွားနိုင်ပါတယ်။

play

 

၁ - အရွယ်အစား

စဉ်းတီတုံးကို အရွယ်အစားကြီးကြီး သုံးသင့်ပါတယ်။ သေးတဲ့ စဉ်းတီတုံးဟာ မီးဖိုချောင်ထဲမှာ နေရာမယူဘူးဆိုပေမဲ့ လှီးတဲ့အခါ ကျယ်ကျယ်ဝန်းဝန်းမရှိပါဘူး။ ဓားကို လိုသလို ရွှေ့ဖို့လည်း နေရာကျယ်ကျယ်ဝန်းဝန်း မရှိဘူး ဖြစ်နေပြီး သင့်ကို ထိခိုက်နိုင်ခြေက မြင့်မားနေပါတယ်။

၂ - သီးခြားသုံး

play

 

တကယ်တော့ အသားတွေအတွက် သီးခြားစဉ်းတီတုံး သုံးသင့်ပါတယ်။ အသားငါးတွေမှာ E.coli နဲ့ salmonella ပိုးမွှားတွေ ရှိနေပြီး စဉ်းတီတုံးကတစ်ဆင့် အသီးအရွက်နဲ့ ကြက်သွန်လို အရာမျိုးတွေဆီ ကူးစက်သွားနိုင်ပါတယ်။ အသီးအရွက်နဲ့ ကြက်သွန်တွေကို ကြော်ချက်တာမျိုးမဟုတ်ဘဲ ချက်စားတဲ့အခါ သင့်ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။

၃ - ဆေးကြောမှု

play

 

ဆေးကြောပြီးတဲ့အခါ ကောင်းစွာအခြောက်မခံဘဲ ဒီအတိုင်း ပြန်တင်ထားတာ ဖြစ်ပါတယ်။ စိုထိုင်းနေတဲ့ စဉ်းတီတုံးဟာ ပိုးမွှားတွေ ခိုအောင်းဖို့ ဖိတ်ခေါ်သလို ဖြစ်နေပါတယ်။

၎ - ဆီ

play

 

သစ်သားစဉ်းတီတုံးကို ဆပ်ပြာတွေ၊ရေတွေနဲ့ ဆေးပြီးတဲ့အခါ ဒီအတိုင်း အခြောက်ခံရင် အက်ကွဲတာတွေ၊ ကြမ်းရှတာတွေ ဖြစ်လာတတ်ပါတယ်။ ဆေးကြောအခြောက်ခံပြီးတဲ့အခါတိုင်း ဆီနဲ့ ပွတ်ပေးသင့်ပါတယ်။ အမြဲလုပ်ဖို့ မလိုဘဲ တစ်ခါတစ်ရံမှသာ ဖြစ်ပါတယ်။

Photos & Source: Prevention

စဉ်းတီတုံးနဲ့ပတ်သက်ပြီး ဒီအမှားတွေကို လုပ်မိနေတယ်»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ