play

 

အမေရိကန်ပြည်ထောင်စုရှိ News and World Report ၊ Y&R’s BAV Consulting နဲ့ ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ် Wharton School မှ ကျွမ်းကျင်သူတွေဟာ ကမ္ဘာပေါ်က နေထိုင်ချင်စရာအကောင်းဆုံး နိုင်ငံတွေကို လေ့လာထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ရာမှာ လူတွေရဲ့နေထိုင်မှုအရည်အသွေး၊ စွမ်းအင်ရရှိမှု၊ ကျန်းမာရေးတို့လို အဓိကအချက်တွေကို လေ့လာကြည့်ပြီး အချက်အလက်နဲ့တကွ သတ်မှတ်ပေးခဲ့ကြတာဖြစ်ပါတယ်။

play

 

၁။ ဆွစ်ဇာလန်

ဥရောပနိုင်ငံတွေထဲမှာတော့ ဆွစ်ဇာလန်က အခွန်ကောက်ခံမှုနှုန်းဟာ အတော်မြင့်ပေမဲ့ နေထိုင်ဖို့အတွက်တော့ ထိပ်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ နေထိုင်မှုမှာ လုံခြုံစိတ်ချရပြီး အံ့သြဖွယ်ရာ သဘာဝအလှတွေလည်း ရှိနေတဲ့နိုင်ငံ ဖြစ်ပါတယ်။

play

 

၂။ ကနေဒါ

အဆိုတော် ဂျက်စတင်ဘီဘာရဲ့ မွေးရပ်နိုင်ငံပေါ့။ ကနေဒါရဲ့ရာသီဥတုက အေးမြတာမို့ အပူဒဏ်မခံနိုင်သူတွေကတော့ အတော်ကြိုက်မှာပါ။ ကနေဒါနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ကမ္ဘာ့အကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။ လူတွေရဲ့ဘဝအရည်အသွေးကလည်း ကောင်းမွန်ကြပါတယ်။

 

၃။ ယူကေ

ဥရောပသမဂ္ဂကနေ နုတ်ထွက်လိုက်သည့်တိုင်အောင် ဗြိတိန်ဟာ ပြည်တွင်းမှာနေထိုင်သူတွေအတွက် ကောင်းမွန်နေပါသေးတယ်။ အလည်သက်သက်မဟုတ်ဘဲ ခြေချနေထိုင်ဖို့အတွက် ကောင်းမွန်တဲ့ နိုင်ငံစာရင်းမှာ ဗြိတိန်က အဆင့်သုံး ဖြစ်ပါတယ်။ လန်ဒန်ကတော့ မြို့ပြဖြစ်ရုံသာမက အခြားဖွံ့ဖြိုးတိုးတက်မှုနဲ့ စိတ်ဝင်စားစရာတွေ များစွာပြည့်နှက်နေတဲ့ မြို့ပါပဲ။

play

 

၎။ ဂျာမနီ

ယမန်နှစ်က ထုတ်ပြန်တဲ့စာရင်းမှာတော့ ဂျမနီနိုင်ငံက ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် သိပ်ပြီးမလုံခြုံတော့သလို ခံစားလာရလို့ အဆင့်လေး နေရာကို ကျသွားတာပါ။ ဒါပေမဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေကတော့ ဂျာမနီမှာ ဆက်လက်ပေါ်ထွန်းလျက် ရှိနေပါတယ်။ ပြီးတော့ ဂျာမနီထုတ် ဘီယာတွေက ကမ္ဘာကျော်တယ်လေ။

play

 

၅။ ဂျပန်

ကိုယ့်နိုင်ငံနဲ့မဝေးဘဲ အရှေ့အာရှနိုင်ငံတွေမှာသာ သွားရောက်နေထိုင် လုပ်ကိုင်ချင်ရင်တော့ ဂျပန်ကို ရွေးချယ်တာ အကောင်းဆုံးဖြစ်ပါတယ်။ တီထွင်မှုတွေကို အဆက်မပြတ်ပြုလုပ်နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေလည်း ပေါများတာမို့ နေထိုင်ဖို့အတွက် ကောင်းမွန်ပါတယ်။

Source : Elite Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video