Food & Recipe: ကမ္ဘာပေါ်က အလှဆုံးရေတံခွန် (၁၀) ခု

ရေတံခွန်တွေကိုမြင်ရတာ စိတ်ကို လန်းဆန်းသွားစေတယ်လေ...

play

ရေတံခွန်ဆိုတာ သဘာဝတရားက အလိုအလျောက် ဖန်တီးပေးထားတဲ့ အလှအပတစ်ခုပါ။ ရေတံခွန်တွေကို မြင်ရတဲ့အခါ စိတ်ထဲမှာ လန်းဆန်းသွားသလို ခံစားရစေပါတယ်။ ပေါ့ပါးလွတ်လပ်မှုရဲ့ ပြယုဂ်တစ်ခုဆိုရင်လည်း မမှားပါဘူး။ ကမ္ဘာ့အလှဆုံးရေတံခွန်တွေကို ကြည့်ကြည့်ပါဦး။

၁။ Kaieteur

တောင်အမေရိကရဲ့ အရှေ့ဘက်နဲ့တောင်ဘက်အစပ်က ဂူယန်နာဆိုတဲ့ နိုင်ငံမှာ တည်ရှိပါတယ်။ Potaro မြစ်ကနေ စီးဆင်းလာတဲ့ ရေတွေက တောတွင်းက ချောက်နက်ကြီးထဲကို စီးဆင်းသွားတာကြောင့် ရေတံခွန်ဖြစ်လာတာပါ။ အမြင့်အားဖြင့် ၇၄၁ ပေ မြင့်ပါတယ်။ 

play

၂။ Angel

ဗင်နီဇွဲလားနိုင်ငံမှာ တည်ရှိပါတယ်။ Kaieteur ရေတံခွန်နဲ့ မိုင်ပေါင်း ၂၁၅ မိုင် အကွာ Canaima National Park အတွင်းမှာ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ ရေတံခွန်ကြီးပါ။ ကမ္ဘာ့အမြင့်ဆုံးရေတံခွန်လည်း ဖြစ်ပါတယ်။ Kerep မြစ်ရေတွေဟာ ချောက်ကမ္ဘားမြင့်ကြီးပေါ်ကနေ ရေတံခွန်အဖြစ် စီးဆင်းနေတာပါ။ အမြင့်ပေပေါင်း ၃၂၁၂ ပေ ရှိပါတယ်။

play

 

၃။ Iguassu

အီဂွာဇူရေတံခွန်ဟာ အာဂျင်တီးနားနိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့ရဲ့ နယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ ရေတံခွန်ပါ။ U ပုံသဏ္ဍန်ဖြစ်ပေါ်နေပြီး ပန်းကန်လုံးပုံစံနဲ့လည်း ဆင်ပါတယ်။ အမြင့်ပေက ၂၆၉ ပေ သာ ရှိတာမို့ အရမ်းတော့ မမြင့်ပါဘူး။ ဒါပေမဲ့ အကျယ်ကတော့ အတော်ပြန့်ပါတယ်။

play

 

၎။ Tugela

တောင်အာဖရိကတိုက် KwaZulu-Matal ပြည်နယ်ထဲက Royal Natal National Park မှာ တည်ရှိပါတယ်။ အမြင့်ပေပေါင်း ၃၁၁၀ ပေ ကနေ စီးဆင်းနေတာပါ။

play

 

၅။ Victoria

ကမ္ဘာ့အကြီးဆုံးရေတံခွန်ကြီး ဖြစ်ပါတယ်။ အမြင့် ၃၅၄ ပေ ၊ အကျယ် ၅၆၀ ပေ ရှိပါတယ်။ တွန်ဂါဘာသာစကားနဲ့ Mosi-oa-Tunya လို့ ခေါ်ပြီး မိုးခြိမ်းတဲ့မီးခိုးလို့ အဓိပ္ပာယ်ရပါတယ်။ ဇင်ဘာဘွေနဲ့ ဇမ်ဘီယာနိုင်ငံကြားမှာ ဖြစ်တည်နေတာပါ။

 

၆။ Niagara

မြောက်အမေရိကရဲ့ အထင်ရှားဆုံး ရေခွန်လို့ ဆိုရမှာပါ။ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးရေတံခွန်လို့ ဆိုမယ်ဆိုလည်း မမှားပါဘူး။ အမြင့်ပေကတော့ ၁၆၇ ပေ သာ ရှိပါတယ်။ အီဂွာဇူရေတံခွန်ကို အလည်အပတ်ရောက်ခဲ့ပြီးတဲ့နောက် အမေရိကန်သမ္မတဟောင်း ရုစ်ဗဲ့ရဲ့ဇနီးက Niagara ရေတံခွန်ကို " သနားစရာကောင်းလိုက်တဲ့ နိုင်ယာဂါရာလေးရယ်" လို့ ပြောခဲ့ဖူးပါသတဲ့။ ဒါပေမဲ့လည်း ခုချိန်ထိအောင် လူပေါင်းမြောက်များစွာက လာရောက်လည်ပတ်ကာ ရေတံခွန်ရဲ့အလှကို ငေးမောကြည့်ရှုကြနေဆဲပါပဲ။

play

 

၇။ Browne

နယူးဇီလန်နိုင်ငံမှာ တည်ရှိပါတယ်။ ကျဉ်းမြောင်းပြီး နိမ့်ဆင်းသွားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ မူလစီးဆင်းရာ နေရာကနေ အနက်ပေ ၂၇၃၄ ပေ ကို နိမ့်ဆင်းသွားတဲ့ ပုံစံပါ။

play

 

၈။ Mardalsfossen

နော်ဝေးနိုင်ငံအလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ရေတံခွန်ပါ။ ဥရောပရဲ့ အမြင့်ဆုံးရေတံခွန် ၁၀ ခု စာရင်းမှာ တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။ အမြင့်က ၂၃၁၃ ပေ ရှိပါတယ်။

play

 

၉။ Dettifoss

အိုက်စ်လန်နိုင်ငံက Dettifoss ရေတံခွန်ဟာ မြင်ရသူတွေရဲ့ စိတ်ကို အေးမြလန်းဆန်းသွားဆောင် စွမ်းဆောင်နိုင်ပါတယ်။ အမြင့်က ၁၄၈ ပေ ရှိပါတယ်။ ဒါပေမဲ့ ရေစီးအားကတော့ ပြင်းပါတယ်။ တစ်စက္ကန့်ကို ရေတန်ပေါင်း ၂၁၂ တန်နှုန်းနဲ့ စီးဆင်းနေတာပါ။

play

 

၁၀။ Eas a' Chual Aluinn

စကော့တလန်မြေက လှပတဲ့ ရေတံခွန်တစ်ခုပါ။ တောင်တန်းတွေရှိရာ Sutherland အရပ်မှာ တည်ရှိပါတယ်။ အမြင့်ပေ ၆၅၈ ပေ ကနေ အောက်ကို စီးဆင်းကျနေတာပါ။

Source & Photo : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ