Food & Recipe: ကိုကာကိုလာကြက်သားဟင်း

အရသာချိုချိုလေးနဲ့ အဆာပြေလုပ်စားလို့ရတဲ့ အလွန်လွယ်ကူတဲ့ဟင်းတစ်မျိုးပါ။ အရမ်းကိုစားကောင်းတဲ့ ဟင်းတစ်ခွက်မို့ စမ်းကြည့်စေချင်ပါတယ်။

play

 

ကိုကာကိုလာနဲ့ ကြက်သားကို ရောပြီးချက်ကြည့်တဲ့ အရသာဟာ စားနေကျ ကြက်သားဟင်းတွေနဲ့ မတူပါဘူး။ ကိုလာရဲ့အရသာနဲ့ နူးအိသွားတဲ့ ကြက်သားက လျှာပေါ်မှာ စွဲမက်စရာကောင်းလွန်းပါတယ်။ ကိုကာကိုလာကြက်သားဟင်း ကိုယ်တိုင်ချက်ကြည့်ရအောင်ပါ။ ကိုကာကိုလာနဲ့တင် မဟုတ်ဘဲ တခြား Sprite၊ Orange စတဲ့ အချိုရည်နဲ့လည်း ချက်လို့ရပါတယ်။ ရိုးရှင်းလွယ်ကူပြီး စားလို့အရမ်းကောင်းတဲ့ ကိုကာကိုလာကြက်သားဟင်းချက်ပုံချက်နည်းလေးကို အောက်မှာ ဖော်ပြထားပါတယ်။

play

 

ပါဝင်ပစ္စည်းများ

ကြက်ပေါင်/ ကြက်တောင်ပံ - ၅ ခု

ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း

ငရုပ်ကောင်း - လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ

ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပဲငံပြာရည်အနောက် - စားပွဲဇွန်း ၂ ဇွန်း

ကိုကာကိုလာ ၂၅၀ မီလီ - တစ်ပုလင်း

ကြက်သွန်နီ - အကြီး ၁လုံး  (ပါးပါးလှီးထားပေးပါ။)

ကြက်သွန်ဖြူ  - ၃ မွှာ  (ဓါးပြားရိုက်ထားပါ။)

ဂျင်း - လက်တစ်ဆစ်စာ (ပါးပါးလှီးထားပေးပါ။)

ငရုပ်ပွ - ၂ ခု

play

 

ချက်ပြုတ်နည်း

အရင်ဦးဆုံး ကြက်သားကို ဆား၊ ငရုပ်ကောင်းမှုန့်၊ ကြက်သားမှုန့်၊ နှမ်းဆီ၊ ပဲငံပြာရည်အနောက် တို့နဲ့ သမအောင် ရောနယ်ထားပါ။ အသားထဲကို အရသာမှုန့်ဝင်သွားအောင် နာရီဝက်လောက် နှပ်ထားပေးပါ။ ဒယ်အိုးပူလာရင် ဆီ ထည့်ပြီး ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ဂျင်း လှီးထားတာတွေကို ထည့်ပြီး ဆီသတ်ပေးပါ။ ကြက်သွန်နီ နည်းနည်းနွမ်းသွားပြီဆိုရင်  နယ်ထားတဲ့ကြက်သားတွေကိုထည့်ပြီး ခဏလုံးပေးပါ။ ပြီးရင် ရေနည်းနည်းထည့်ပြီး ကိုကာကိုလာတွေကိုပါ ရောထည့်ပြီး တည်ပေးပါ။ ဒယ်အိုးပွက်လာပြီဆိုရင် မီးလျော့ပြီး နာရီဝက်လောက် အဖုံးအုပ်ပြီး တည်ထားရပါမယ်။ ကြက်သားနူးလောက်ပြီဆိုရင် ချခါနီး ၅မိနစ်လောက်မှာ ငရုပ်ပွကို ပါးပါးလှီးပြီး ထည့်လိုက်ပါ။ ကိုလာအနှစ်တွေတော်တော်ပျစ်လာပြီဆိုရင် စားလို့ရပါပြီ။

Source : Cooking With Maylynn

Coca-Cola Chicken Wings Recipe
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ