Food & Recipe: ကမ္ဘာ့အမြင့်ဆုံးတံတား စတင်ဖွင့်လှစ်

အမေရိကန်ဒေါ်လာ ၂၀၈ သန်း (ယွမ်ငွေ ၁.၀၂၃ ဘီလီယံ) ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

play

 

ကမ္ဘာလှည့်ခရီးသွားတွေကို နည်းအမျိုးမျိုးနဲ့ ဆွဲဆောင်နိုင်ဖို့ အားထုတ်နေတဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတားကို ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ဖွင့်လှစ်လိုက်ပြန်ပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ လျှိုစောက်ကြီးတစ်ခုရဲ့အထက် ၅၆၅ မီတာ အမြင့်မှာ တည်ဆောက်ထားတာပါ။ တာဝါပုံစံကြိုးတွေနဲ့ဆိုင်းထားတဲ့ တံတားဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးတံတားအဖြစ်နဲ့ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

play

 

ယူနန်ပြည်နယ် Xuanwei မြို့နဲ့ ကွီကျိုးပြည်နယ် Shuicheng မြို့တို့ကို ဆက်သွယ်ထားတဲ့ အဆိုပါ Beipanjian (ပေပန်ကျင်း)တံတားဟာ အရှည်အားဖြင့် ၁.၃၄ ကီလိုမီတာရှည်ပြီး ဆောက်လုပ်ရေးကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၀၈ သန်း (ယွမ်ငွေ ၁.၀၂၃ ဘီလီယံ) ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ လေးလမ်းသွားတံတားဖြစ်ပြီး လေးနာရီကြာ သွားရတဲ့ ပြည်နယ်နှစ်ခုက မြို့နှစ်မြို့ကို အချိန်တစ်နာရီနဲ့ အရောက်သွားနိုင်တော့မှာဖြစ်ပါတယ်။

Source : Strait Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ