Food & Recipe: ကြက်ဥအကြောင်း သိထားသင့်တဲ့အချက် (၅) ချက်

ကြက်ဥနဲ့ပတ်သက်ပြီး သင်ဘယ်လောက်များ သိထားပါသလဲ?

play

 

ပရိုတင်းဓာတ် (အသားဓာတ်) ကြွယ်ဝတဲ့ ကြက်ဥဟာ အရသာလည်းရှိသလို ခွန်အားလည်းဖြစ်စေတဲ့အရာပါ။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျန်းမာရေးအတွက်တော့ ကြက်ဥကိုစားပေးသင့်ပါတယ်။ ပရိုတင်းဓာတ်က ခွန်အားဖြစ်စေပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက်လည်း အထောက်အကူပြုပါတယ်။ ကြက်ဥနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေကို Duwun က ဖော်ပြပါ့မယ်။

၁။ ပြင်ပအရောင်

ကြက်ဥအရောင်နဲ့ပတ်သက်လို့ ပိုပြီးညိုတဲ့ကြက်ဥက ပိုအားရှိတယ်ဆိုတာ မဟုတ်ပါဘူး။ ကြက်မရဲ့ ဥအုတဲ့နေရာကြောင့်သာ အရောင်ကွဲသွားတာပါ။ အာဟာရချင်းက အတူတူပါပဲ။

၂။ လတ်ဆတ်တဲ့ကြက်ဥဆိုတာ

လတ်ဆတ်တဲ့ကြက်ဥရဲ့ အကာနဲ့အနှစ်ဟာ ကြာနေပြီဖြစ်တဲ့ကြက်ဥထက် ပိုပြီး နီးနီးကပ်ကပ်တင်းတင်းကျပ်ကျပ်ရှိပါတယ်။

play

 

၃။ ကြက်ဥလတ်၊မလတ် စမ်းသပ်နည်း

ကြက်ဥ/ဘဲဥ လတ်၊ မလတ် သိချင်ရင် ရေဇလုံထဲ ထည့်ကြည့်ပါ။ ရေထဲမြှုပ်သွားတဲ့ဥက လတ်ပါတယ်။ ရေပေါ် ပေါ်နေရင်တော့ အဲ့ဒီကြက်ဥက ကြာနေပါပြီ။

၎။ သန့်စင်တဲ့အသားဓာတ်

ကြက်ဥအကာမှာပါတဲ့ အသားဓာတ်ဟာ ကြက်ရင်အုံသားမှာပါတဲ့ အသားဓာတ်ထက် ပိုပြီးတော့ သန့်စင်ပါတယ်။

play

 

၅။ အသားဓာတ်များများပါဝင်

ကြက်ဥတစ်လုံးထဲကရတဲ့ အကာမှာရှိတဲ့ အသားဓာတ်ဟာ အနည်းဆုံး ၅ ဂရမ်မှ ၆ဂရမ်ကြား ရှိပါသတဲ့။

Source : ArchanasKitchen

ကြက်ဥလတ်အောင် ဘယ်လိုထားမလဲ၊ ကြက်ဥလတ်မလတ် ဘယ်လိုသိနိုင်လဲ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ