AD
AD
AD
play

 

နိုင်ငံတစ်ခုကနေ ပြည်ပနိုင်ငံတစ်ခုကို သွားလာရင်ဖြစ်စေ၊ ပြည်တွင်းမှာပဲ နေရာတစ်ခုနဲ့တစ်ခု သွားဖို့အတွက်ဖြစ်စေ လေကြောင်းခရီးက အမြန်ဆုံးနဲ့ အဆင်ပြေဆုံးပါပဲ။ အခြားသွားလာမှုတွေထက်  လေယာဉ်နဲ့သွားရတာက ပိုပြီး သက်တောင့်သက်သာရှိသလို မြန်လည်းမြန်ပါတယ်။ ယခုနှစ်အတွက် ကမ္ဘာပေါ်မှာ ပေါ်ပြူလာအဖြစ်ဆုံး လေဆိပ်ကို ညွှန်ပြရမယ်ဆို အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်က Hartsfield-Jackson Atlanta လေဆိပ်ဖြစ်ကြောင်း CNN သတင်းမှာ ဖော်ပြလာပါတယ်။

play

 

Hartsfield-Jackson Atlanta လေဆိပ်ဟာ ကမ္ဘာပေါ်က ခရီးသည်ဝင်ထွက်သွားလာမှု အများဆုံး လေဆိပ်များစာရင်းမှာ ၁၉ ကြိမ်မြောက် ရပ်တည်လာခြင်း ဖြစ်ပါတယ်။ ဒီစာရင်းကို Airports Council International အဖွဲ့အစည်းထံက အချက်အလက်တွေအရ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်း Hartsfield-Jackson Atlanta လေဆိပ်မှာ ခရီးသည်ပေါင်း ၁၀၄ သန်းကျော် ဝင်ထွက်သွားလာခဲ့ပါတယ်။

 

နံပါတ်နှစ် နေရာမှာတော့ ခရီးသည်ဝင်ထွက်မှု ၉၄ သန်းနဲ့ Beijing Capital နိုင်ငံတကာလေဆိပ်၊ နံပါတ်သုံးနေရာမှာ ခရီးသည်ဝင်ထွက်မှု ၈၃ သန်းနဲ့ ဒူဘိုင်းနိုင်ငံတကာလေဆိပ်၊နံပါတ်လေးနေရာမှာ ခရီးသည်ဝင်ထွက်မှု ၈၁ သန်းနဲ့ လော့စ်အန်ဂျလိစ်နိုင်ငံတကာလေဆိပ်၊ နံပါတ်ငါးနေရာမှာ ခရီးသည်ဝင်ထွက်မှု ၇၉ သန်းနဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့က Haneda နိုင်ငံတကာလေဆိပ်တို့ ဖြစ်ကြောင်း ACI က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Source & Photos : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD