Food & Recipe: နှစ်သစ်ကိုကြိုဆိုဖို့အတွက် ပြည်တွင်းက အကောင်းဆုံးနေရာ (၃) ခု

လူငယ်တွေဆိုရင်တော့ အိမ်မှာပဲ နှစ်သစ်ကိုကြိုရတာ ပျင်းရိကြမှာပါ။

play
Photo - Daily Mail

 

မကြာခင်မှာပဲ ၂၀၁၇ ခုနှစ်ကို ကူးပြောင်းပါတော့မယ်။ နှစ်ဟောင်းက စိတ်ညစ်စရာတွေ၊ ပင်ပန်းရတာတွေနဲ့ အဟောင်းတွေအားလုံးကို စွန့်လွှတ်ပြီး ချိုမြိန်သာယာတဲ့ နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် စောင့်ဆိုင်းကြိုဆိုကြသူတွေလည်း များပြားမှာပါ။ နှစ်သစ်ကို ကြိုဆိုဖို့အတွက် အကောင်းဆုံးအကြံဉာဏ်လေးတွေ ပြောပြပါ့မယ်။

play
Photo - Myanmar Countdown 2014 Facebook

 

(၁) ရန်ကုန်မြို့ မိုင်ဒါကွင်း (မြို့မကွင်း)

နှစ်တိုင်းလိုလို စည်စည်ကားကားရှိလှတဲ့ နေရာပါ။ အဆိုတော်တွေ အနုပညာရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ Myanmar Countdown ပွဲ ရှိပါတယ်။ နှစ်သစ်ကို အလန်းဆုံးကြိုဆိုမယ်ဆိုရင်တော့ မိုင်ဒါကွင်းမှာလုပ်မယ့် Myanmar Countdown ပွဲကို ရွေးသင့်ပါတယ်။

play
Photo - Getty

 

(၂) အင်းလျားကန်ဘောင်

နောက်ထပ် ရွေးချယ်စရာကတော့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့အတူ တစ်စုတစ်စည်းတည်း နှစ်သစ်ကိုကြိုလို့ရတဲ့နေရာပါ။ အင်းလျားကန်ဘောင်မှာဆိုရင်လည်း လူငယ်တွေ၊ သက်လတ်ပိုင်းတွေက ဝိုင်းဖွဲ့စုဝေးရင်း မီးရှူးမီးပန်းတွေ ပစ်ဖောက်ကာ နှစ်သစ်ကိုကြိုကြတာမို့ ဒီနေရာလည်း မဆိုးပါဘူး။

play
Photo - Myanmartravelcc

 

(၃) ပင်လယ်ကမ်းခြေ

လတ်ဆတ်တဲ့ ပင်လယ်လေ၊ လှိုင်းပုတ်သံတွေနဲ့အတူ နှစ်သစ်ကိုစောင့်မျှော်ရတာ ရင်ခုန်စရာကောင်းပါတယ်။ ငပလီ၊ ချောင်းသာ၊ ငွေဆောင်အပြင် ဒီနှစ်ထဲမှာ စည်ကားလာတဲ့ ဂေါ်ရင်ဂျီကျွန်းကို သွားလို့လည်း ရပါသေးတယ်။ သီချင်းတွေ ဝိုင်းဖွဲ့သီဆိုရင်း နှစ်သစ်ကို အားပါးတရ အသံအကျယ်ကြီးအော်လို့ နှုတ်ဆက်လိုက်ရမယ်ဆိုရင် နှစ်ဟောင်းက ညစ်နေတာတွေ လွင့်ထွက်သွားမှာပါပဲ။

ဖော်ပြပါနေရာတွေထဲက သင်သာဆိုရင် ဘယ်နေရာကိုသွားမလဲ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ